
အမေက ပန်းတွေ နဲ့ဝေ လှနေတယ်။ လူအုပ်ကြီးကလည်း တခဲနက်ထောက်ခံနေတယ်။
ထူုးခြားတာက သူတို့  တတွေ ညိမ်သက်နေခြင်းပါဘဲ။ ဒ့ါ မသင်္ကာစရာတရပ်ပါ။ နေပြည်တော်က ဘာမှ သတင်း မကြားဘဲ တိတ်ဆိတ်နေတာ တခုခုပါဘဲ။ မဲနိုင်လို့  ညိမ်သက်နေတာ မဖြစ်နိုင်ပါ။
ဒီလောက်ဥာဏ်နီဥာဏ်နက်..ကမ္ဘာသိအောင် မြန်မာ့ အရှက်ခွဲ ဆိုးသွမ်းသူတွေ မဲမရရအောင်ခိုး..အာဏာ လိုချင်သူတွေ..သာသနာဖျက်..လူသတ်သမားတွေဘက်က ဥပုဉ်စောင့်မယ် ဆိုတာ..ဘယ်လိုမှ မယုံကြည် စရာပါ။ ဒီလူတွေ ကို ခွေးဆိုးတွေ လို မွေးထားတဲ့သူတွေ ရှိပါတယ်။ ဒီလူတွေ က နောက်ဆုံးပိတ်..ထွက်ပေါက် က..ဘာပါလည်း..။
အကောက်ကြံဖို့  နောက်ဆုံး ကောက်ကျစ်မှုက တခုဘဲရှိပါတယ်။..
ပြည်သူချစ်တဲ့ ခေါင်းဆောင်တွေကို ပြည်သူတွေဆီကဖယ်ရှားနည်းဟာ တနည်းဘဲရှိပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း။ မဟတ္တမ ဂန်ဒီ။ အိန္ဒရာ ဂန်ဒီ။ ရာဂျစ်ဂန်ဒီ။ အကြီနိူ။ ဘန္နီဇာ ဘူတို။ လင်ကွန်း ။ ဂျွန် အက်ဖ် ကနေဒီ။ မာတင်လူသာ ကင်း ဂျူနီယာ။ ကျုးဘားက Antonio Guiteras , နဲ့ အခြား ကမ္ဘာ့ တလွှားက နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ လုပ်ကြံခံရမှူတွေကို သတိမမေ့စေချင်ပါ။
ရန်သူကို မျက်ချေမပြတ်စေချင်ပါ။ ချစ်သူ တစ်သိန်းရှိညားလည်း..မုန်းသူ တစ်ယောက်ရှိရင် အလစ်မှာ အငိုက်ဖမ်း လုပ်ကြံခံရတာကို မမေ့စေချင်ပါ။
အမေ့ ကို အချိန်မရွေး လုပ်ကြံမဲ့ အစီ အစဉ်တွေ လူမသမာတွေ လက်ထဲမှာရှိနိုင်တယ်။
အဖြစ်နိုင်ဆုံးက အဝေးက ပစ်မဲ့ စနိုက်ပါ။ ဗုံးခွဲလုပ်ကြံခြင်း။ အဆိပ်ခတ်ခြင်း။ မတော်တဆ ထိခိုက် ဒဏ်ရာရခြင်း တို့  လုပ်နိုင်ပါတယ်။
ပြည်သူု လူထု၏စေတနာကို တော့လေးစားပါတယ်။ သို့ သော် ပန်းစည်းများကို သတိထားစေချင်ပါတယ်။ ပန်းစီးနဲ့  ဗုံးခွဲ လုပ်ကြံနိုင်တဲ့အတွက်..ပြည်သူများ တတ်အားသရွေ့  ပန်းစီးပေးခြင်းကို ရှောင်ရှားပေးပါ။
ဒီတခါ အရင်ကလို လူအူပ်နဲ့ ရိုက်နှက်တာထက်စာ..တယောက်ချင်း လုပ်ကြံနိုင်မယ်လို့  ယူဆရပါတယ်။ စီးသောကားကို သတိချပ်ပါ။ အမေရဲ့ သက်တော်စောင့် အစောင့် အကျပ်များမှလည်း..လူထုထဲကို အမေနဲ့ သိပ် မနီးကပ် စေချင်ပါဖူး။ သင်္ကြန်တုန်းကလို ပစ်ဗုံးလာနိုင်လို့ ပါ.။ အမေကို ပြည်သူလူထု ချစ်မြတ်နိုးတာ အားလုံး အသိပါ။ အမေလည်းသိပါတယ်။ ဒါပေမဲ့ လုံခြုံရေးက ပထမအရေးကြီးသော အရာမို့  အမေ့ ချစ်သူများ က လည်း..သတိထား သတင်းပေးစေလိုပါတယ်။
အယောင်ဆောင်များပို့  မဲ့ လက်ဆောင် ပန်းခြင်း။ စာအိပ်ဗုံး..ပါဆယ်ဗုံး ကားဗုံးတွေ ကို သတိထားပါ။ ယာဉ်တန်း ထွက်ရာမှာလည်း ကားတန်းထဲမှာ ဘယ်ကားထဲက လိုက်မှန်းမသိအောင်..လှို့ ဝှက်စေချင်ပါတယ်။ သိသာ ပေါ်လွင်ထင်ရှားတဲ့ ကားမှာ..မစီးနင်းသင့်ပါ။ ကားတစ်စီးကို အသွားအပြန် နှစ်ကြိမ်မစီးစေချင်ပါ။
ညပိုင်းတွေမှာ အမေ ရဲ့ အိမ်ဝင်းကို လုံခြုံရေး အထူးသဖြင့် ယက်တော တက်လာတဲ့ ရေစပ်ကို သတိထား စေချင်ပါတယ်။
ဒိပွဲက အသက်လုပွဲဖြစ်တဲ့အတွက် တချက်မှားရင် နောင်တရစရာ ယူကြုံးမရစရာတွေ ဖြစ်နိုင်တာမို့  သတိ ဆိုတာ ပိုသည်မရှိပါ။ ပြည်သူလူထုကလည်း..အမေ့လုံခြုံရေးအတွက် ဆောင်ရွက်ရတာတွေ ကို အထူးနားလည် ပေးစေချင်ပါတယ်။
ကျည်ကာအကျီ်ကို အမေ နှစ်သက်မည်မထင်ပါ။ သို့ သော် သုံးသင့်လျှင် သုံးရပါလိမ့်မည်။ အမေ့အပေါ် ပြည်သူ များ လိုအပ်နေချိန်တွင်..အမေ့အသက်သည် အမေမပိုင်။ ပြည်သူက အမေ့အသက်ကို ပိုင်ပါသည်။
အမေ အသက်ရှင် လွတ်မြောက်ရေး ဘေးကင်းရှင်းစွာ တိုင်းပြည်တာဝန်ထမ်းဆောင်ရေးသည် ပို၍ အရေးကြီး တာမို့  အားလုံး ၀ိုင်းကူညီပံ့ပိုးကြပါ။
အထူးသဖြင့် လုပ်ကြံရန် စေခိုင်းခံရသူကိုလည်း တစ်ခု သတိပေးလိုပါသည်။
နိုင်ငံ အခက်အခဲအရပ်ရပ်သည် အမေ့ ကို လုပ်ကြံ၍ ပြီးမြောက် အောင်မြင်မည်မဟုတ်။ နိုင်ငံကောင်းစားရေး တရားမျှတရေး တိုးတက် ရေး ကြီးပွါးရေး အရပ်ရပ်သည် မည်မျှ ကျွန်ုပ်တို့  အားလုံး ပါဝင် ညီညွတ်စွာ အလုပ် လုပ် အကောင်အထည်ဖော်မှသာ အောင်မြင်ရ မှာဖြစ်သည်။
သင့်အားငွေပေးလုပ်ကြံခိုင်းသော်လည်း။ သင့်ကို လုပ်ကြံခိုင်းသူက အရှင်ထားလိမ့်မည်မဟုတ်။ နှုတ်ပိတ် သတ်ဖြတ်မည်မှာမုချ စင်စစ် ဖြစ်သည်။ သင်သည် မည်မျှ တကောင်ကြွက်ပင်ဖြစ်စေ သင်၏ အသက်သည် သင့်အတွက် တန်ဖိုးမဖြတ်နိုင်သော ဆုလာဘ်စင်စစ်ဖြစ် သည်။ မည်သူမှ နာကြင်မှ သေကြေမှုကို မလိုလား ကြပါ။
သင့်လုပ်ကြံမှ အောင်မြင်မှူရှိမရှိ..သင့်အား နောက်ကွယ်မှ ကြည့်သော ရှဲဒိုးများရှိနေသည်။
ပင်မ လုပ်ကြံသူ၏ လုပ်ကြံမှုအောင်မြင်ပါက သူ အား လုပ်ကြံမည်သူ အဖြစ် ဒုတိယ လုပ်ကြံသူက သတ်လိမ့် မည်။ ဒုတိယ လုပ်ကြံသူ အား တတိယ လုပ်ကြံသူ က သတ်လိမ့်မည်။ ဤသို့ ဖြင့် ဘယ်သူက လုပ်ကြံသူအစစ် မသိ အောင်ခြေရာဖျောက်နည်း ( ဂျင်ဂျစ်ခန်၏ ဂူ သချိုင်း အစဖျောက်နည်း) ကိုသုံးနိုင်ချေရှိပါသည်။
လုပ်ကြံမည့်သူ အားလည်း အထူးအသိပေးလိုသည်မှာ သင့်လုပ်ရပ် အောင်မြင်သည်ဖြစ်စေ မအောင် မြင်သည်ဖြစ်စေ သင်လည်း အသက်ဘေးမှ လွတ်မည်မဟုတ်ကြောင်း သတိချပ်စေလိုပါ သည်။
အမေကို ၀ိုင်းဝန်း ကာကွယ်ပေးပါ။ ပန်းစည်း ပန်းကုံး၊ ကား။ လက်ဆောင်၊ ပါဆယ်.စာအိပ် တို့ ကိုအထုး သတိ ပြုပါ။ ညဖက် အိမ်တွင်လည်း နေ့ စဉ် အခန်းပြောင်း အိပ်စေလိုပါသည်။
အမေစု ဘေးကင်းကျန်းမာ စိတ်ချမ်းသာစွာဖြင့်အမေဘ၀နှင့်ထပ်တူ ချစ်မြတ်နိုးသော ပြည်သူများအ တွက် မြန်မာနိုင်ငံအတွက် တာဝန်များကို ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းပို့ သလိုက်ပါ သည်။
ကျနော် စိတ်ပူတတ်သည် ဖြစ်ကောင်း ဖြစ်မည်။ စိုးရိမ်တတ်ရန်ကော အပြစ်ဆိုလည်းခံဝံ့ပါသည်။
သို့ သော် သတိသည် ပိုသည်မရှိ။ လူညစ်လူကောက် လူဆိုးသွမ်းရန်သူုများနဲ့ စစ်ဖြစ်နေချိန် သူတို့ လို စဉ်း စားရမည်။ သို့ မှ သူတို့  ဘာကွက်ရွှေ့ မည်နားလည်ခန့် မှန်းနိုင်မည်ဖြစ်၏။
အမေ စစ် ဖြစ်နေချိန်တွင် ရန်သူပေးသောသစ္စာ မယုံကြည်သင့်ပါ။

0 comments:
Post a Comment