“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, November 08, 2010

နောက်ဆုံးသတင်းများ စုစည်းတင်ပြချက်

ယနေ့ နံနက် ၈း၅၀ မှစတင်ပြီး မြ၀တီတွင် တပ်စွဲထားသော DKBA နှင့် နအဖ တပ်ကြားပစ်ခတ်မှု့များစတင် ဖြစ်ပွါးခဲ့ပါသည်။ နေ့ခင်းတွင် မဲဆောက်ဘက်သို့ ဒဏ်ရာရ DKBA ရဲဘော် (၄) ဦးရောက်ရှိလာပြီး မြ၀တီတွင် အရပ်သား (၄) ဦး လက်နှက်ကြီး ဒဏ်ရာဖြင့် သေဆုံးခဲ့ပါသည်။ (၂) ဦးမှ ဆိုက်ကားနင်းသူနှင့် ခရီးသည်ဖြစ်ပါသည်။ ညနေပိုင်းတွင် သေဆုံးသူအရပ်သား စုစုပေါင်း (၆) ဦးရှိခဲ့ပြီး အများအပြား ဒဏ်ရာရှိခဲ့ကြောင်း ထွက်ပြေး လာသူများက ဆိုပါသည်။ ထို့အပြင် သေဆုံးနေသော နအဖ စစ်သားနှင့် DKBA စစ်သား များ၏ရုပ်လောင်းများ ကိုလည်းတွေ့ရှိကြောင်း ဒေသခံများက ပြောပြခဲ့ပါသည်။

နအဖ ဖက်မှ စစ်ကူ ထရပ်ကား အစင်း(၅၀) ရောက်ရှိလာပြီး မြ၀တီကို အပြင်မှ ၀ိုင်းထား လိုက်ပါ သည်။ မနေ့က မြ၀တီရှိ အစိုးရရုံးကို သိမ်းထားသော DKBA တပ်များ သည် ရုံး တစ် ချို့ကို ညနေပိုင်းလောက်တွင်မီးရှို့လိုက်ပြီး မနက်ခင်းကတည်းက အချက်ချာကြ တောင်ကုန်းတစ်ချို့ကို တိုးချဲ့သိမ်းပိုက်ထားပါသည်။ မြို့ဝိုင်းထားသော နအဖ တပ်ကို DKBA များက တစ်ဖန်ပြန်ဝိုင်းထားပါသည်။ နအဖ ဖက်မှ အမြှောက်များဖြင့် မြို့တွင်းသို့ ပစ်ခတ်နေပြီး လူနေအိမ်တစ်ချို့မှ လက်နက်ကြီးဒဏ်ကြောင့် ပြိုပျက်ခဲ့ပါသည်။

နအဖ စစ်ကူတပ်တွင် ၁၂၀ မမအမြှောက်များပါဝင်ခဲ့ပြီး ၄င်းတို့ပစ်ခတ်မှု့ကြောင့်ကျည်တ ချို့ မဲဆောက်ထဲသို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကရင်လူမျိုး (၄) ဦးနှင့် ထိုင်းလူမျိုး (၃)ဦး ဒဏ်ရာရခဲ့ပါသည်။

မော်လမြိုင်အပါအ၀င် အနီးအနားဒေသတွင် နအဖ မှအပူတပြင်း စစ်သားစုဆောင်းပြီးပေါ်တာဆွဲနေသဖြင့် ဒေသခံများမှာ နအဖ ရန်ကိုစိုးရိမ်ပြီးရှောင်ပုန်းနေရပါသည်။



ယမန်နေ့ညနေတွင် နယ်ခြားစောင့်တပ် BGF သို့ဝင်ရောက်ခဲ့ရသော တပ်ဖွဲ့ဝင် ၂၀၀ ကျော် သည် ဗိုလ်မှုးချုပ် နှုတ်ခမ်းမွှေးဦးဆောင်သော DKBA အဖွဲ့ သို့ ပြန်လာပူးပေါင်းခဲ့

ပြီး ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်သော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့များလည်း တဖွဲဖွဲလာ

ရောက်ပူးပေါင်းကြောင်းသတင်းရရှိပါသည်။ KNU လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်များ

လည်း ဗိုလ်မှုးချုပ် နှုတ်ခမ်းမွှေး မှ တောင်းဆိုလာပါက ကူညီတိုက်ခိုက်ရန် အသင့်အထား

တွင်ရှိကြောင်း ဗဟိုကော်မတီအဖွဲ့ဝင် တစ်ဦးကပြောဆိုသွားပါသည်။



ဘားအံ-မြ၀တီကားလမ်း မှ ရွေးကောက်ပွဲမတိုင်ခင် နိုဝင်ဘာ (၅) ကတည်းက အာဏာပိုင်

က ပိတ်ပင်ထားသလို တက်လာသော နအဖ စစ်ကူများကို DKBA ကသင်္ကန်းညီနောင် နား

ဝေ့ရှမ်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။



ယနေ့ညနေပိုင်းထိ တိုက်ပွဲများမှာ ဖြစ်လိုက်၊ ရပ်လိုက် ဖြစ်နေပြီး ထိုင်းစံတော်ချိန် ညနေ

၎ နာရီထိ မဲဆောက်သို့ ကူးလာသော စစ်ပြေးဒုက္ခသည်များ မှာ တစ်သောင်းကျော် ရှိ

ကြောင်း ထိုင်းအာဏာပိုင်က ခန့်မှန်းထားပါသည်။ စစ်ပြေးအရပ်သားများကို ကမ်းနားမှာ

ထရပ်ကားများဖြင့် ဘောလုံးကွင်းသို့ အရင်သယ်ဆောင်ပြီး ထိုမှတဆင့် ထိုင်းစစ်တပ်ဝင်း ထဲသို့ဆက်လက်ပို့ဆောင်လျှက်ရှိပါသည်။ ကရင်အမျိုးသားအစည်းအရုံး ( KNU) အထွေ

ထွေအတွင်းရေးမှုး နော်စီပိုးရာစိန်မှ ဆက်လက်ပြောကြားသည်မှာ-

“ မနေ့ညတွင် နအဖ နှင့် DKBA ကြားဆွေးနွေးမှု ရှိခဲ့ပြီး DKBA မှတချို့ဆုတ်ပေး

ခဲ့ပါသည်။ ညဖက်တွင် နအဖ ဖက်မှ

စစ်ကူများ ထပ်ရောက်လာပြီး မနက်ပိုင်းမှစပြီး အပြန်အလှန်ပစ်ခတ်မှု့များစတင်

ခဲ့ပါသည်။ လက်ရှိမှာ မြို့တွင်းတိုက်ပွဲသာဖြစ်နေပြီး ပြင်ပသို့ ကူးစက်လာပါက

နောက်ထပ် DKBA (၅၀၀) နှင့် KNU စစ်သား (၉၀၀) ကျော် တိုက်ပွဲတွင်ပါဝင်

လာနိုင်ပါတယ်။ လက်ရှိ မြ၀တီမြို့ထဲရောက်နေသာ ဗိုလ်နှုတ်ခမ်းမွှေးတပ်မှာ

အင်အား (၃၀၀) ခန့်ရှိပါတယ်”
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */