“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, November 14, 2010

ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကောက်နုတ်ချက်များ

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု၏ မျှော်လင့်ချက်နှင့် ပတ်သက်၍ ပြည်သူလူထုက မျှော်လင့်ချက်နှင့် အားပေးနေသည်ကို သိကြောင်း၊ ပြည်သူလူထု စိတ်ထဲတွင်ရှိသည့် ဆန္ဒကို ထုတ်ဖော်ပြောစေလိုကြောင်း၊ တာဝန်ကို မကြောက်၊ တာဝန်မကျေမှာကိုသာ ကြောက်ကြောင်း၊ သူတဦးတယောက်တည်း မဟုတ်ဘဲ ပြည်သူလူထုနှင့် လက်တွဲ၍ လုပ်ဆောင်ဖြစ်ကြောင်း ပြောသည်။
နိုင်ငံရေးဆိုသည်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသည့်နေရာတွင် လာထောက်ခံမှသာ နိုင်ငံရေးမဟုတ်ကြောင်း၊ အိမ်မှ ထမင်းချက်ပေးခြင်းသည်လည်း နိုင်ငံရေး၊ သားသမီး ကျောင်းပို့ခြင်းသည်လည်း နိုင်ငံရေး ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် မပါချင်ဟု ပြောသူများသည် နိုင်ငံရေးကို နားမလည်၍သာ ဖြစ်ကြောင်း ပြောသည်။

အစိုးရနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က လူနည်းစုဖြစ်သော အုပ်ချုပ်သူများကို ပြည်သူက ထိန်းသိမ်းနိုင်ရမည်ဟု ပြောသွားသည်။ သူအကျယ်ချုပ်ကျနေစဉ် လုံခြုံရေး ဝန်ထမ်းများက ကောင်းမွန်စွာ ဆက်ဆံသလို ပြည်သူကို ကောင်းမွန်စွာ ဆက်ဆံစေလိုကြောင်း၊ သို့သော် သူ့ကဲ့သို့ ပြည်သူကို အကျယ်ချုပ် မကျစေလိုကြောင်း ပြောသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အလုပ်တွဲလုပ်၍ မရဟု မရှိစေရကြောင်း ပြောသည်။ ဒီမိုကရေစီ အစုအဖွဲ့များ အားလုံးနှင့်လည်း လက်တွဲဆောင်ရွက်မည်ဟု ပြောဆိုသွားသည်။ http://www.baymyanmar.com/2010/11/blog-post_14.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */