ဧရာဝတီ Saturday, 12 February 2011 17:44
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပရာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပင်လုံစိတ်ဓာတ်များအကြောင်း ပြောကြားသွားသည်။
IMG_0106အဆိုပါ အခမ်းအနားသို့ NLD အဖွဲ့ဝင်များ၊ သံတမန်များ၊ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ NLD အဖွဲ့ဝင် တိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီများ တက်ရောက်ပြီး NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားသည်။
ပင်လုံညီလာခံ စိတ်ဓာတ်နှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားတွင် ဒေါ်အောင်ဆန်းစုကြည်က “ရှုံးနိမ့်တယ်ဆိုတာ ရှုံးနိမ့်ခြင်းကို ကြောက်လို့ပဲ။ လုပ်ကတည်းက စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ မလုပ်လို့။ အရင် ၆၄ နှစ်တုန်းက ကျမတို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက အသစ်အဆန်းဖြစ်တဲ့ ပြည်ထောင်စုဆိုတဲ့ ကိစ္စကို အားလုံးလက်တွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု ပြောကြားသွားသည်။
ပြည်ထောင်စုနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သော ကြေညာစာတမ်းတစ်စောင်ကို ဖတ်ကြားပြီးနောက် တိုင်းရင်းသားများ၏ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံကာ အခမ်းအနားကို ရပ်နားခဲ့ကြောင်း သိရသည်။
IMG_0043ယနေ့ထုတ် စစ်အစိုးရအာဘော် ကြေးမုံသတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကို ပုတ်ခတ်ရေးသားသည့် ဝါဒဖြန့် ဆောင်းပါးတပုဒ် ဖော်ပြထားသည်ကို တွေ့ရသည်။
မတူတော့သည့် အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယပင်လုံညီလာခံကို ကျင်းပရန် ကြွေးကြော်နေကြောင်း၊ အောင်မြင်မည်ဟု မယုံကြည်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ ဘာလုပ်လုပ် အကောင်းမမြင်ကြောင်း စွပ်စွဲ ရေးသားထားသည်။
ယနေ့ ထုတ်ပြန်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် မြန်မာ့ဒီမိုကရေစီစနစ်သည် အလွန်နုသေးကြောင်း၊ တိုင်းရင်းသားအားလုံးက ဝိုင်းဝန်း ကာကွယ်ခြင်းနှင့် တည်ဆောက်ခြင်းကို ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် အနှောင့်အယှက်များကို ရင်ဆိုင်ကျော်လွှားမည်ဟု ဖော်ပြထားသည်။Rest of your post
Sunday, February 13, 2011
ဒေါ်အောင်ဆန်းစုကြည် အမျိုးသားရင်ကြားစေ့ရေး ပြော၊ စစ်အစိုးရ သတင်းစာက ပုတ်ခတ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment