နအဖ ယုတ်မာပြီး နယ်ခြားစောင့်တပ် ပြောင်းသွားကြသည့် ဗိုလ်ဂတုံးအား မြဝတီသို့လွတ်ပြီး ကရင်အချင်းချင်း ပြန်တိုက်ခိုင်း၊ သူငယ်ချင်းများဖြစ် သလို ကရင်အမျိုးသားခြင်းဖြစ်၍ ဗိုလ်လားဘွဲ နှင့်အဖွဲ့ မြဝတီမြို့ထဲတွင် အင်အားအနည်းငယ်သာထားခဲ့ပြီး မြို့ပြင်တွင် နေရာပြန်လည်ယူထားသည်ဟု သိရသည်။
အပျက်အဆီးများမှာ- ကမ်းနားလမ်းတွင် ဓါတ်ဆီရောင်းသောအိမ်တစ်အိမ်၊ အစိုးရရုံး (၆)ရုံး၊ မီးလောင်သွားပြီး အမှတ်(၁) ရပ်ကွက် မှ ဘုန်းကြီးကျောင်းမှာ နအဖ မှ ပစ်ခတ်သောလက်နက်ကြီး ကျည်ထိမှန်ပြီး မီးလောင်ပျက်ဆီးခဲ့ပါသည်။ ယနေ့နံနက် (၆) နာရီထိုးခါနီးတွင် လက်နက်ကြီး ပစ်သံ (၃) ချက်ကြားရပါသည်။ ကမ်းနား
တွင်ဝင်လာသော နအဖ တပ် အင်အား (၃၀) ခန့် ကို DKBA မှ လှမ်းပစ်သဖြင့် နအဖ တပ်
မှာ လာရာလမ်းအတိုင်းပြန်လှည့်သွားပါသည်။ မနေ့ညတွင် ဖားအံရှိ ဗိုလ်ချစ်သူ ကို နအဖ မှခေါ်သွားကြောင်းသတင်းရရှိပါသည်။ ယနေ့မနက်တွင် မြ၀တီတွင်တပ်စွဲနေသော ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေးအဖွဲ့ ဆီသို့ ဗိုလ်ချစ်သူလက်အောက် ဒုဗျုဟာမှုး ဗိုလ်ကတုံး ဦးဆောင်သော BGF အဖွဲ့လက်တကမ်းအကွာထိရောက်လာပြီးနှစ်ဦးနှစ်ဖက် ညှိနှိုင်းပြောဆိုမှု့များရှိခဲ့ပါသည်။ ယခုချိန်တွင် ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေးအဖွဲ့သည် မြ၀တီမြို့တွင်းမှ ထွက်ခွါခဲ့ပြီး ကြံခင်း အရပ်တွင် နေရာယူထားပါသည်။ ယခုသတင်းရေးနေချိန်တွင် နအဖ မှ ဗိုလ်မှုးကြီး သန်းဝင်း နှင့်ညှိနှိုင်းနေပြီး အဆင်မပြေပါက ဒေသစံတော်ချိန် နံနက် ၁၀ နာရီနောက်ပိုင်း တိုက်ပွဲ များ
ပြန်စနိုင်ပါသည်။
ယနေ့ချိန်ထိ မဲဆောက်သို့ ထွက်ပြေးခဲ့ရသော စစ်ပြေး အရပ်သားအရေအတွက် လေးသောင်းကျော် ရှိပါသည်။
Rest of your post
Tuesday, November 09, 2010
မြဝတီမြို့ မှ နောက်ဆုံးရှိသည့်သတင်း များ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment