“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, August 22, 2010

တနိုင်ငံလုံးတွင် ဖွတ်များကြမ်းနေ


အယောက် ၁၀၀၀ (တစ်ထောင်) ပေါင်းလို့  လူစိတ် မရှိသော ကြံ့ ဖွတ်ရှူးများ နှင့် ခြင်္သေ့ ယောင်ဆောင် အရိုင်းကောင် အောင်သိန်းလင်း)ဖြည့်စွပ် Dtm.
ကြံ့ဖွံ့ပါတီရုံးများ တနိုင်ငံလုံးတွင် ဖွင့်လှစ် NEJ / ၂၀ သြဂုတ် ၂၀၁၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းများကို မြန်မာတနိုင်ငံလုံး၌ ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ယင်းပါတီသည် လူမှုရေးလုပ်ငန်းများ လုပ်ရန်ဟုဆိုကာ အစိုးရမဟုတ်သောအသင်းအဖြစ် ၁၉၉၃ ခုနှစ်၌ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ပါတီအဖြစ် ပြောင်းလဲကာ ပြီးခဲ့သည့်ဧပြီ (၂၉) ရက်၌ ရွေးကောက်ပွဲကော်မရှင်တွင် လျှောက်ထားခဲ့ပြီး ဇွန် (၈) ရက်၌ မှတ်ပုံတင်ခွင့်ကျကာ ပါတီကို နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် အပေါင်းပါ ၀န်ကြီးများက ဦးဆောင်ထားသည်။

ရန်ကုန်တွင် ကြံ့ဖွံ့ပါတီ ရုံးချုပ်ကို ယခင် ကြံ့ဖွံ့အသင်းရုံးချုပ်တည်ရှိရာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် နေရာတွင်ပင် ထားရှိကာ ရုံးချုပ်ဆိုင်းဘုတ်တင်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲကျော်တွင် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဦးစီးကျင်းပခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပေါင်း (၄၅) ခုရှိ ကြံ့ဖွံ့ပါတီရုံးများကိုလည်း ယနေ့ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ကြံ့ဖွံ့ပါတီမှ စည်းရုံးရေးမှူးတဦးက “အခု မြန်မာနိုင်ငံအနှံ့ ဒေသတွေမှာ စည်းရုံးရေး ဆင်းနေတာ ကြာပါပြီ။ ပါတီဝင်တွေလည်းများတယ်။ အဲဒီထဲမှာ အသင်းတုန်းက အသင်းဝင်တွေကို ပါတီဝင်အဖြစ် ပြောင်းလိုက်တာလည်း ရှိတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အစိုးရ၀န်ထမ်းတွေကို ပါတီဝင် မလုပ်ခိုင်းပါဘူး။ တခုတော့ရှိတာပေါ့၊ သူတို့က မဲပေးလို့ရတယ်။ မဲပေးတဲ့အခါ ခြင်္သေ့ (ကြံ့ဖွံ့ပါတီ) ကို မဲပေးဖို့ စည်းရုံးထားပါတယ်” ဟု ပြောသည်။

ယနေ့ရုံးချုပ်ဖွင့်ပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြကြောင်း ဖွင့်ပွဲတက်ရောက်ခဲ့သည့် ပြည်ပသတင်းဌာနတခုမှ သတင်းထောက်တဦးက ပြောသည်။

“မြို့တော်ဝန်ကတော့ ပြောတယ်၊ သူတို့အနေနဲ့ ပါတီလုပ်တာဟာ ပြည်သူတွေရဲ့ အနာဂတ်အတွက် ဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံကို တိုင်းတပါးလက်အောက် မရောက်သွားဖို့ အစိုးရအနေနဲ့ ဆက်လက် ထိန်းသိမ်းတာဖြစ်တယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ကြံ့ဖွံ့ပါတီ၏ အသေးစိတ်ဖွဲ့စည်းမှုများကိုမူ မြို့တော်ဝန်က ပြောဆိုခြင်းမရှိကြောင်း သိရသည်။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် တောင်ဥက္ကလာပမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းတဦးဖြစ်သည်။

အလားတူ ပဲခူးတိုင်းတွင်လည်း ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ တိုင်းရုံးအား ပါတီ၏ တိုင်းရုံးအဖြစ်လည်းကောင်း၊ ထိုအဆောက်အဦ ဘေးနားရှိ အဆောက်အဦငယ်တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဆိုင်းဘုတ်များကို တင်ထားကြောင်း မြို့ခံတဦးက ပြောသည်။

ထို့အတူ မန္တလေးတိုင်းအတွင်းတွင်လည်း ယခင်ရက်များကတည်းက ယနေ့တင်မည့် ဆိုင်းဘုတ်တင်ပွဲအတွက် ဖိတ်စာများ ဖြန့်ဝေထားပြီး ယနေ့ ဆိုင်းဘုတ်တင်ပွဲသို့ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း တက်ရောက်ကြောင်း သိရသည်။

မန္တလေးမြို့ခံတဦးက “သူတို့လာမယ်ဆိုတော့ လမ်းတွေပိတ်ထားတယ်။ မီးခိုးပြာ တိုက်ပုံနဲ့ ကြံ့ဖွံ့တွေတော့ အများကြီးပဲ” ဟု ခေတ်ပြိုင်သို့ပြောသည်။

ယခင်က မန္တလေးတိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံးတွင် တိုင်းအဆင့်ပါတီရုံးကို ယခုဖွင့်လှစ်ခြင်းဖြစ်သည်။ ထို့နောက် မန္တလေးရှိ စကျသီဟ ဘုရားဝင်းဓမ္မာရုံအတွင်းတွင် ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ကြကြောင်း သိရှိရသည်။

ယခင်တည်ရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား ပြီးခဲ့သည့် ဇူလိုင် (၆) ရက်တွင် တရားဝင်ဖျက်သိမ်းခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားသော ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖြစ် လျှောက်ထားသော ပါတီပေါင်း (၄၇) ပါတီဖြစ်ပြီး၊ တရားဝင်မှတ်ပုံတင်ခွင့်ပြုထားသော ပါတီပေါင်းမှာ (၄၁) ပါတီသာ ရှိသေးသည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */