“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, November 12, 2010

မွန်ဘက် က ဖွတ်သူခိုးများ

ကြိုတင်မဲကြောင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်များဆုံးရှုံးခဲ့ရ
မင်းချမ်း၊ ကောင်းဝါ တန်ဆောင်မုန်းလဆန်း ၄ရက်။နိုဝင်ဘာ ၁၀၊၂၀၁၀။

မင်းချမ်း(နိုဝင်ဘာ-၁၀)။ ။ နိုဝင်ဘာ(၇) နေ့တွင်ရွေးကောက်ပွဲ၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ်မဲများ ဆုံးရှုံးခဲ့ရကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်သောစာရင်းအရ သိရသည်။

“ကြိုတင်မဲစာရင်းတွေ နောက်ဆက်တွဲပါလာတော့ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်(၆) ယောက် လျော့သွားတယ်၊ မူလကတွက်ဆထားတဲ့အတိုင်းပါပဲ အဲဒီကြိုတင်မဲဆိုတာတွေကလည်း ဘယ်လိုဟာမျိုးဆိုတာကို တပြည်လုံးအတိုင်းအတာအထိ ပြောစရာဖြစ်နေပြီ” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မဲစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

ကြိုတင်မဲများကြောင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းအပါအဝင် ကိုယ်စားလှယ်လောင်း (၆) ဦးတို့ တိုက်ရိုက်မဲဆန္ဒပေးခဲ့ကြရာတွင် မဲအပြတ်အသတ်အသာရရှိခဲ့သော်လည်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ကြေညာချက်၌ အချေအမြစ်မရှိ ကြိုတင်မဲပေးမှုစာရင်းဖေါ်ပြချက်အရ မဲရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ရသည်။

ယင်းနစ်နာဆုံးရှုံးမှု၊ မဲမသမာမှုနှင့် ပတ်သက်၍ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ယနေ့တွင်မော်လမြိုင်၌ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်ဟု ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးးက ပြောသည်။

“ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြိုတင်မဲ ဘယ်လိုရယူခဲ့တာကို သက်သေနဲ့တကွယုတ္တိရှိရှိ ရှင်းပြပေးဖို့လိုတယ်” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ပြောသည်။

မူလကရွေးကောက်ပွဲကျင်းပသည့်နေ့ရက်တွင် ကြိုတင်မဲများအရေအတွက်ကိုမည်မျှရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ကြိုတင်အသိပေးကြေညာခြင်း မပြုခဲ့ပေ။

ထို့အတူ ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆိုခဲ့ကြကြောင်း ပြည်တွင်းထုတ် Weekly Eleven အင်တာနက်သတင်းစာမျက်နှာတွင် ဖေါ်ပြရေးသားသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ လွှတ်တော်အသီးသီးတွင် (၃၄) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၁၅) ဦးရွေးချယ်တင်မြောက်ခြင်းခံရသည် ဆိုသော်ငြားအတည်ပြုခြင်းမပြုနိုင်ပေ။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */