၁။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၅ နှစ်ကျော်ကြာအော င်ရေးဆွဲခဲ့ရသည် ။
သို့သော်လဲ ၁၅ နှစ်ကြာအောင် ရေးဆွဲခဲ့ရသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လိမ်လည်ကောက်ကျစ်မှုများနှင့်သာ ပြည့်နေသည်။
၂။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လိမ်လည်ကောက်ကျစ်မှုများနှင့်သာ ပြည့်နေသည်။
သို့သော်လဲ ပြည်သူပြည်သား ၉၂ ရာခိုင်နှုန်း ကျော်ကထောက်ခံသည်ဟုဆို သည်။
၃။ ပြည်သူပြည်သား ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံသည်။ သို့သော်လဲလက်ရှိစစ်အစိုးရ ကို ကြိုက်နှစ်သက်သူ တစ်ယောက်မှမရှိ။
၎။ လက်ရှိစစ်အစိုးရ ကို ကြိုက်နှစ်သက်သူ တစ်ယောက်မှမရှိ။ သို့သော်လဲကြံ့ဖွံပါတီဝင် ၁၆ သန်းကျော်ရှိသည် ဟုဆိုသည်။
၅။ ကြံ့ဖွံပါတီဝင် ၁၆ သန်းကျော်ရှိသည် ။ သို့သော်လဲ ရွေးကောက်ပွဲတွင်ကြံ့ဖွံပါတီကို မဲပေးသူမရှိ။
၆။ ရွေးကောက်ပွဲတွင် ကြံ့ဖွံပါတီကို မဲပေးသူမရှိ။ သို့သော်လဲရွေးကောက်ပွဲတွင် ကြံ့ဖွံပါတီမှ အပြတ်အသတ် အနိုင်ရသည်။
၇။ ရွေးကောက်ပွဲတွင် ကြံ့ဖွံပါတီမှ အပြတ်အသတ် အနိုင်ရသည်။ သို့သော်လဲ ကြံ့ဖွံပါတီ ရွေးကောက်ပွဲနို င်တာကို တစ်ကမ္ဘာလုံး အသိအမှတ်မပြု။
ဘာကြောင့် ထူးဆန်းပါသနည်း။ စဉ်းစားကြည့်ပါကုန်
Monday, November 15, 2010
၂ဝ၁ဝ ရွေးကောက်ပွဲ၏ အံ့ဘွယ် (၇) ပါး............ Joke)))))))))))))))))))
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment