“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, August 24, 2010

ဒက်လိုင်းနော် ဒက်လိုင်း( ဒက်လိုင်း= မဖြစ်မနေ...လုပ်ကိုလုပ်ဆောင်ရမည့်အခြေအနေ။)


(ကျက်သရေမရှိဗမာစစ်သားပုံ..ရေးသူ ကျောင်းသားလေး)
ဝ နှင့် မိုင်းလားတပ်ဖွဲ့ စက်တင်္ဘာ
ပထမပတ်အသွင်ပြောင်းရန် နအဖ ဒက်လိုင်းထပ်ပေး
Monday, 23 August 2010 18:18 သျှမ်းသံတော်ဆင့်
E-mail Print

ဝ နှင့် မိုင်းလားတပ်ဖွဲ့အား စက်တင်္ဘာပထမပတ်နောက်ဆုံးထား အသွင်ပြောင်းရန် နအဖ အဆင့်မြင့်ကိုယ်စားလှယ်/ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်က ပြောကြားလိုက်ပါသည်။

“၀ ကိုယ်စားလှယ်တွေကို ဗိုလ်ရဲမြင့်က မနက် ၉း၃၀ ကနေ ၁၀း၀၀ ကျော်၊ မိနစ် လေးဆယ်လောက် ဘဲတွေ့ တယ်။ ၀ တပ်ဖွဲ့ရဲ့နိုင်ငံရေးအတိုင်အပင်ခံကွန်ဖရင့်ဥက္ကဌ ဗိုလ်လာခမ်းဦးဆောင်တဲ့ ၈ ယောက် အဖွဲ့က ထိုင်ပြီးနားထောင်ရုံဘဲ တခွန်းမှပြန်ပြောဆွေးနွေးတာမရှိဘူး၊ ဗိုလ်ရဲမြင့်ပြောတဲ့ဟာတွေ ၀ ခေါင်းဆောင်ပိုင်း ဆီဆက်လက်တင်ပြဆွေးနွေးမယ်ဘဲ ပြန်ပြောတယ်တဲ့” - ဟု တန့်ယန်း ဇာတိ ၀ အမျိုးသားတဦးက ပြောပါသည်။

သြဂတ်စ် ၂၀ ရက် မနက်ပိုင်း၌ နအဖ အဆင့်မြင့်ကိုယ်စားလှယ် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ဗိုလ်လာခမ်းဦးဆောင်သည့် ၀ ကိုယ်စားလှယ်အဖွဲ့အား တန့်ယန်းမြို့ အခြေချစစ်ဗျူဟာရုံး၌လည်း ကောင်း၊ နေ့လည်ပိုင်း မိုင်းလားတပ်ဖွဲ့ကိုယ်စားလှယ်အား ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဗျူဟာရုံး၌ လည်းကောင်း - တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

[နအဖ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်]

နအဖ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်
“မိုင်းလားဥက္ကဌ စ၀်စိုင်းလင်းမပါဘူး၊ ဒုဥက္ကဌ ခွန်ဆန်လူ၊ ဒုစစ်ဦးစီးချုပ်-၂ စိုင်းခမ်းမောင် ဦးဆောင်တဲ့ ၇-၈ ယောက် ကိုယ်စားလှယ်အဖွဲ့ကို ညနေ ၃ နာရီမှာတွေ့ဖို့ချိန်းတယ်။ ဒါပေမယ့် တန့်ယန်းကနေ ဟက်စကီးနဲ့ စောစော ရောက်လာလို့ မွန်းလွဲ ၁ နာရီမှာဘဲ တွေ့လိုက်ကြတယ်။ ထူးခြားတာက စက်တင်္ဘာလပထမပတ်/ ရွေးကောက် ပွဲမလုပ်ခင်အသွင်ပြောင်း ဖို့ဘဲ အဓိကပြောတယ်။ မိုင်းလားအဖွဲ့က ဘာမှပြန်မပြောတော့ ဒီအတိုင်းဘဲပြီးသွားတယ်လို့ပြောတယ်”- ဟု တြိဂံစစ်တိုင်း ရုံးနှင့် နီးစပ်သည့် ကျိုင်းတုံသားတဦးက ပြောပြပါသည်။

စရဖ အရာချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က နှစ်ဖွဲ့စလုံးအား အသွင်ပြောင်းဖို့ရန်သာပြောဆိုကြောင်း၊ ရွေးကောက်ပွဲ ကိစ္စ တခွန်း တပါဒမှ ပြောဆိုခြင်းမရှိကြောင်း - အဘက်ဘက် ၀င်ဆန့်သူ ကျိုင်းတုံသားနောက်တဦးက သျှမ်းသံတော်ဆင့်တို့ဤကဲ့သို့ ပြော၏။

“နှစ်ဖွဲ့စလုံးကို ‘ရွေးကောက်ပွဲအတွက် ကျုပ်တို့အလုပ်အရမ်းများတယ်၊ အချိန်အခါနဲ့ ကိုက်ညီတဲ့ ဒီကာလမှာအသွင်ပြောင်းဖို့ အသင့်တော်ဆုံး၊ စက်တင်ဘာ ပထမပတ်နောက်ဆုံး ထားပြီးအကြောင်းပြန်ပါ၊ ဒီတိုင်း ဆက်သွားရင် ခင်ဗျားတို့ဥပဒေပြင်ပ အသင်းအဖွဲ့ဖြစ်သွားမယ် ’ လို့ ဗိုလ်ချုပ်ရဲမြင့်က ပြောတယ်”

ဝ နှင့် မိုင်းလားတပ်ဖွဲ့ကိုယ်စားလှယ်များမှ တင်ပြတောင်းဆိုထားချက်အပေါ် နအဖတို့ညှိနှိုင်းပြောဆို ဆွေးနွေး ခြင်းမရှိသောကြောင့် နအဖ၏ တောင်းဆိုချက်ကိုလည်း လက်ခံရန်မဖြစ်နိုင်ကြောင်း - အမည်မဖေါ်လိုသည့် UWSA ၀ပ်တပ်မှူးတဦးကပြောပါ သည်။

ဝ နှင့် မိုင်းလား တပ်ဖွဲ့တို့၏ လက်ရှိနောက်ဆုံးရပ်တည်ချက်မှာ - ၁။ လက်နက်မချရန် ၂။ မိုင်းလားတပ်ဖွဲ့ တောင်းဆိုချက် ၆ ချက်၊ ၀ တပ်ဖွဲ့တောင်း ဆိုချက် ၈ ချက် (နောက်ဆုံးအကြိမ်)အား နအဖ မှ လှစ်လျူရှုထား ခြင်းကြောင့် နအဖ အလိုကျ တဖက်သတ် အသွင်ပြောင်းရေးကိစ္စ လက်မခံရန်၊ ၃။ ဦးစွာတိုက်ခိုက်ခြင်းမြုပ ။ ၄။ မိမိကိုမိမိကာကွယ်ရန် စစ်ရေးပြင်ဆင် စသည်တို့ဖြစ်၏။ ထို့အပြင် ဧပြီလ ကတည်းက စစ်ရေးအရ ပူးပေါင်း ထားကြောင်း အဆိုပါတပ်မှူးကပြောပြပါသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */