ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ ပြောနေကြလို့ အခုလက်ရှိ အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲဆိုတဲ့ အမည်ကို သေချာ စဉ်းစားကြည့်မိတယ်။ ဘယ်လိုများ အမည်ပေးရင်ကောင်းမလဲဆိုပြီး ရွေးကောက်ပွဲ ဆိုတဲ့ အမည်အစား လက်ရှိမတရားသိမ်းပိုက်ထားတဲ့ အာဏာကို တရားဝင် ဖြစ်အောင် ပြည်သူလူထုကု အတင်းထောက်ခံခိုင်းတဲ့ လုပ်ဆောင်ချက် ဒါကြောင့် "အရေခွံလည်းပွဲ " လို့ဘဲ ခေါ်စေချင်တယ်။ မြွေဆိုတာ အချိန်တန်ရင် အရေခွံလည်းလေ့ရှိတယ် ။ ဒါပေမယ့် အဆိပ်ပြင်းတဲ့ မြွေတစ်ကောင် အရေခွံလဲလိုက်တာနဲ့ သူရဲ့ ဂုဏ်သတ္တိစွမ်းအင်ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး အခုအစိုးရ သုံနူန်းတဲ့ ရွေးကောက်ပွဲဆိုတာလည်း မြွေအရေခွံလဲသလိုပါဘဲ ။ ယူနီဖောင်းလေးချွတ် လိုက်တာနဲ့ သူတို့လုပ်ခဲ့တဲ့ မတရားမှုမှန်သမျှကို ပြည်သူက လက်ခံ နိုင်တယ်လို့ ထင်နေတာ သူတို့တွေရဲ့ အတွေးပါ ။ သူတို့တွေ အရေခွံလည်းကြပေမယ့် သူတို့ရဲ့ ပင်ကို မကောင်းဆိုးဝါး ၀ါဒတွေကို အခုချိန်ထိ လုပ်ကိုင်ဆောင်ရွက်နေကြတာလည်း အားလုံးအသိပါ ။ ၂၀၀၈ အခြေခံဥပဒေထုတ်ကတည်းက တရားမျှတမှုဆိုတာ ပါမလာတာ သိပြီးသားပါဗျာ ။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ သေချာစဉ်းစားစေချင်တယ် ။ ရှုံးမယ်မှန်းသိရဲ့သားနဲ့ ၀င်ပြိုင်တာ မကောင်းဘူးဗျ ။ မြတ်သော အရှုံသမားဆိုတာ အမှန်တရားအတွက် တိုက်ပွဲဝင်ပြီး ပြည်သူလူထု ကောင်းစားရေးကို ရှေ့ရှုထားတဲ့ သူတွေကို ခေါ်ဆိုတာပါလို့ ကျွန်တော် နားလည်ထားပါတယ်။
ဒီမိုကရေစီ ကို အခုကျင်းပမယ့်ရွေးကောက်ပွဲ ၀င်မှ ရမယ်ထင်နေတာကိုက အတွေးအခေါ်လွဲချော် နေကြတာပါ ။ လက်ခံကြတာ လူတစ်စု ၊ သူတို့ အကြောင်းပြမှာက တစ်နိုင်ငံလုံးမဲပေးပြီး သူတို့ကြံ့ဖွတ်ပါတီ အနိုင်ရတယ်လို့ကြေငြာမှာ အားလုံးသိပြီးသား ။ ဒါကိုဘဲ ဒီမိုကရေစီ လမ်းစဉ်ကို ချဉ်းကပ်တာပါလို့ လူထုကိုစည်းရုံးပြီး ထောက်ခံခိုင်း ပြောဆိုခိုင်း နေတာတော့ တကယ့်ကို မှားနေပြီဗျာ ။ကျွန်တော့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အခုအရေခွံလဲပွဲ ကို ၀င်တဲ့ ပါတီတော်တော် များများက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါတာကို အခွင့်ကာင်း တစ်ရပ်နေနဲ့ ယူဆပြီး ၀င်ရောက်ယှဉ်ပြိုင်ကြတာ ပါဘဲ ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရထားတဲ့ NLD သာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင် အခုဝင်တဲ့ပါတီ အားလုံး အပြတ်အသတ်ရှုံးမှာကို သူတို့ သိရှိနေကြလို့ပါဘဲ ။
ရွေးကောက်ပွဲ ကို မဲမပေးရင် ဘာဖြစ်လာနိုင်သလဲ ဆိုတာကို သေချာတွေး ကြည့်ကြရအောင် ။
သူတို့ လုပ်သမျှ ထောက်ခံပေးမယ့် သူရှိသလို့ သူတို့ရဲ့ အမှားတွေကို လက်မခံသူတွေ များစွာ ရှိနေသေးတယ်ဆိုတာကို သူတို့ သဘောပေါက် လာကြလိမ့်မယ်။
သူတို့လုပ်သမျှ ပြည်သူလူထုက ခေါင်းငုံ့ခံနေမှာ မဟုတ်ပါဘူး ဆိုတာကို သူတို့ သိရှိနားလည် လာကြလိမ့်မယ် ။
ဒါဆိုရင် ပြည်သူလူထု လက်ခံနိုင်မယ့် နည်းလမ်းတွေကို သူတို့ စဉ်းစားလာကြလိမ့်မယ်။
အမှန်တရားကို လက်ခံလိုသူတွေ များလာတာ ဟာ အမှားလုပ်သူတွေ အတွက်နေရာ မရှိပါဘူးဆိုတာ လက်တွေ့ပြကြဖို့ ဘယ်သူ့ကိုမှ မဲမပေးဘဲ ဥပက္ခာ ပြုထားလိုက်တာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံး ပြည်သူ့ဆန္ဒကို ဖော်ထုတ်ပြသတာပါဘဲ ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အရေခွံလဲပွဲကို လက်မခံကြပေမယ့် ရွေးကောက်ပွဲဆိုရင် တော့ လက်ခုပ်တီးပြီး အားပေးမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။
ကျွန်တော်တို့ ပြည်သူလူထု ကလည်း တရားမျှတမှုရှိပြီး ပြည်သူဆန္ဒ အစစ်အမှန် ဖော်ထုတ်နိုင်တဲ့ ရွေးကောက်ပွဲဆို ၀မ်းသာအားရ ကြိုဆိုကြမှာပါ ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
Tuesday, August 24, 2010
အရေခွံလဲပွဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment