“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, August 29, 2010

E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အခြေအနေ။

စက်မှုဇုန်များမှ လုပ်ငန်းရှင်အချို့ နယ်မြို့များအထိဆင်း၍ အလုပ်သမား ရှာဖွေနေရ၊ လစာနှင့် အခွင့်အရေးကြောင့် အလုပ်သမားရှားပါးနေ PDF Print E-mail
စက်မှုဇုန်များမှ လုပ်ငန်းရှင်အချို့ နယ်မြို့များအထိဆင်း၍ အလုပ်သမား ရှာဖွေလာရမှုများ ရှိလာကြောင်း စက်ရုံအချို့နှင့် စက်မှုဇုန်လုပ်သားများထံမှ စုံစမ်းသိရှိရသည်။



ယင်းကဲ့သို့ အလုပ်သမားများအား နယ်မြို့များအထိ ဆင်း၍ ခေါ်ယူလာမှုများသည် အလုပ်သမားများစွာ လိုအပ်မှုကြောင့် ဖြစ်နေပြီး စက်မှုဇုန်တွင် လုပ်ကိုင်ကြသည့် အလုပ်သမားအများစုမှာလည်း စက်ရုံ တစ်ခုတည်းတွင် ကြာရှည်စွာ လုပ်ကိုင်ကြမှုမရှိကြဘဲ မကြာခဏအလုပ်မှ ထုတ်ပယ်မှုခံရခြင်းကြောင့် သော်လည်းကောင်း၊ အလုပ်မှနုတ်ထွက် ခြင်းကြောင့် သော်လည်းကောင်း စသည်တို့ကြောင့် စက်ရုံများတွင် အလုပ်သမား လိုအပ်မှုများ ရှိလာ ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် စက်ရုံအချို့မှာ အလုပ်သမားရရှိနိုင်ရေးအတွက် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်မြို့နယ်များမှ အလုပ်လာလျှောက်ကြသူများကို အချိန်မရွေး အလုပ်ခန့်လာခြင်း သာမက နယ်မြို့များအထိပါ တိုက်ရိုက်ဆင်းကာ အလုပ်သမားရှာဖွေမှုများ ပြုလုပ်လာကြခြင်း ဖြစ်ကြောင်း သိရသည်။


စက်ရုံများမှ အခြေခံ အလုပ်သမားများအား ခေါ်ယူရာတွင် အများအားဖြင့် ပညာအရည်အချင်းကို မူလတန်းအောင် အဆင့်ပင်ခေါ်ယူမှုများကြပြီး အချို့စက်ရုံများမှာမူ အထက်တန်းပညာ အဆင့်ရှိမှာသာ ခေါ်ယူမှုများလည်း ရှိကြကြောင်း သိရသည်။


"မင်္ဂလာဒုံ စက်မှုဇုန်မှာရှိတဲ့ စက်ရုံတစ်ခုက အခြေခံအလုပ်သမားကို လူဦးရေရာနဲ့ချီပြီး ခေါ်တာကြောင့် အလုပ်သွားလျှောက်ဖြစ်ခဲ့တယ်။ အဲဒီစက်ရုံက အထည်ချုပ်လုပ်ငန်း မဟုတ်တဲ့အတွက် အခြေခံအလုပ် သမားခေါ်တာကို ပညာအရည်အချင်း အနိမ့်ဆုံးဆယ်တန်းအဆင့် ရှိမှခေါ်ပြီး အင်တာဗျူးအရင်ဖြေလို့အောင်မှ အလုပ်ဝင်ရပါတယ်။ ပေးတဲ့လစာကတော့ တစ်လကိုကျပ်သုံးသောင်း ၀န်းကျင်ပေးပြီး သူတို့ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအရ မှား ယွင်းမှုတစ်ခုခုလုပ်မိပြီ ဆိုတာနဲ့ ဒဏ်ကြေးက ကျပ်တစ်ထောင်အနည်းဆုံး ဆောင်ရမယ်လို့ စက်ရုံကတာဝန်ရှိ သူတွေကပြောတယ်။ ကျွန်မအလုပ် စ၀င်တဲ့နေ့မှာပဲ အဲဒီစက်ရုံမှာတာဝန်ရှိတဲ့သူ တချို့က နယ်တွေကို သူတို့ ကိုယ်တိုင်ဆင်းပြီး အလုပ်သမား ရှာဖွေဖို့သွားကြတယ်။ ဘာလို့လဲဆိုတော့ စက်ရုံမှာအလုပ်သမားတွေက မကြာခဏ အလုပ်ထွက်ကြပြီး တစ်ခါထွက်ရင်လည်း အယောက် ၅၀ ၀န်းကျင်လောက် အနည်းဆုံးထွက်ကြလို့ နယ်တွေကိုဆင်းပြီး အလုပ်လုပ်ချင်တဲ့သူတွေကို နေစားငြိမ်းလိုက် ခေါ်ကြတာဖြစ်တယ်"ဟု မကြာသေးမီ ကာလက စက်ရုံတစ်ခုတွင် အလုပ်ဝင်ရောက် လုပ်ကိုင်နေသူတစ်ဦးက ပြောပါသည်။
လုပ်သားတစ်ဦးချင်းစီရဲ့ အနိမ့်ဆုံး တစ်ရက်ဝင်ငွေကိုတော့ တစ်ရက် ကျပ် ၁၁၀၀ အောက် မရောက်စေဖို့ မေတ္တာရပ်ခံထားတာ ရှိပါတယ်။ အလုပ်သမားတိုင်းကို တစ်လငွေ ကျပ်သုံးသောင်းအထက် ရရှိအောင် သက်ဆိုင်ရာက လုပ်ငန်းရှင်တွေကို ပြောကြားထားတဲ့ သဘောပါ


ယင်းသို့ နယ်မြို့များအထိ ဆင်း၍ အလုပ်သမားရှာဖွေရာတွင် ပညာအရည်အချင်းအား အခြေခံပညာ အလယ်တန်းအဆင့်ဖြင့်ပင် အင်တာဗျူးမေးခြင်းမပြုဘဲ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စက်ရုံအများစုတွင် အခြေခံဝန်ထမ်းများအား နေ့ပိုင်းအလုပ်ချိန်နှင့် ညပိုင်းအလုပ်ချိန်ဟူ၍ အလုပ်ချိန်ခွဲကာ အလှည့်ကျလုပ်ခိုင်းမှုများလည်း ရှိကြကြောင်း သိရသည်။ "အလုပ်က အချိန်ပြည့်မတ် တပ်ရပ်ပြီး လုပ်ရတာဖြစ်တဲ့အတွက် ညောင်းလို့ ခဏထိုင်တာကိုတွေ့တာ နဲ့ဒဏ်ကြေးဆောင်ဖို့ နာမည်မှတ်သွားတော့တာပဲ။ ဒဏ်ကြေးဆောင်ရမှာ စိုးလို့ ဒီအတိုင်းနေပြန်ရင်လည်း မကြာခဏ ခြေထောက်ယောင်တာ တွေဖြစ်တယ်"ဟု စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောပါသည်။


မြန်မာနိုင်ငံရှိ စက်မှုဇုန်လုပ်သားများ၏ လုပ်အားခမှာ ဒေသတွင်းနိုင်ငံများရှိ စက်မှုဇုန်လုပ်သားများ၏ လုပ်အားခနှင့်နှိုင်းယှဉ်ပါက အဆပေါင်းများစွာ နည်းပါးနေသေးကြောင်း၊ ထို့ပြင် ပြည်တွင်းအလုပ် သမားများ၏ ရပိုင်ခွင့်သည်နည်းပါးနေပြီး အလုပ်ချိန်မှာ စက်ရုံအမျိုးအစား ပေါ်မူတည်၍ အမျိုးမျိုးကွဲပြားလျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း" ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကစက်မှုဇုန်တွေမှာ စက်မှုဇုန်လုပ်သား တစ်ယောက်ကို အနိမ့်ဆုံးလစာ ဘယ်လောက်ပေးရမယ်။ အမြင့်ဆုံးလစာ ဘယ်လောက် ပေးရမယ်ဆိုတာမျိုး သတ်မှတ်ထားတာတော့ မရှိပါဘူး။ လုပ်သားတစ်ဦးချင်းစီရဲ့ အနိမ့်ဆုံး တစ်ရက်ဝင်ငွေကိုတော့ တစ်ရက် ကျပ် ၁၁၀၀ အောက် မရောက်စေဖို့ မေတ္တာရပ်ခံထားတာ ရှိပါတယ်။ အလုပ်သမားတိုင်းကို တစ်လငွေ ကျပ်သုံးသောင်းအထက် ရရှိအောင် သက်ဆိုင်ရာက လုပ်ငန်းရှင်တွေကို ပြောကြားထားတဲ့ သဘောပါ"ဟု ပြော ကားခဲ့သည်။


စက်မှုဇုန်ဆိုင်ရာပညာရှင်တစ်ဦး က "ဒေသတွင်းနိုင်ငံတွေထဲမှာ ဆိုရင်တရုတ်နိုင်ငံက လုပ်သားဦးရေ အများဆုံးနိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဈေးကွက်စီးပွားရေး စတင်စဖွင့်တုန်းက စက်မှုဇုန် အခြေခံလုပ်သား တစ်ဦးကို လစာအမေရိကန် ဒေါ်လာ ၅၀ ၀န်းကျင် ရရှိပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း တက်လာပြီး အခုအချိန်မှာ ဒေါ်လာ ၅၀၀ လောက်အထိ ရရှိနေကြပါတယ်။ စင်ကာပူ စက်မှုဇုန်လုပ်သားတွေဆိုရင် အမေရိကန်ဒေါ်လာ ၁၀၀၀ ၀န်းကျင်၊ ထိုင်းစက်မှုဇုန် အထွေထွေလုပ်သား တွေဆိုရင် ဒေါ်လာ ၃၀၀ ၀န်းကျင် အထိ တစ်ဦးချင်းပျမ်းမျှနှုန်းနဲ့ ရရှိနေကြပါတယ်။ ပြည်တွင်းမှာရှိတဲ့ အထည်ချုပ်လုပ်သားတွေရဲ့လုပ်အားခတွေ သက်သာတာကြောင့် မြန်မာပြည်ကို အထည်ချုပ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ဖို့ စီစဉ်ကြပေမယ့် သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် အနည်းငယ် ရင်းနှီးမြှုပ်နှံမှု နည်းနေသေးတာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။


လုပ်ငန်းမျိုးစုံရှိ အလုပ်ရှင်နှင့် အလုပ်သမားအကြား ခိုင်မာသည့် အကျိုးခံစားခွင့် ရရှိလာစေရန် သဘောတူ ကတိစာချုပ်များကို တရားဝင်ချုပ်ဆိုသည့် စနစ်ကျင့်သုံးမှုများလည်း ရှိလာကြောင်း သိရသည်။


နှစ်ဦးသဘောတူ ကတိစာချုပ်များ ချုပ်ဆိုရာတွင် အလုပ်သမားနှင့် အလုပ်ရှင်တို့၏ နှစ်ဦးသဘောတူ ရပိုင်ခွင့်၊ အခွင့်အရေးနှင့်ဖြစ်ချင်သည့် ဆန္ဒတို့အား ညှိနှိုင်းချုပ်ဆိုကြ ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ချုပ်ဆိုရာတွင် ခိုင်မာစေရန် သက်ဆိုင်ရာလူကြီးများနှင့် ရှေ့နေရှေ့ရပ်များ၊ တရားဝင်တန်ဖိုးပြည့် တံဆိပ်ခေါင်းများဖြင့် အခိုင်အမာချုပ်ဆိုကြကြောင်း သိရသည်။


အလုပ်သမားများအတွက် ရပိုင်ခွင့် ပိုမိုလာစေရန် အလုပ်သမားများ၏ ခွင့်ရက်၊ အလုပ်ပိတ်ရက်နှင့် သက်ဆိုင်သည့်ဥပဒေကို သက်ဆိုင်ရာက ပြင်ဆင်ပေးခဲ့သည့် နောက်ပိုင်း အလုပ်သမားများတွင် ၎င်းတို့ရပိုင်ခွင့်များ နှင့်ပတ်သက်၍ အသိပညာများလည်း တိုးပွားလာရာ ယခုအခါတွင် အလုပ်သမားနှင့် အလုပ်ရှင်အချို့အကြား သဘောတူကတိစာချုပ်များ ချုပ်ဆိုလာကြပြီဖြစ်ကြောင်း သိရသည်။


အလုပ်သမားများ အတွက် ရပိုင်ခွင့်များပိုမိုလာစေရန် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အား ဥပဒေအမှတ် ၆/၂၀၀၆ ဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။ ယင်း ဥပဒေ ပြဋ္ဌာန်းခဲ့ခြင်းကြောင့် အလုပ်သမားများ အကြား၌ အလုပ်သမားများနှင့် သက်ဆိုင်သည့် ရပိုင်ခွင့်များ နှင့်ပတ်သက်၍ အသိပညာတိုးပွားခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။


သဘောတူ ကတိစာချုပ်ချုပ် ဆိုခဲ့သည့် အလုပ်သမားများထဲတွင် စက်မှုလုပ်ငန်းဆိုင်ရာ အလုပ်သမား အချို့နှင့်အလုပ်ရှင်အချို့ ပါဝင်ခဲ့ပြီး အမျိုးသား အလုပ်သမားများအပြင် အမျိုးသမီး အလုပ်သမားများပါ ပါဝင်ကြောင်း သိရသည်။


အလုပ်သမားအချို့သည် ၎င်းတို့လိုအပ်ချက်များနှင့် စက်ရုံလုပ်ငန်းရှင်အကြား ညှိနှိုင်းကာ သဘောတူစာချုပ် ချုပ်ဆိုဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း တရားဝင်စာချုပ်ချုပ်ဆိုမှုကြောင့် နှစ်ဦးနှစ်ဖက်ခိုင်မာသည့် အကျိုးခံစားခွင့်များ ပိုမိုရရှိလာနိုင်ကြောင်း သိရသည်။


အလုပ်သမားများက ၎င်းတို့လိုအပ်ချက်များအား အလုပ်ရှင်များနှင့် ကတိစာချုပ်ချုပ်ဆိုရာတွင် လစာထုတ်သောနေ့တွင် အလုပ်မှဆင်းခွင့်ပြု ပေးရမည့်အချိန်၊ အလုပ်ပိတ်ရက်၊ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ရချိန်၊ နေမကောင်းဖြစ်ပါက ခွင့်နှင့်ပတ်သက်၍ အကျိုးခံစားခွင့်၊ သာရေး နာရေးနှင့်ပတ်သက်၍ ခွင့်ခံစားခွင့်၊ တစ်နှစ်လျှင် ရရှိလိုသည့်ခွင့်ရက် အရေအတွက်တို့နှင့် ပတ်သက်၍ ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရသည်။ ၎င်းတို့၏ သဘောထားများအပေါ် လုပ်ငန်းရှင်က သဘောတူညီပေးခဲ့ကြောင်း၊ သဘောတူစာချုပ်တွင် ပါဝင်သော အချက်အလက်များကို အလုပ်သမားကဖြစ်စေ၊ အလုပ်ရှင်ကဖြစ်စေ တစ်ဦးဦးက ဖောက်ဖျက်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရနိုင်ကြောင်း သိရသည်။


အလုပ်ရှင်နှင့် အလုပ်သမား များအကြား နှစ်ဦးသဘောတူ ကတိစာချုပ်ကို တရားဝင်ချုပ်ဆို၍ နားလည်မှု ယူထားခြင်းအားဖြင့် လုပ်ငန်းအတွက် အကျိုးရှိစေပြီး အလုပ်သဘောအရလည်း အလုပ်ပေါ်တွင် တစ်ဦးနှင့်တစ်ဦး ပိုမိုလေးစားမှု ရှိလာစေနိုင်ကြောင်း၊ စာချုပ်ပါ သဘော တူညီမှုကို တစ်ဦးဦးကဖောက်ဖျက် ပါကလည်း ထိရောက်စွာအရေးယူခြင်းဖြင့် လုပ်ငန်းခွင်တိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်ကြောင်း အလုပ်ရှင် အလုပ်သမားရေးရာနှင့် ပတ်သက်၍ စာတမ်းပြုစုထားသူ ဥပဒေပညာရှင်တစ်ဦးက ဆိုပါသည်။


အလုပ်သမားများ၏ ရပိုင်ခွင့် နှင့် အခွင့်အရေးများအား ဥပဒေများ ပြဋ္ဌာန်း၍လည်း ကာကွယ်ပေးထားကြောင်း သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */