“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, August 27, 2010

ကုလားကလည်းဆားလေးရမလား ဖားတယ်

မြန်မာနိုင်ငံတွင် မည်သည့် လျှို့ဝှက် နျူကလီယာ အစီအစဉ်မျှ မရှိပါဟု နယူးဒေလီပြော
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၃ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် လျှို့ဝှက်နျူကလီယာ အစီအစဉ်ရှိမရှိ အငြင်းပွါးနေမှုများကို ဝေဖန်သုံးသပ်ကာ မိမိတို့၏အရှေ့ဘက် အိမ်နီးချင်းနိုင်ငံ၌ ထိုသို့ လျှို့ဝှက်စီမံကိန်းတရပ် မရှိပါကြောင်း အိန္ဒိယနိုင်ငံ က နောက်ဆုံးကောက်ချက်ချလိုက်သည်။

မြန်မာနိုင်ငံတွင် နျူကလီယာ အစီအစဉ်တရပ် ပြုလုပ်နေသည်ဟူသော အဆိုကို နယူးဒေလီက ယုံကြည်ခြင်း မရှိသော်လည်း ဤသို့ပြုလုပ်ဆောင်ရွက်နေကြောင်း သုံးသပ်ရရှိနိုင်မည့် အခြေအနေ အချက်အလက်များရှိမရှိကိုမူ ဆက်လက် စောင့်ကြည့်လေ့လာ သွားမည်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး အက်စ်အမ်ခရစ်ရှနား (S.M. Krishna) ကယမန်နေ့က နယူးဒေလီမြို့တွင် ပြောကြားသွားခဲ့သည်။

`မြန်မာနိုင်ငံက မိမိတို့တွင် ထိုသို့ နျူကလီယာ အစီအစဉ်များ မရှိပါဟု အသေအချာ ပြောကြားခဲ့ပါသည်။ အိန္ဒိယအစိုးရ အနေဖြင့် ထိုသို့ (တရားဝင် ပြောကြားချက်ကို) ယုံကြည်ရမည် ဖြစ်ပါသည်´ ဟု ခရစ်ရှနားက အိန္ဒိယ အထက်လွှတ်တော်တွင် ပြောကြားသွားသည်။

`မိမိတို့ ကိုယ်ပိုင် ထောက်လှမ်းရေးလုပ်ငန်းဖြင့် ဘာတွေ ဖြစ်ပျက်နေသည်ဆိုသည့် အချက်အလက်များကို ရယူ စုဆောင်းသွားမည် ဖြစ်သည်။ အစိုးရသည် (နျူကလီယာ) ဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုများကို လုံခြုံရေးနှင့် ပတ်သက်သည်ဖြစ်၍ အမြဲ စောင့်ကြည့် လေ့လာသွားမည် ဖြစ်ပါသည်´ ဟုလည်း သူက ဆက်လက် ပြောဆိုသွားခဲ့သည်။

နယူးဒေလီ၏ ကြေငြာချက်သည် အကဲခတ်များ ယုံကြည် ပြောဆိုနေသည့် မြန်မာနိုင်ငံတွင် လျှို့ဝှက် နျူကလီယာ အစီအစဉ် တရပ်ရှိပြီး ဆယ်စုနှစ်တခုအတွင်း လက်နက် ထုတ်လုပ်နိုင်သည့် အဆင့်ရှိ နျူကလီယာ လက်နက်သုံး ပစ္စည်းများ ထုတ်လုပ်နိုင်တော့မည် ဆိုသော အဆိုအပေါ် အနည်းငယ်မျှသာ ဖြေရှင်း ပေးနိုင်ပါလိမ့်မည်။

စစ်အစိုးရတွင် လျှို့ဝှက်နျူကလီယာ အစီအစဉ်များရှိနေကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ ရုပ်သံအစီအစဉ်က သက်သေ အထောက်အထားများနှင့် တင်ပြခဲ့သည့်အတွက် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb) သည် မြန်မာနိုင်ငံ ခရီးစဉ်ကို ယခုနှစ်ဇွန် လဆန်းတွင် ကပ်ပြီး ဖျက်ပစ်ခဲ့ရသည်။

ဤသို့ခရီးစဉ်ဖျက်သိမ်းရပြီးကတဲက ဝါရှင်တန်နှင့် နေပြည်တော်အကြား ဆက်ဆံရေးများ ဆိုးရွားလာခဲ့သည်။ မြန်မာဗိုလ်ချုပ်ကြီးများနှင့် သတိ ကြီးစွာထားပြီး ထိတွေ့ဆက်ဆံရေး မူဝါဒများ ချမှတ်ထားခဲ့သော အိုဘားမားအစိုးရမူဝါဒမှာ လည်း ထိုအချိန်မှစ၍ ရပ်ဆိုင်းသွားပုံရသည်။

မြန်မာစစ်အာဏာပိုင်များ ကျူးလွန်သည့် လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကို စုံစမ်း စစ်ဆေးနိုင်ရေး အတွက် ကုလသမဂ္ဂ ကော်မရှင်တရပ်ဖွဲ့စည်းရေးအဆိုကို ယခုလအစော ပိုင်းက အိမ်ဖြူတော်က ထောက်ခံခဲ့သည်။

ဒေသဆိုင်ရာ ကုန်သွယ်ဘက် နိုင်ငံများလည်းဖြစ်၊ ကုလ လုံခြုံရေးကောင်စီ အအဖွဲ့ဝင်များလည်း ဖြစ်ကြသော တရုတ်နှင့် ရုရှနိုင်ငံတို့ကမူ မြန်မာနိုင်ငံသည် ထိုသို့ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်ခြင်း မရှိပါကြောင်း အမြဲတစေ ရပ်တည် ပြောကြားခဲ့ကြသည်။

နေပြည်တော်တွင် အစပြုသော လုပ်ဆောင်ချက်များသည် နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်နေခြင်း မရှိပါ၊ ထို့ကြောင့် ထိုသို့ အရေးယူ ဆောင်ရွက်ချက်များသည် ကုလ လုံခြုံရေး ကောင်စီ၏ လုပ်ပိုင်ခွင့် ပြင်ပတွင် ရှိသည်ဟုဆိုကာ မြန်မာနိုင်ငံနှင့် ဆိုင်သည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မှန်သမျှကို ဆန့်ကျင် ကန့်ကွက်လေ့ ရှိသည်။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလမှစ၍ အိန္ဒိယနိုင်ငံသည် ကုလလုံခြုံရေး ကောင်စီတွင် ၂ နှစ်သက်တမ်းရှိ အမြဲတမ်း အဖွဲ့ဝင် မဟုတ်သောနေရာကို ရယူထမ်းဆောင်လိမ့်မည်ဟု မျှော်မှန်းရသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */