“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, November 09, 2010

ဝ, ကချင်၊ ရှမ်း နဲ့ အခြားအဖွဲ့တွေ ငါနဲ့မဆိုင်ဘူးဆိုပြီး နပ်နေရင်တော့ ဒီပုံပြင်လေးအတိုင်းဘဲဖြစ်သွားလိမ့်မယ်။

ပုံပြင်လေးက -
တနေ့တော့ လယ်သမားကြီး တစ်ယောက်က မြို့က ပြန်အလာမှာ ကြွက်ထောက်ခြောက်တစ်ခု ဝယ်လာခဲ့တယ်။ ဒါကို အိမ်မှာနေတဲ့ ကြွက်ကလေးက အရန်းကို တှုန်လုပ်သွားပြီး သူငယ်ချင်းတွေကို ပြောပြဖို့ ထွက်လာခဲ့တယ်။ ပထမဆုံး မြွေနဲ့ တွေ့တော့ မြွေကို စိုးရိမ်စွာနဲ့ လယ်သမားကြီး ကြွက်ထောင်ခြောက် ဝယ်လာတာကိုပြောပြတယ်။ ဒါပေမဲ့ မြွေကို ကြွက်ထောင်ခြောက်ဝယ်တာ ငါနဲ့ဘာဆိုင်လို့လဲ ဆိုပြီး ပြောဆိုထွက်သွားတယ်။ါနဲ့ ကြွက်ကလေးက လမ်းဆက်လျှောက်ရင်နဲ့ အရှေ့မှာ ဝက်ကိုတွေ့တယ်။ ဝက်ကို လဲ တှုန်လှုပ်စွာနဲ့ ကြွက်ထောင်ခြောက်အကြောင်းပြောတယ်။ ဝက်ကလည်း ငါလည်းမကူညီနိုင်ဘူး ပြောပြီး ထွက်သွားသတဲ့ ကြွက်ကလေးကလည်း စိတ်ညစ်ပြီး လမ်းဆက်ရှောက်ရင် နွားနဲ့ ထပ်တွေ့ပြန်တယ်။ ဒီတော့ ကြွက်ထောင်ခြောက်အကြောင်းပြောပြတယ်။ နွားကလဲ ငါနဲ့ အနေသာကြီးလို့ ပြန်ပြောခဲ့ပြန်တယ်။ ကြွက်ကလေးလဲ ကူညီသူမရှိ စိတ်ညစ်ပြီး အိမ်ပြန်လာခဲ့ရတာပေါ့။ ညရောက်တော့ ကြွက်ထောင်ခြောက် မှာ ကြွက်မိတဲ့ အသံကြားလို့ ကြွက်ကလေး ပြေးကြည့်တော့ မြွေရဲ့ အမှီး ကြွက်ထောက်ခြောက် နဲ့ ညှပ်နေတာကိုတွေ့လိုက်ရတယ်။ ဒီလိုဘဲ ကြွက်မိပြီးဆိုပြီး မီးခွက်လေးနဲ့လာကြည့်တဲ့ လယ်သမားကြီး ဇနီးကို အမှီးညှပ်လို့ စိတ်ဆိုးနေတဲ့ မြွေက ကိုက်လိုက်ပါလေရော ဒီတော့ လယ်သမားကြီး ဇနီးဆေးရုံတင်လိုက်ရတယ်။ ဆေးရုံမှာ ဆေးကုရင်း ပိုက်ဆံမလောက်တော့ အိမ်မှာ ရှိတဲ့ ဝက် ကို ဝက်ပေါ်မဲ့သူတွေ ဆီမှာ သွားရောင်းလိုက်ရတာပေါ့။ ဒါပေမဲ့ လယ်သမားကြီးဇနီးက သက်သာမှု့မရှိလာဘဲ နောက်ဆုံးတော့ သေသွားရှာတယ်။ ဒါနဲ့ ရက်လည် လုပ်တော့ ဟိုဖက်ရွာ ဒီဖက်ရွာ လူတွေရောက်လာတဲ့သူတွေအတွက် နွားကို သတ်ပြီး ချက်ကြွေးလိုက်ရတာပေါ့။
ဒီလိုဘဲ ငါနဲ့ ဘာဆိုင်လို့လဲ မဆိုင်ဘူးဆိုပြီး နေနေရင်တော့ မြွေ၊ ဝက်၊ နွားတွေ ဖြစ်သလိုဖြစ်သွားလိမ့်မယ်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */