“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, November 23, 2010

အနော်လည်း ကြံ့ကိုက်ခံလိုက်ရဘီဂျ ( ပုံ...အေးလွင်)

မဲမသမာမှုများကို ပူးပေါင်း ဖော်ထုတ်မည်

ရွေးကောက်ပွဲ မဲ မသမာမှုများကို ကိုယ်စားလှယ်လောင်းများက မဲဆန္ဒရှင်များနှင့် လက်တွဲ၍ ဖော်ထုတ် သွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဦးအေးလွင်က “အင်းမ၊ ပေါက်ခေါင်းနဲ့ ပန်းတောင်းမြို့ ရဲစခန်းတွေမှာ မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားမှုတွေ လုပ်ထားပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ဥပဒေ ပုဒ်မ ၅၇ ကနေ ၆၅ အထိ ရှိတယ်။ အဲဒါက ရဲ အရေးပိုင်တယ်။ ဒါကြောင့် ရဲကို အမှုဖွင့်တာပါ” ဟု ဆိုသည်။

မဲမသမာမှုများကို ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း ရဲစခန်းမှူးများက ထိုအမှုများမှာ ရဲ အရေးပိုင် မပိုင်ကို နားမလည် ဖြစ်နေကြပြီး တိုင်ကြားစာကို လက်ခံခဲ့သော်လည်း တရားဝင် အမှုဖွင့်ပေးခြင်း မရှိသေးကြောင်း သိရသည်။

“သူတို့က ငွေဆယ်သိန်းတင်ပြီး ကော်မရှင်မှာတိုင်တန်း ဆိုတာလောက်ပဲ သိကြတယ်။ ကျနော်တို့က မဟုတ်ဘူး ၊ ဒီကိစ္စတွေဟာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုဥပဒေ ၆၅ (ခ) အရ ရဲစခန်းက ကိုင်တွယ်ဆောင်ရွက်ပေးရမှာလို့ ပြောမှ တိုင်စာကို သူတို့ လက်ခံတယ်” ဟု ကိုအေးလွင်က ပြောသည်။

နိုင်ငံရေး ပါတီတချို့က မိမိတို့၏ ကိုယ်စားလှယ်များ အနိုင်မရခြင်းကို အကြောင်းပြု၍ ပြည်ပ အသံလွှင့်ဌာနများ၊ ဂျာနယ်၊ စာစောင်များ၌ ဥပဒေမဲ့ ပြောဆို ရေးသားနေသည်ကို တွေ့ရကြောင်း၊ ထိုလုပ်ရပ်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၄ နှင့်ငြိစွန်းနေကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့ထုတ် အစိုးရ သတင်းစာတွင် ရေးသားထားသည်။

သို့သော် ပါတီခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက ရွေးကောက်ပွဲ မသမာမှုများကို ထုတ်ဖော်ပြောဆိုနေကြဆဲ ဖြစ်သည်။

ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းဌေးက “မဲရုံမှာ မဲသွားပေးတဲ့ ကျနော်တို့ ပါတီကို ထောက်ခံသူတွေ ကိုယ်တိုင် ကြံ့ဖွံ့ ပါတီကို မဲပေးဖို့ ဖိအားပေး ခံရတာတွေ ရှိခဲ့တယ်။ ဒီကိစ္စတွေကို ထွက်ဆိုပေးမယ့် မဲဆန္ဒရှင်တွေလည်း ရှိပါတယ်” ဟု ပြောသည်။

ချင်းတိုးတက်ရေးပါတီ (CPP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလောင်စီကလည်း ၎င်းတို့ ပါတီအနေဖြင့် မဲ မသမာမှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ ယခုတပတ်အတွင်း ပါတီကိုယ်စားလှယ်များ စည်းဝေးကာ မဲ မသမာမှုများကို မည်ကဲ့သို့ တုံ့ပြန် သွားမည်ကို ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း ပြောသည်။

“ကန်ပက်လက်မြို့နယ်မှာ ကြံ့ဖွံ့ပါတီက ကြိုတင်မဲ ယူထားတာ ၁၂၀၀၊ တမြို့နယ်လုံးမှာ ပယ်မဲက ၉၀၀ ကျော်၊ အဲဒီ ပယ်မဲတွေမှာ CPP က အများဆုံး၊ တခြား မသမာမှုတွေလည်း အများကြီးပါပဲ။ Free and Fair မဖြစ်တာတော့ အမှန်ပဲ” ဟု ဦးလောင်စီက ဆိုသည်။

တိုင်းရင်းသား ဒေသများတွင် အစိုးရက ၎င်းတို့အတွက် အရေးမပါသော ဒေသတချို့၌သာ တိုင်းရင်းသား ပါတီများကို အနိုင်ပေးခဲ့ပုံရပြီး အရေးပါသည့် နေရာများတွင်မူ ၎င်းတို့ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကသာ အနိုင်ရယူ သွားခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်းက သုံးသပ်သည်။

“ဒီ မတရားမှုတွေကို ထုတ်ဖော်ပြောဆို တာဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး သတင်းစာမှာ ရေးတယ်။ ဒါဟာ ခြိမ်းခြောက်နည်း တမျိုးပေါ့။ မီဒီယာတွေကို ပြောတာ အစိုးရက မကြိုက်တဲ့သဘော။ ကျနော်တို့ မပြောဘဲ ငြိမ်နေရင် အစိုးရ အတွက် အကျိုးအမြတ် ချည်းပဲ ဖြစ်သွားမှာပေါ့” ဟု နိုင်ငွေသိမ်းက ဆိုသည်။

စစ်အစိုးရပိုင်သတင်းစာတွင် ရွေးကောက်ပွဲ ရလဒ်အပေါ် မကျေနပ်မှုများရှိပါက ရွေးကောက်ပွဲ ဥပဒေပါ အတိုင်း ကျပ်၁၀ သိန်း တင်ကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားကြရန် နိုဝင်ဘာ ၁၇ ရက်နေ့က သတိပေး ရေးသားခဲ့ပြီး နောက် ပဲခူးတိုင်း အတွင်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော အရပ်သား ပါတီ ကိုယ်စားလှယ်လောင်းများ စုပေါင်းကာ ရွေးကောက်ပွဲ မသမာ မှုများနှင့် ပတ်သက်၍ ပဲခူးမြို့ ဟိုင်းဇုန်ခန်းမ၌ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သည်။

“ကိုယ်စားလှယ်လောင်း တယောက်အတွက် ကျပ် ဆယ်သိန်း တင်ဖို့ဆိုတာ မလွယ်ဘူး။ ရွေးကောက်ပွဲမှာ ၀င်ပြိုင်တဲ့ ကိုယ်စားလှယ် လောင်းတွေဟာ ကိုယ့်ခြေ ကိုယ့်လက်နဲ့ မရှိ ရှိတာ ချေးငှားပြီး ၀င်ခဲ့ကြရတာ။ အခုလို မသမာမှုတွေ တွေ့လာလို့ ကော်မရှင်ကို တင်ပြမယ် ဆိုတော့လည်း ကျပ် ဆယ်သိန်းတင်ရမယ်၊ တင်လိုက်ပြန်ရင်လည်း သူတို့က ပထမတကြိမ် ပယ်ချဦးမယ်၊ ပယ်ချလို့ မကျေမနပ် ဖြစ်ပြီး ထပ်တင်ရင် ဆယ်သိန်း ထပ်တင်ဆိုတော့ မခက်ဘူးလား” ဟု ဦးအေးလွင်က ပြောသည်။ http://irrawaddy.org/bur/index.php/news/4972-2010-11-22-11-36-18

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */