“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, August 12, 2010

အရေးကြီးချင်ဟန်ဆောင် လမ်းသလားပန်းစိန် လားရှိုးရောက်

ကြံ့ဖွံ့ပါတီ ခေါင်းဆောင် ဦးသိန်းစိန် လားရိုးရောက်
Thursday, 12 August 2010 14:16 သျှမ်းသံတော်ဆင့်
ရွေးကောက်ပွဲဝင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီ ခေါင်းဆောင် နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်သည် သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့၌ ရောက်ရှိနေပြီး မကြာမီရက်ပိုင်းအတွင်း မူစယ် နှင့် နမ့်ခမ်းမြို့များသို့ လာရောက် ဖွယ်ရှိကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ဆိုသည်။

“လာရှိုးရောက်နေတာကတော့ အသေအချာပါပဲ ဒီဘက်ဆင်းမဆင်းဆိုတာတော့ အတိအကျ မပြောနိုင်ဘူး နိုင်ငံတော် ၀န် ကြီးချုပ် ဖြစ်တော့ဝန်ကြီးဌာနကိစ္စတွေ စစ်ဆေးတာတွေလည်း ဖြစ်နိုင်တယ် ” ဟု သူက ဆိုသည်။

[ဦးသိန်းစိန်]

ဦးသိန်းစိန်
ဝန်ကြီးချုပ်၏ ယခုခရီးစဉ်မတိုင်မီ ရက်ပိုင်းအတွင်းက လားရှိုးမြို့၌ သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ ကြံ့ဖွံ့အသင်း ခေါင်း ဆောင်များ အစည်းအဝေးပြုလုပ်ခဲ့သေးကြောင်း မူစယ်ကြံ့ဖွံ့အသင်းနှင့် နီးစပ်သူများထံမှ သိရသည်။

မူစယ်နှင့် နမ့်ခမ်းမြို့နယ်များ၌ ကြံ့ဖွံ့ပါတီရုံးများ ယနေ့အထိ မဖွင့်သေးပဲ ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးအသင်း အနေ ဖြင့်သာ ထားရှိဆဲဖြစ်ရာ ၎င်းအစည်းအဝေးတွင် အဆိုပါ ကြံ့ဖွံ့ပါတီရုံးများ ဖွင့်လှစ်ရန်ကိစ္စ ဆွေးနွေးခဲ့ပြီး ရွေးကောက်ပွဲနီး ကပ်လာချိန်တွင် ဖွင့်မည်ဟုသာ သိရသည်။

ဦးသိန်းစိန် လားရှိုးသို့လာရင်းကိစ္စ အတိအကျ ပြောရန် ခက်သော်လည်း ကြံ့ဖွံ့ပါတီကိစ္စများနှင့်လည်း ပတ်သက်ဖွယ်ရှိ ကြောင်း လေ့လာသူများက ခန့်မှန်းသည်။

ဂျူလိုင်လဆန်းပိုင်းကလည်း နအဖကာကွယ်ရေးဝန်ကြီးဋ္ဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နမ့်ခမ်းမြို့သို့ လာရောက်ခဲ့သေးသည်။

ယခုနှစ် ဧပြီလကုန်ပိုင်းက စစ်ရာထူးကို စွန့်လွတ်ခဲ့သော နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဦးဆောင်ကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံမည် ဖြစ်သည်။

၎င်းဦးဆောင်သည့် ပါတီသည် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနာယကအဖြစ်ဆောင်ရွက်သော ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖြစ် အသွင်ပြောင်းထားခြင်းဖြစ်သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */