“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, August 19, 2010

ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ

မျိုးချစ်သူ | ဒီမိုကရက်တစ် ပါတီ (မြန်မာ) ကိုယ်စား ၀င်ရောက် အရွေးခံ လိုသော အများပြည်သူများသည် ၎င်းတို့ပါတီသို့ ဆက်သွယ်နိုင်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။

ရွေးကောက်ပွဲကော်မရှင်ထံ အမတ်လောင်းများ စာရင်းတင်ပြရမည့်ရက်ကို သြဂုတ် (၁၆) ရက်မှ သြဂုတ် (၃၀) ရက်အထိ ရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့ခြင်းကြောင့် ယင်းပါတီ အနေဖြင့် အခက်အခဲများ တွေ့ကြုံနေရကာ အထက်ပါ အတိုင်း ပြည်သူများထဲမှ ဒီမိုကရက်တစ် ပါတီ (မြန်မာ) အမည်ကို အသုံးပြုကာ လွှတ်တော် အမတ်များ အဖြစ် လျှောက်နိုင်ရန် အတွက် ကမ်းလှမ်း လိုက်ခြင်း ဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ဒီမိုကရက်တစ် ပါတီ (မြန်မာ)သည် မြန်မာနိုင်ငံတွင် နေရာဒေသ (၂၀၀) ကျော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထားသော ပါတီဖြစ်သည်။

“အခုနေရာ (၁၀၀) တောင် ပြည့်ဖို့ မလွယ်ဘူး။ အဲဒီအတွက် ပြည်သူတွေ ထဲက ဘယ်သူတွေက လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်နိုင်မလဲ ဆိုတာကို မီဒီယာတွေက တဆင့် ပြောရတော့မယ် အချိန်လည်း ကပ်လာပြီ” ဟု ဦးသုဝေက ပြောသည်။

ထို့အပြင် ဒီမိုကရက်တစ် ပါတီ (မြန်မာ) အနေဖြင့် ၎င်းတို့ရရှိခဲ့ပြီးသား အမတ်လောင်း (၁၀၀) ခန့်ထဲမှ လျော့ကျသွားနိုင်မည်ဟုလည်း ထင်ကြောင်း ဦးသုဝေက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရန်ကုန်တွင် နေရာအနှံ့ မဲဆွယ်စည်းရုံးမှုများ လုပ်နေသည့်အပြင် မက်လုံးပေးစည်းရုံးမှုတို့ကြောင့် အခြားပါတီများအနေဖြင့် ကိုယ်စားလှယ်ရရှိစေရေး စည်းရုံးရန် ခက်ခဲကြောင်း ပါတီများက တညီတညွတ်တည်း ပြောဆိုကြသည်။

“ကြံ့ဖွံ့ပါတီက အစိုးရကြောထောက်နောက်ခံ ပြုထားတဲ့ပါတီဆိုတာလည်း လူတိုင်းသိကြပါတယ်။ သူတို့အတွက် ငွေကြေးအခက်အခဲ လုံးဝမရှိဘူး။ တနိုင်ငံလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့က ရွေးချယ်တဲ့အခါ ဘယ်သူက ဘာဆိုတာကို သိနေဖို့လိုတာ အရေးကြီးနေပါတယ်” ဟု ရန်ကုန်မှ စာရေးဆရာတဦးက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)က လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆက်သွယ်နိုင်ကြောင်း ပြည်သူသို့ ပန်ကြားလွှာထုတ်ပြန်သကဲ့သို့ အခြားပါတီများအနေဖြင့်လည်း ယင်းသို့ဆောင်ရွက်လာနိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက “ကျနော်တို့ပါတီကတော့ (၅) နေရာကို ပြိုင်မှဖြစ်မယ်။ အရင်ကပဲ ပြောထားပြီးသားပါ။ ကျနော်တို့ပါတီကို နာမည်သုံးပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားချင်သူတွေက ဆက်သွယ်နိုင်တယ်ဆိုတာပါပဲ” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က သြဂုတ် (၁၃) ရက်တွင် တရားဝင် ကြေညာခဲ့သည်။

ယခုအခါ ရွေးကောက်ပွဲ ၀င်ရန် ပါတီပေါင်း (၄၀) ကျော် လျှောက်ထားကြရာ (၃၉) ပါတီကို မှတ်ပုံတင်ချပေးခဲ့ပြီး ပါတီဝင် စာရင်း တင်ပြပြီးသော ပါတီမှာ (၁၇) ပါတီသာ ရှိသေးသည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သောစာရင်းများအရ သိရသည်။

source by : ခေတ်ပြိုင်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */