အောင်မြင်၊ ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစီအရင်ခံစာတစောင်မှာ မြောက်ကိုရီးယားဟာ
နျူကလီးယားနည်းပညာနဲ့ စွမ်းအားပြင်းဒုံးကျည်တွေကိုအာဏရှင်နိုင်ငံတွေဆီကို ရောင်းချနေကြောင်း
စွပ်စွဲ လိုက်ကြောင်း စီအင်အင်သတင်းဌာနမှဖေါ်ပြထားပါတယ်။
အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့စုံစမ်းရေးအဖွဲ့ ဟာ ၇၅မျက်နှာပါတဲ့ အစီရင်ခံစာတစောင်ကို တင်ခဲ့ပါတယ်။ အဆိုပါအစီရင်ခံစာမှာ
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနည်းပညာနဲ့ စွမ်းအားပြင်းဒုံးကျည်တွေကို အန္တရာယ်အရှိဆုံးလို့ သတ်မှတ်ခံထား
ရတဲ့ အီရန်၊ဆီရီးယားနဲ့ မြန်မာနိုင်ငံတို့ကိုတင်ပို့ရောင်းချခဲ့ကြောင်း ကိုအလေးပေးဖေါ်ပြပြီး အရေးယူဆောင်ရွက်ရန်
တင်ပြထားပါတယ်။
ဒီအစီရင်ခံစာကို ဒီအပါတ်ထဲမှာထုတ်ပြန်နိုင်ခဲ့ရတာဟာ တရုပ်အစိုးရဲ့ ပူးပေါင်းသတင်းပေးဆောင်ရွက်မှု ၆ လလောက်
နောက်ကျခဲမှု့ကြောင့် လို့တင်ပြထားပါတယ်။ တရုပ်နိုင်ငံ ဟာ မြောက်ကိုရီးယားနဲ့ချစ်ခင်ရင်းနှီးလှပြီး သံတမန်ရေးနီးနီးကပ်ရှိလွန်းလှတာကြောင့်မြောက်ကိုရီးယားပြသနာကိုနှေင့်နှေးအောင်ပြုလုပ်ထားကြောင်းသိရပါတယ်။
သံတမန်ရဲ့ပြောပြချက်ကတော့ ဖြစ်စဉ်အကျဉ်းတွေကိုတောင် ပြောပြလိုခြင်းမရှိဘူးလို့ ပါရှိပါတယ်။
ကျွမ်းကျင်သူရဲ့ တင်ပြချက်ထဲမှာတော့ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်ပနဲ့ ကုန်သွယ်မှုမရှိပါဘူး။ ရှဲကုမ္မဏီကနေ မြောက်ကိုရီးယားနိုင်ငံအတွက် အခြေခံလိုအပ်တဲ့ စက်ပစ္စည်းတွေတင်သွင်းပြီး မြောက်ကိုရီးယား ထွက်ကုန်နဲ့ဖလှယ်တဲ့စနစ်မို့ နိုင်ငံခြားငွေကြေးမရရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံခြားငွေရရှိဖို့အတွက် စစ်လက်နက်ပစ္စည်းများ၊ နျူကလီးယားနည်းပညာတွေကို ပြည်ပနိုင်ငံတွေဆီရောင်းချရှာဖွေတာလို့ ရေးသားထားပါတယ်။
ကုလသမဂ္ဂကအရေးယူပိတ်ဆို့ထားတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်ပို့ဆောင်ပုံ တွေကို အသေးစိတ်တင်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ဟာ သူ့နိုင်ငံနဲ့ အလွန်အလှမ်းကွာဝေးလွန်းတဲ့နိုင်ငံ ( ဥပမာ-အီရန် ) စစ်လက်နက်ပစ္စည်းတွေပို့ဆောင်ရာမှာအလွန်ကိုအဆင်မြင့်တဲ့ကုန်တင်လေယာဉ်တွေနဲ့ပိုဆောင် ကြောင်းသိရပါတယ်။ အလှမ်းဝေးတဲ့နိုင်ငံတွေဆီကို တိုက်ရိုက်ပျံသန်းပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ လေပိုင်နက်တွေကိုဖြတ်သန်း အသုံးပြုခဲ့ပါတယ်။
မြောက်ကိုရီးယားသည် လက်နက်များကို တစစီ ထုပ်ပိုးပြီးလျို့ဝှက်စွာတင်ပို့သော နည်းများကို အသုံးပြုပြီး သဘောင်္ဖြင့်ရေလမ်းကြောင်းမှတဆင့် တင်ပို့နေကြောင်းသိရပါတယ်။ တချို့တင်ပို့မှု ကိစ္စများနှင့် သက်ဆိုင်ရာနိုင်ငံများတွင်ပြန်လည်တပ်ဆင်ခြင်းများကို မြောက်ကိုရီးယားမှ သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ၊ အထူးကျွမ်းကျင်သော ပုဂ္ဂိုဟ်များ၏ ပါဝင်ပူးပေါင်းမှုများကြောင့် အဆင်သင့် လွယ်လင့်တကူ တပ်ဆင် အသုံးပြုနိုင်ခြင်းဖြစ်တယ်လို့ အစီရင်ခံစာမှာဖေါ်ပြပါရှိပါတယ်။
မြောက်ကိုရီးယားအစိုးရကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတင်တဲ့အစီရင်ခံစာပါတ်သက်လို့ တစုံတရာတုန့်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုကြောင့်ကုလသမဂ္ဂက စီးပွားရေးကိတ်ဆို့အရေးမှုကို ၂၀၀၉ခုနှစ်ကတည်းက အရေးယူအပြစ်ပေးထားခဲ့ခြင်းဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ဆက်မှုတွေတိုးမြင့်ပြီး နျူကလီယားနဲ့ တာဝေး၊တာလတ်ပစ်ဒုံးကျည်တွေ ဝယ်ယူနေတဲ့ မြန်မာစစ်အဏာရှင်တို့ဟာ ရွေးကောက်ပွဲမသမာမှု၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေအပြင် နိုင်ငံတကာရဲ့ ဖိအားတွေကို ရင်ဆိုင်နေရပြီး ဘေးကျပ်နံကျပ် အခြေအနေကိုရောက်ရှိနေကြောင်း သတင်းဌာနတွေကသုံးသပ်နေကြပါတယ်။ ကုလလုံခြုံရေးကောင်စီကိုတင်သွင်းတဲ့ ဒီအစီရင်ခံစာကြောင့်မြောက်ကိုရီးယားရဲ့ နျူကလီးယားဆက်စပ်ထုတ်လုပ်နေတဲ့ မြန်မာ စစ်ခေါင်းဆောင်တွေဟာ အရေးပေါ်အစည်းအဝေးတွေလုပ် နေကြကြောင်း နီးစပ်တဲ့ အသိုင်းအ၀န်းကနေသတင်းရရှိပါတယ်။ Rest of your post
Friday, November 12, 2010
ပြည်သူ့  သံယံဇာတ နဲ့  ပြည်သူတွေ ကို ပစ်ဖို့  မြောက်ကိုးရီးယား က၀ယ်ထားတဲ့  လက်နက် ( CNN News )
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment