“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, February 11, 2011

ဒုဗိုလ်ချုပ်ကြီးမြင့်အောင် နေအိမ် အကျယ်ချုပ်ကျ

သောမတ်စ်မောင်ရွှေ | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၃၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကာကွယ်ရေးဝန်ကြီးရာထူး ခန့်အပ်မည့် စာရင်း၌ ပါရှိသော ဒုဗိုလ်ချုပ်ကြီး မြင့်အောင်သည် ထိုရာထူး ငြင်းပယ်ခဲ့သဖြင့် သူ့ကို နေပြည်တော်၌ ကြာသပတေးနေ့တွင် နေအိမ်အကျယ်ချုပ် ချထားလိုက်သည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရာထူးနေရာကို ဆက်ခံမည့်သူဟု သတင်းပြေးနေသူ ဒုဗိုလ်မှူးကြီး မြင့်အောင်ကို ကာကွယ်ရေးဝန်ကြီး ရာထူး ငြင်းပယ်ခဲ့သည့်အတွက် ကြာသပတေးနေ့က နေအိမ် အကျယ်ချုပ် ချထားလိုက်သည်ဟု သိရသည်။ (ဓာတ်ပုံ မြန်မာ့ရုပ်သံ)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရာထူးနေရာကို ဆက်ခံမည့်သူဟု သတင်းပြေးနေသူ ဒုဗိုလ်မှူးကြီး မြင့်အောင်ကို ကာကွယ်ရေးဝန်ကြီး ရာထူး ငြင်းပယ်ခဲ့သည့်အတွက် ကြာသပတေးနေ့က နေအိမ် အကျယ်ချုပ် ချထားလိုက်သည်ဟု သိရသည်။ (ဓာတ်ပုံ မြန်မာ့ရုပ်သံ)
စစ်ရေးချုပ်ရာထူး တာဝန် ထမ်းဆောင်ခဲ့သူ ဒုဗိုလ်ချုပ်ကြီး မြင့်အောင်သည် သူ့ကို ရာထူးချခံရသည်ဟု ယူဆကာ ကာကွယ်ရေးဝန်ကြီး ရာထူးကို ငြင်းပယ်ခဲ့ကြောင်း အတည်မပြုနိုင်သေးသော သတင်းများက ဆိုသည်။

ဤသို့ရာထူး မငြင်းပယ်ခင်က အဆိုပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သစ္စာတော်ခံသည် တိုင်းပြည်၏ တပ်မတော် အကြီးအကဲ ဖြစ်လာမည့်သူ၊ အထီးကျန် မြန်မာ့အာဏာရှင်ကြီးကို ဆက်ခံမည့်သူအဖြစ် အများအပြားက ယူဆထားခဲ့ကြသည်။

၅၅ နှစ်အရွယ် ဒုဗိုလ်ချုပ်ကြီးမြင့်အောင်၏ အနာဂတ် မည်သို့ ဖြစ်ပျက်လာမည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း သူ၏ စစ်မှုထမ်းဘဝမှာမူ နိဂုံးချုပ်သွားပုံရသည်။

ယခုအခါ ကာကွယ်ရေး ဝန်ကြီးရာထူးကို ဒုဗိုလ်ချုပ်ကြီး ကိုကိုသို့ ပေးလိမ့်မည်ဟု သတင်းရပ်ကွက်များက ပြောသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ပေးအပ်လိမ့်မည်ဟု မျှော်လင့်ရပြီး ဗိုလ်ချုပ်စိုးဝင်းမှာ ဒုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ယူလိမ့်မည်ဟု ဆိုသည်။

ဗိုလ်ချုပ်စိုးဝင်းသည် မကြာသေးခင်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး၊ ဒုဗိုလ်ချုပ်ကြီး မြင့်အောင်ထက် ဝါနုသူ ဖြစ်သည်။

သို့သော် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်စိုးဝင်းသည် တပ်မတော်တွင် ဒုတိယ အကြီးဆုံးရာထူး ပိုင်ဆိုင်သည့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဂိုဏ်းဝင်များဟု ယူဆရပြီး သူ့ကြောင့်ပင် ယခုကဲ့သို့ ရာထူးကြီးများ ရရှိခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးမြင့်အောင် ရာထူးကို ငြင်းပယ်လိုက်ခြင်းသည် အစိုးရအုပ်ချုပ်ရေးစနစ်ကို ပါလီမန်မျက်နှာဖုံး စွပ်ပေးသည့် ဗိုလ်ချုပ်မှူးကြီး၏ စီမံကိန်းတွင် နောက်ဆုံး ဖြစ်ပေါ်လာသော ထိပ်တိုက်ဝင်ဆောင့်မှု ဖြစ်သည်။

ဒုသမ္မတ ရာထူးနေရာများ လျာထားသတ်မှတ်ရေးအတွက် မကြာသေးခင်က တံခါးပိတ် ကျင်းပခဲ့သော လွှတ်တော်အမတ်များ၏ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးကို အမည်စာရင်း တင်သွင်းခဲ့ရာ အများစုက ငြင်းပယ် ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။ သူ့ကို သဘောထားတင်းမာသူဟု ယူဆကြ၍ ထိုသို့ ငြင်းပယ်ခဲ့ကြသည်ဟု အဆိုပါ နေပြည်တော်ရှိ အတွင်းသတင်း ရပ်ကွက်များက ပြောသည်။

ထိုသို့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးကို အစပိုင်းက ငြင်းပယ်နေခဲ့သဖြင့် ပါလီမန်သို့ ဗိုလ်ချုပ်မှူးကြီးသည် အစီအစဉ် မရှိဘဲ ရုတ်တရက် ရောက်လာပြီး သူရွေးချယ်ထားသူကိုသာ မဲပေးရွေးချယ်ရန် ဥပဒေပြု အမတ်များကို ညွှန်ကြား အမိန့်ပေးသွားခဲ့သည်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကမူ ဗိုလ်ချုပ်မှူးကြီး၏ အစီအမံများကို အပြင်းအထန် ကန့်ကွက်ခဲ့ပြီး အစည်းအဝေးခန်းထဲမှ ဒေါကြီးမောကြီး ထွက်ခွါသွားခဲ့သည်ဟု ဆိုသည်။ ဤသတင်းအားလုံးကို ကြာသပတေးနေ့ ညနေခင်းအထိ သီးခြား အတည်ပြုချက်များ မရရှိသေးပါ။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */