“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, August 26, 2010

မျောက်ကိုင်းလွတ်နှင့် တွေ့ ဆုံမေးမြန်းခန်း (ရွေးကောက်ပွဲတော့ထောက်ခံဆဲဆိုဘဲ) အကျကောင်းစေသား

ပုဂ္ဂိုလ်ရေးအရ မဝင်ပေမယ့် ရွေးကောက်ပွဲကို ထောက်ခံနေဆဲဆိုတဲ့ ဦးခင်မောင်ဆွေနဲ့ တွေ့ဆုံခြင်း
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၅၈ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နိုဝင်ဘာ ရွေးကောက်ပွဲကို အဓိက အတိုက်အခံ ပါတီခေါင်းဆောင် တဦးဖြစ်သော NDF ဦးခင်မောင်ဆွေ ဝင်မပြိုင်တော့ဟု ကြားရသဖြင့် မဇ္ဈိမက အသေးစိတ် ဆက်သွယ် မေးမြန်းခဲ့ပါသည်။

အန်ကယ့်အနေနဲ့ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းရင်းကို သိပါရစေ။

ခေါင်းလျှိုပြီး လုပ်နေရင်
ပါတီ သိက္ခာကျမယ်၊
နိုင်ငံရေး သိက္ခာကျမယ်။ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး သိက္ခာလည်း ကျမယ် ...
အစ ပါတီထောင်ကတည်းကိုက ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒမရှိဘူးဗျ၊ ကျနော့် မိတ်ဆွေ၊ အပေါင်းအသင်း ပါတီထောင်သူတွေက ရွေးကောက်ပွဲ ဝင်ပါလို့ တိုက်တွန်းတာကြောင့်ပါ။

အဲဒီလိုကြားထဲ ရွေးကောက်ပွဲ နီးလာတဲ့ အခါ ကျနော်တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂၊ ၁၂၄ တို့နဲ့ ကျခံတဲ့ လူမို့လို့ ရာသက်ပန် ရွေးကောက်ပွဲ မဝင်ရဘူး ချမှတ်ထားတာရှိတယ်ဆိုပြီး ကော်မရှင် ဥက္ကဋ္ဌ က ခေါ်ပြောတယ်ဗျ၊ အဲဒါကို ဝင်ချင်လို့ရှိရင် စာတင်ပါတဲ့၊ စာတင်ပါဆိုတာက အသနားခံစာလည်း မဟုတ်ဘူး။ ပါးစပ်ကနေ စာတင်ပါလို့ဘဲ ပြောတာ။
NDF3
ကျနော်တို့ကလည်း ကော်မရှင်နဲ့ အတူပူးပေါင်းဆောင်ရွက်ရမယ်။ အစက မဝင်ဘူးဆုံးဖြတ်ထားပေမယ့်လည်း ပါတီကို ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ အသနားခံစာကို တင်လိုက်ပါတယ်။ တပတ်လောက် ကြာတဲ့အခါမှာ ပါတီမှတ်ပုံတင်တုန်းက ပါတီတည်ထောင်သူ ၁၉ ဦးလုံး ခံဝန်ကတိပြုထားတဲ့ ဥပဒေ ပုဒ်မ ၉ ချက် ရွေးကောက်ပွဲ ဥပဒေ အားလုံးကိုဘဲ တဦးချင်း ပြန်ပြီးတော့ လက်မှတ်ထိုးပေးရမယ်၊ ခံဝန်ကတိပြုရမယ်ဆိုပြီး ထပ်ပြောတယ်။

အဲဒီလိုပြောတဲ့အတွက် ကျနော်က စဉ်းစားတယ်။ ကော်မရှင်ကို ရှင်းပြတယ်။ ကျနော်တို့က ပြစ်ဒဏ်တွေကို ခံပြီးတဲ့အခါမှာ လျော့ရက်မရှိ ခံပြီးပါပြီ။ အဲဒီခံပြီးတဲ့ လူတွေအဖို့ သာမန် နိုင်ငံသား ဖြစ်သွားပါပြီ။ အပြစ်ဒဏ်ကျပြီး ထွက်လာတဲ့အခါမှာ သာမန် နိုင်ငံသားတွေရဲ့ အခွင့်အရေး ရသင့်ပါတယ်။

ဒါကြောင့်မို့လို့ ကော်မရှင်မှာ ပါတီမှတ်ပုံတင်တုန်းက ဆုံးဖြတ်နိုင်ပါလျက်နဲ့ အခုမှ ထပ်ပြီးတော့ ဘာဖြစ်လို့ ဖြစ်ရတာလဲ။ ကျနော်တို့က အသနားခံတဲ့ အဆင့်ထိတော့ မသွားနိုင်ဘူး။ သာမန်အားဖြင့် ကျနော်တို့ကို ပါတီထောင်ခွင့်ပြုလို့ရှိရင် ရွေးကောက်ပွဲဝင်ဖို့ အလိုလို ရရမှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဥပဒေတွေကို မကန့်သတ်တော့ဘဲနဲ့ ပယ်ဖျက်ပေးဖို့ လိုပါတယ်လို့ ရှင်းပြပါတယ်။

အဲဒီလိုရှင်းပြပြီး ပြန်လာတဲ့အခါမှာ ကျနော်က လက်ရှိ ခေါင်းဆောင် နေရာမှာဘဲ ရှိနေတာ။ အဲဒါကို ခေါင်းလျှိုပြီး လုပ်နေရင် ပါတီသိက္ခာကျမယ်။ နိုင်ငံရေး သိက္ခာကျမယ်။ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး သိက္ခာလည်း ကျမယ်ဆိုပြီးတော့ ကျနော်က ရွေးကောက်ပွဲ ကော်မရှင်ကို နောက်ထပ်တဖန် ၁၂ ရက်နေ့ သြဂုတ်လမှာ တွေ့ဆုံမယ့် ကိစ္စ ကျနော်အနေနဲ့ မတင်တော့ဘူး။ မတင်တော့ ရွေးကောက်ပွဲ ဝင်ဖို့ အကြောင်းမရှိတော့ဘူး။

ဒီရွေးကောက်ပွဲရဲ့ တရားမျှတမှု လွတ်လပ်မှုအပေါ်မှာ အန်ကယ်အနေနဲ့ ဘယ်လိုသုံးသပ်လဲ။ တရားမျှတမှု မရှိတော့ဘူးလား။

တရား မျှတမှု မရှိဘူးဆိုတာ အခုကတည်းက ခင်ဗျားတို့ တွေ့နေပြီပဲဗျာ။ အစကတည်းက ရွေးကောက်ပွဲ ဥပဒေတွေ ထွက်ကတည်းက ပြောနေတာ အဖန်တရာ တေနေပါပြီ။ တရားမျှတမှု မရှိဘူး ဆိုတာကို အမြဲ ပြောနေခဲ့တာပဲဗျာ။

အန်ကယ်က နုတ်ထွက်သွားပြီ ဆိုတော့ ရွေးကောက်ပွဲကို စိတ်ပျက်သွားတာလား။ ပါတီကရော ဘာဖြစ်လို့ ရွေးကောက်ပွဲ ဝင်ပြိုင်နေမှာလဲ။

ပါတီနိုင်ရေးထက်
ပြည်သူတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်အောင် တက်ရပ်ပေးတာ ...
ကျနော်က ပါတီက နုတ်ထွက်တာတော့ မဟုတ်ပါဘူး။ ကျနော်က ပါတီခေါင်းဆောင်ပဲလေ။ ပါတီ ခေါင်းဆောင်တိုင်း ရွေးကောက်ပွဲ ဝင်ရမယ်လို့ ကန့်သက်ချက် မရှိဘူးလေ။ ကျနော် ရွေးကောက်ပွဲ မဝင်တာပဲ ရှိမှာပေါ့။

လွတ်လပ်တယ် မလွတ်လပ်ဘူး ဆိုတာကတော့ မဲပေးတဲ့ အခါကျမှပဲ သိမှာပေါ့။ မဲပေးတဲ့အခါမှာ ခြိမ်းခြောက်မှု ရှိသလား။ မဲပေးတဲ့အခါမှာ ပိုက်ဆံတွေပေးပြီးတော့ မဲဆွယ်တာမျိုးရှိသလား။ မဲပေးတဲ့အခါ မဲရုံတွေထဲမှာ သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်တွေကို မျှမျှတတ ဆက်ဆံလား။

မဲမပေးခင် ကြိုတင်မဲထုတ်တဲ့အခါမှာ ပါတီကိုယ်စားလှယ်တွေပါ လိုက်ကောက်ပေးသလား။ သို့မဟုတ် မဲရုံမှူးတယောက်ချင်းကပဲ တိုးတိုးတိတ်တိတ်ကောက်နေသလား။ ဒါတွေကို ကျနော်တို့ကြည့်ပြီးတော့မှ လွတ်လပ်တယ် မလွတ်လပ်ဘူးဆိုတာ ဆုံးဖြတ်ကြရမှာ။

အခုလို စစ်အစိုးရက ကန့်သတ်မှုတွေ လုပ်လာလိမ့်မယ်လို့ ကြိုတင် မတွက်ထားဘူးလား။

ကြိုတင်တွက်ထားလည်း ရွေးကောက်ပွဲကို ဝင်မှာဘဲဗျ။ ကျနော်တို့က ပြည်သူ့မျက်နှာ ကြည့်တာကိုး။ ကျနော်တို့ပါတီ နိုင်ရေးထက် ပြည်သူတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်အောင်လို့ တက်ရပ်ပေးတာပါ။

ပြည်သူတွေက ဒီလူတွေဟာ ဒီမိုကရေစီရအောင်လုပ်ပေးတဲ့လူတွေပဲ။ ဘယ်အဖွဲ့တွေလဲဆိုတာ သိနိုင်အောင် ဆက်ပြီးတော့ ပြည်သူ့မျက်နှာကို မူပြီး ကျနော်တို့ ရွေးကောက်ပွဲ ဝင်တာပဲ။ အဲတော့ ကျပ်တည်းတာ ကျဉ်းမြောင်းတာ ရှိရင်ရှိမယ်။
NDF2
ကျပ်တည်းကျဉ်းမြောင်းလို့ ရွေးကောက်ပွဲမဝင်ဘူး ဆိုရင် နှစ် ၂ဝ ကြာမှပေါ်လာတဲ့ဒီအခွင့်အရေးကို ခင်ဗျားတို့ လက်လွှတ်လိုက်ကြမလား။ ပြည်သူတွေဟာ ဒီလိုပဲ နှစ် ၂ဝ ကြာမှ ပေါ်လာတဲ့ မိမိတို့ရဲ့ မဲပေးပိုင်ခွင့်ဆိုတဲ့ အရာကို မယူတော့ဘူးလား။ မယူလို့ရှိရင် ဥပဒေပြု အာဏာဆိုတဲ့ လွှတ်တော်ထဲမှာ ရမယ့်အာဏာကို ကျနော်တို့ လုပ်မပေးနိုင်တော့ဘူးလား၊ လုပ်မပေးချင်တော့ဘူးလား။ လုပ်မပေးချင်ရင်တော့ ရွေးကောက်ပွဲမဝင်နဲ့ပေါ့ ဒါပဲရှိတာပဲဟာ။

အန်ကယ်ကတော့ ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတာ သိပြီ။ ကျန်တဲ့ သုံးယောက်က ထွက်မထွက် မသိသေးဘူး ဆိုတော့ အန်ကယ်တို့ကြားမှာ အဆက်အသွယ် ပြတ်နေတဲ့ သဘောလား။

ဥပဒေပြု အာဏာဆိုတဲ့ လွှတ်တော်ထဲမှာ ရမယ့်အာဏာကို ကျနော်တို့ လုပ်မပေးနိုင်တော့ဘူးလား၊ လုပ်မပေးချင်တော့ဘူးလား ...
ကျနော်က ရွေးကောက်ပွဲကို လက်မခံတာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ မဝင်တာ။ ရွေးကောက်ပွဲကို ကျနော်က ထောက်ခံတဲ့လူလေ။ ကျောခိုင်းတယ်ဆိုရင် ရွေးကောက်ပွဲကို လက်မခံဘူးဆိုတဲ့ သဘောမျိုး သက်ရောက်သွားတယ်လေ။

ကျနော့်ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကို ကန့်သတ်တဲ့ အတွက်ကြောင့်မို့ ကျနော့်ကိစ္စ ကျနော်ဖြေရှင်းတာပဲ။ တခြားလူ ၃ ယောက်ရဲ့ကိစ္စကိုတော့ ကျနော် ဝင်စွက်ဖက်လို့ မရဘူးလေ။ ကျနော်ပြောလိုက်လို့ မှားသွားတယ်ဆိုရင် ကျနော့်သိက္ခာ ကျမယ်လေ။ အဲဒါကြောင့်ပါ။

NDF ရဲ့ နောက်ဆုံးစည်းရုံးရေး ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အနေအထားက ဘယ်လို ရှိလဲခင်ဗျ။

ကျနော်တို့မှာ အဖွဲ့ဝင် ၁,ဝဝဝ ကျော် ရှိနေပါပြီ။

အန်ကယ့် အနေနဲ့ နောက်ထပ် ဘာပြောချင်တာရှိလဲ။

ကျနော်တို့ဟာ ပြည်သူလူထု အကျိုးစီးပွားအတွက် ရွေးကောက်ပွဲ အပေါက်က ဘယ်လောက်ပဲ ကျဉ်းကျဉ်း ဘယ်လောက်ပဲ သေးသေး ခွေးတိုးပေါက်လို့ပဲပြောပြော ကျနော်တို့ ကိစ္စမရှိဘူး။ ကျနော်တို့ကို အားမနာ ပါးမနာပြော ဂရုမစိုက်ပါဘူး။ ကျနော်တို့ကို ဆဲဆိုလည်း ကိစ္စမရှိပါဘူး။ ကျနော်တို့က ပြည်သူလူထု အကျိုးစီးပွားကို ကြည့်ပြီးတော့ ဒီအချိန်အခါမှာဖြင့် ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေး ရဖို့ ပထမခြေလှမ်းကို စပြီးတော့ လှမ်းရမယ့် အချိန်အခါ ဖြစ်တယ်။

အပြောင်းအလဲတွေ လိုချင်နေတဲ့ အချိန်အခါမျိုးမှာ ပြည်သူတွေကို မဲမထည့်နဲ့ဆိုပြီး ကျနော်တို့က ဆန့်ကျင်ရေးတွေ လုပ်လို့ မဖြစ်ပါဘူး။ ဒါကြောင့် ပြည်သူတွေနဲ့အတူ ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတမှု မရှိပင် မရှိသော်လည်းပဲ ဖြတ်ကျော် ဝင်ရောက်ပြီးတော့ ဒီမိုကရေစီ တံခါးကို ဖွင့်ပြီးတော့ကာ ဒီမိုကရေစီကို တဆင့်ချင်း တဆင့်ချင်း ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း မဇ္ဈိမကနေ တဆင့် ကျနော် အကြောင်းကြားပါတယ်ဗျာ။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */