“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, August 18, 2010

ပြည်သူတွေခင်မျာ ကုန်းကောက်စရာမရှိ -ရောင်းစားမည်..ခိုးစားမည်..ငှားစားမည်..တိုက်စားမည် ဒါနအဖမူ

ရခိုင်ပြည်နယ်မှ မြေဧက ၁ သိန်းကျော် ရာဘာစိုက်ရန် ဗီယက်နမ်သို့ ငှားရမ်းမည်
8/16/201 0 မောင်အေး ရခိုင်ရိုးမ မြင်ကွင်း
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်- မအီမြို့နယ်ခွဲအတွင်းရှိ မြေဧကပေါင်း ၁၂၉၀၀၀ ကို ရာဘာ စိုက်ပျိုးရန် အတွက် ဗီယက်နမ် ကုမ္ပဏီတခုသို့ မြန်မာ စစ်အာဏာပိုင်များမှ ဌားရမ်းရန် သဘောတူ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းကို ယခုလ ၁၃ ရက်နေ့က ထုတ်ဝေသည့် hot News ဂျာနယ်တွင်လည်း ရေးသား ဖော်ပြထားသည်။

ငှားရမ်းမည့် မြေများကို မြေတိုင်း ဦးစီးဌာနမှ တိုင်းတာနေပြီး မအီးချောင်း တလျှောက်ရှိ တောင်ကုန်း များနှင့် မအီမြို့သစ် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ မြေဧက စုစုပေါင်း ၁၂၉၀၀၀ ဌားရမ်းမည် ဖြစ်ကြောင်း အဆိုပါ ဂျာနယ်တွင် ဖေါ်ပြသည်။

ယခုအခါ အဆိုပါ ငှားရမ်းမည့်မြေများကို ပြည်နယ် ခရိုင်နှင့်မြို့နယ်အဆင့် မြေစာရင်းဦးဌာနများမှ သွားရောက် တိုင်းတာထားပြီ ဖြစ်ကြောင်း မအီမြေစာရင်းဌာနမှ အရာရှိတဦး အပြောကို ကိုးကားဖော်ပြထားသည်။

တောင်ကုတ်မြို့နယ်အတွင်း လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက စတင် ရာဘာ စိုက်ပျိုးခဲ့ကြရာ ယခုအခါ ပုဂ္ဂလိကပိုင် ရာဘာ စိုက်ဧက ၂၂၃၁ ဧကနှင့် အမှတ် စက်မှု(၁) ၀န်ကြီးဌာနပိုင် ရာဘာ စိုက်ဧက ၉၇၈ ဧက ရှိကြောင်း သိရသည်။

ယခုငှားရမ်းခြင်းသည် ရခိုင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားကုမ္ပဏီတခုကို နှစ်ရှည် အပင်များ စိုက်ပျိုးရန်အတွက် မြေဧက အများအပြား ငှားရမ်းခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း မြေလွတ်မြေရိုင်းများ အများအပြားရှိသော်လည်း ဒေသခံရခိုင်လူမျိုးများ လုပ်ကိုင်ရန် အခွင့်အလမ်းများ ဆုံးရှုံးနေကြရသည်။

၂၀၀၇ ခုနှစ်အတွင်းကလည်း ရခိုင်ပြည်နယ်အတွင်းမှ လယ်ဧကပေါင်း ၅၀၀၀၀ သောင်းကို တဧက လျှင် အမေရိကန် ဒေါ်လာ ၈ ဒေါ်လာ နှင့် ၂၅ ဒေါ်လာ အကြား ဈေးနှုန်းဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ ငှားရန် နအဖ စစ်အာဏာပိုင်များက သဘောတူ ခဲ့သော်လည်း ယခုတိုင် အကောင်းအထည်ဖော်မှု မရှိနိုင်ဘဲ ရှိနေကြောင်း သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */