“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, August 19, 2010

လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေ ဆိုင်တွင် မိုက်မှ ဓာတ်လိုက်သေဆုံးမှု သတင်း



လားရှိုးမြို့ လားရှိုးကောလိပ်အနီး သီရိရွှေစင်ကာရာအိုကေဆိုင် ( ပိုင်ရှင် မှာ ဦးစိုင်းစံမင်း နှင့် ဒေါ်နန်းမေ၀င်း ဟုသိရ) တွင် ၂၇.၇.၂၀၁၀ ည ၈ နာရီခွဲဝန်းကျင်တွင် ကာရာအိုကေစက်ချို့ယွင်းချက်ကြောင့် သီချင်းဆိုသော မိုက်ကရိုဖုန်းတွင် ပြင်းထန်သောလျှပ်စစ်စီးကြောင်းဖြစ်ပေါ်ပြီး ပထမထပ်တွင် သီချင်းဆိုနေသော မောင်စောမားကတ်စ် ဖရီးဒမ်း (ဦးစောတိုင်းကျော်) + ဒေါ်နန်းဆောင်ခမ်းတို့၏ သားကြီး၊ နွဲ့နောရပ်ကွက်၊ ကျိုင်းတုံမြို့နေုသူ အသက် ၂၇ နှစ်အရွယ် လူငယ်တဦးကို နေရာတွင်ပင်ချက်ချင်း သေဆုံးစေခဲ့သည်ဟုသိရသည်။ ကြမ်းခင်းသည် ကြွေပြားခင်းထားပြီး မည်သည့်လျှပ်ကာပစည်းမှ ခင်းကျင်းထားခြင်း မရှိဟုသိရသည်။ ထိုအဖြစ်ကြောင့် ထူးချွန်ထက်မြက်ပြီး မိခင်မုဆိုးမ နှင့်ကျောင်းသားညီငယ် ၂ ဦးကို အလုပ်အကျွေး
ပြုနေသော နိုင်ငံတကာလူမှုကူညီရေးအဖွဲ့ ကဲရ်အင်တာနေရှင်နယ်မြန်မာ ၏ Field Office Coordinator အဖြစ်တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

မိသားစုနှင့်ခွဲခွာပြီး တနယ်တကျေးးတွင် သွားရောက်အလုပ်လုပ်ကိုင်နေသာ သားဖြစ်သူ၏ အဖြစ်ဆိုးကြောင့် ကျိုင်းတုံမြို့မှ လားရှိုးမြို့သို့ အပြေးရောက်လာသော မိခင်ဒေါ်နန်းဆောင်ခမ်းနှင့် ညီနှစ်ဦးအား ကာရာအိုကေ ဆိုင်ပိုင်ရှင်သည် ရပ်မိရပ်ဖများနှင့်အတူလာရောက်တွေ့ဆုံပြီး ကာယကံရှင်များနှင့် ထပ်တူဝမ်းနည်းကြောင်း၊ ၄င်းတို့မှ နစ်နာကြေးငွေ ကျပ်သိန်း (၃၀) ပေးမည်ဖြစ်ကြောင်းနှင့်အမှုကို ကာယကံရှင်ဘက်မှ ကျေအေးပေးရန်ဟု တောင်းဆိုခြင်းကို အားလုံးရှေ့တွင်ကတိပေးနှစ်ဦးသဘောတူခဲ့သော်လည်း အသုဘကိစ္စပြီးသွားချိန်တွင် ဆိုင်ရှင်မှ ကတိကိုဖောက်ဖျက်ပြီး အာဏာရှိသူများနှင့် ပူးပေါင်းကာ သက်သေများ၊
ရင်ခွဲစစ်ဆေးချက်အဖြေများ ကိုဖျောက်ဖျက် ပြောင်းလဲရန်ကြိုးစားခဲ့သည်ဟု NGO ၀န်ထမ်းလောကအတွင်း ခိုင်လုံသောသတင်းများအရသိရပါသည်။ ထိုထက်မကသေးဘဲ ဆိုင်တွင် စက်ကိုင်အလုပ်လုပ်သောအသက်မပြည့်အလုပ်သမား ( ၁၆ နှစ်သား)ကလေး၏ အပြစ်သာဖြစ်သည်ဟု ဆိုင်ပိုင်ရှင်မှစွပ်စွဲပြီး ထိုကလေးကို ဖြစ်ရပ်၏ တရားခံအဖြစ် အချုပ်ထဲသို့ ထည့်ထားသည်ဟုသိရှိရသည်။ ယနေ့ ၅.၈.၂၀၁၀ ထိတိုင် ဆိုင်ပိုင်ရှင်မှ လျှော်ကြေးပေးရန် အကြောင်းအမျိုးမျိုးပြ ရှောင်နေပြီး စစ်အာဏာပိုင်များထံ ချည်းကပ်ကာ အမှုကို မြန်မြန်ပိတ်သိမ်းနိုင်ရန်နှင့် ၁၆နှစ်သားလေးအား ၄င်းတို့အစား ပြစ်ဒဏ်ကျခံနိုင်စေရန် နည်းလမ်းပေါင်းစုံသုံး ကြိုးစားနေသည်ဟု စုံစမ်းသိရှိရသည်။ ကာရာအိုကေဆိုင်တွင် သီချင်းဆိုသောသူများ နှင့် အလုပ်လုပ်နေသောသူများ သတိထား ဂရုပြုစရာဖြစ်ရပ်ဖြစ်ပြီး လားရှိုးမြို့နှင့် NGO လောကတွင် လူအများစိတ်ဝင်စားဆုံး ဖြစ်ရပ်ဖြစ်နေသည်ဟုလည်းသိရပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */