“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, August 26, 2010

ငုံ့ ခံမလား တော်လှန်မလား ( မတရားတာတွေ မျက်စေ့ရှေ့ မှာ)


ပြည်သူ့ကုန်တိုက် စစ်ဗိုလ်ချုပ်ကြီးသားကို လွှဲပေး နရီလင်းလက် Thursday, August 26, 2010
မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က လွှဲပြောင်းယူ ထားသည့် ပြည်သူ့ ကုန်တိုက်အား စစ်ဗိုလ်ချုပ်ကြီး တဦး၏ သားကို Ruby Mart Shopping Center အဖြစ် ပြောင်းလဲ တည်ဆောက် ဖွင့်လှစ်ခွင့်ပြု လိုက်ကြောင်း သိရသည်။

ရန်ကုန် ပန်းဆိုးတန်းရှိ ပြည်သူ့ကုန်တိုက်ကို ပြန်လည်ပြုပြင် ဆောက်လုပ်ဆဲ Ruby Mart Shopping Center (ဓာတ်ပုံ - မြန်မာတိုင်းမ်)
ယင်း ပြည်သူ့ ကုန်တိုက် အဆောက် အအုံကို ဒု ဗိုလ်ချုပ်ကြီး တင်အေး၏သား ဦးဇော်မင်းအေးအား ရှော့ပင်းစင်တာ ဖွင့်လှစ်ရန် လွှဲပြောင်းပေး ထားကြောင်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် အသိုင်းအ၀န်းမှ စုံစမ်းသိရသည်။

“ဦးပိုင်က သူတို့နဲ့ နီးစပ်တဲ့သူကို ပြန်အငှား ချပေးတဲ့ သဘောပဲ။ အစိုးရပိုင် အဆောက် အအုံကို ပုဂ္ဂလိကကို ရောင်းတယ် ဆိုပေမယ့် ပြန်ဝယ်တာ ကလည်း အာဏာပိုင်တွေ ဖွဲ့ထားတဲ့ အဖွဲ့အစည်း တခုပဲလေ။ တန်ဖိုး ဘယ်လောက်နဲ့ လေလံခေါ်တာ မသိရသလို ဘယ်သူက ၀ယ်လိုက်တယ် ဆိုတာလည်း မသိလိုက်ရဘူး။ ဒီလို အဆောက် အအုံတွေက အာဏာပိုင်နဲ့ ပတ်သက် တဲ့ သူတွေပဲ ရတာများတယ်”ဟု မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှ ဒု ဗိုလ်မှူးကြီး တဦးက ပြောသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချပေးရေးအစီအစဉ်အရ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချူပ်အောင်ဆန်းလမ်းထောင့်ရှိ ပြည်သူ့ကုန် တိုက် ဟု လူသိများခဲ့သော ကုန်သွယ်လယ်ယာရုံးဟောင်းကို မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးရုံးချုပ်မှ ပိုင်ဆိုင်ထားပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ရောင်းချပေးခဲ့ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

“နှစ်ဆန်းပိုင်းလောက်ကတည်းကစပြီး အဆောက်အအုံတော်တော်များများကို စရောင်းနေတာ အဲဒီအထဲမှာ ပြည်သူ့ ကုန် တိုက်လည်း ပါတယ်။ အာဏာပိုင်တွေ ရောင်းလိုက်တဲ့ ရှေးဟောင်းရုံး အဆောက်အအုံတွေ အကုန်လုံးက စစ်အစိုးရရဲ့ ဆွေမျိုး ဒါမှမဟုတ် သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပဲ များတယ်”ဟု သူက ဧရာဝတီကို ပြောသည်။

အဆောက်အအုံနေရာ ဟောင်းကို ဖျက်ကာ Ruby Mart ကို နိုင်ငံတကာအဆင့်မီ ရှော့ပင်းစင်တာအဖြစ် တည်ဆောက်နေ ကြောင်း သိရသည်။

“ဇန်န၀ါရီကတည်းက စဆောက်နေတာ အခု အဆောက်အအုံက တော်တော်ပြီးနေပြီ။ Decoration ပြင်ဆင်မှုလောက်ပဲ လိုတော့တယ်။ မိသားစုတွေအတွက် လိုအပ်တဲ့ ပစ္စည်းသေးသေးလေးကနေ မော်တော်ယာဉ်ပစ္စည်းအထိ ၀ယ်လို့ရအောင် ရောင်းချပေးသွားမှာ”ဟု Ruby Mart မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက ဆက်၍“ဦးပိုင်ကနေ လုံးဝ ရောင်းလိုက်တာမျိုးမဟုတ်ဘဲ လုပ်ပိုင်ခွင့်ပေးလိုက်တယ်ဆိုတဲ့ သဘောမျိုး။ အကုန် ပြင် ဆင် ဆောက်ပြီး လုပ်ချင်သလို လုပ်လို့ရတယ် ဆိုတဲ့ အနေအထားမျိုး။ ဒါပေမယ့် အမြတ်ပြန်ရလာတဲ့ အခါ ဘယ်လောက် ရာခိုင်နှုန်းပေးရမယ်ဆိုတဲ့ သဘောတူညီချက်မျိုးနဲ့ လုပ်ခဲ့တာ”ဟု သူက ပြောသည်။

မိုးဆမ်းပန်း မီဒီယာ ဥက္ကဌ ဦးဇော်မင်းအေးမှာ ဒုတိယ လက်ရှိတွင် Eco Vision စာစောင်နှင့် Messenger ဂျာနယ်ကို ထုတ်ဝေ နေသူဖြစ်ပြီး မိုးဆမ်းပန်း မီဒီယာမှ ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ခွင့်ကို ရရှိခဲ့သူတဦးလည်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လကလည်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက်အဦး မြေနေရာကို ကျပ် သိန်းပေါင်း တသိန်း သုံးသောင်း နှင့် ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက်သို့ ရောင်းချလိုက်ပြီး ဈေးဝယ်စင်တာ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ၀ဏ္ဏကျော်ထင် ဦးအောင်ဇော်နိုင်သည် အာဏာပိုင်များနှင့် နီးစပ်သည့် အာရှဓန ဘဏ် လုပ်ငန်းရှင် ဦးအိုက်ထွန်း၏သား ဖြစ်သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ နိုင်ငံပိုင် အဆောက်အအုံများအပြင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ကြယ်ငါးပွင့် သင်္ဘော လိုင်းများကို ယခုနှစ်အတွင်း လွှဲပြောင်း ရယူခဲ့သည်။

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ သင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်းများ အပါ အ၀င် ပြည်သူပိုင်လုပ်ငန်း အများအပြားဖြင့် စစ်တပ်ရန်ပုံငွေ ရှာပေးနေသော စီးပွားရေး အစုအဖွဲ့ဖြစ်သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */