မင်းချမ်း၊ ကောင်းဝါ ဝါခေါင်လဆန်း ၄၊ ၁၃၇၂။ သြဂုတ် ၁၄၊၂၀၁၀။
မင်းချမ်း(သြဂုတ်-၁၄)။ ။ ယနေ့နံနက်(၀၃း၃၀) ခန့်အချိန်၌ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီးတွင် ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပေါ်ခဲ့သည့်အပြင် မြေစာရင်းရုံးရှေ့တွင်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း အမည်မဖေါ်လိုသူဝန်ထမ်းတစ်ဦး ပြောသည်။
ထိုပေါက်ကွဲသံကို ထိုင်းနယ်မြေရှိ ဘုရားသုံးဆူရွာ၊ ဘုရားကုန်းရပ်ကွက်နေ ရွာခံများလည်း ကြားသိရကြောင်း အတည်ပြုပြောကြားသည်။
“အသံအကျယ်ကြီးကြားရပါတယ်၊ လက်နက်ကြီးအသံလား၊ မိုင်းဗုံးသံလားတော့ မပြောတတ်ဘူး” ဟု ရွာခံတစ်ဦးပြောသည်။
ဘုရားသုံးဆူမြို့၌ ယမန်နှစ်တွင်ဖြစ်ပေါ်ခဲ့သောပေါက်ကွဲမှုတစ်ရပ်အပျက်အစီးတစ်ချို့
ဘုရားသုံးဆူမြို့၌ ယမန်နှစ်တွင်ဖြစ်ပေါ်ခဲ့သောပေါက်ကွဲမှုတစ်ရပ်အပျက်အစီးတစ်ချို့
ထိုပေါက်ကွဲမှုကြောင့် ထိခိုက်မှုသတင်းများ မကြားသိရသေးပေ။
အဆိုပါပေါက်ကွဲမှုမှာ ဘုရားသုံးဆူမြို့အပြင် မဲကသာသို့သွားသည့်လမ်း ဒီကေဘီအေစောအေဝမ်းဂိတ်အနီးရှိ ရာဘာခြံတစ်ခုတွင် မိုင်းဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပေါ်ခဲ့သည်ကိုစုံစမ်းသိရှိရကြောင်း တပ်မဟာ(၆) ကေအဲန်ယူထောက်လှန်းရေးအရာရှိတစ်ဦး ပြောသည်။
ထို့အပြင် “မြေစာရင်းရုံးကို လက်ပစ်ဗုံးပစ်ထည့်လိုက်တယ်လို့ ယူဆရတယ်၊ ဗုံးကမကွဲဘူး၊ အထိအခိုက်မရှိ” ဟု ဘုရားသုံးဆူမြို့မှ ရဲဝန်ထမ်းတစ်ဦး သုံးသပ်ပြောဆိုပါသည်။
လွန်ခဲ့သည့် ကြာသပတေးနေ့တွင်လည်း ဘုရားသုံးဆူမြို့၊ မီးအားပေးထရန်စဖေါ်မာတစ်လုံးအောက်တွင် လက်လုပ်ဗုံးတစ်လုံး မြန်မာအာဏာပိုင်များတွေ့ရှိသိမ်းဆည်းခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
ပုံမှန်အားဖြင့် ဘုရားသုံးဆူဒေသ၌ ဗုံးတွေရှိမှု၊ ဗုံးဖေါက်ခွဲမှုပြဿနာများ သုံးလတစ်ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းမှတ်တမ်းများရှိခဲ့သော်လည်း ယခုတွင်တစ်ရက်ခြား၍ ဗုံးတွေ့ရှိမှုဖြစ်ပေါ်ခဲ့သည်။
ဘုရားသုံးဆူ၌ ခလရ(၃၂) တပ်ရင်း၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ဒီကေဘီအေ၊ အပစ်ရပ်ကရင်ငြိမ်းချမ်း ရေး(ဟောင်သရောဒေသ) KPF, KNU/KNLA-PC ဗိုလ်ထိန်မောင်အဖွဲ့၊ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရကို တိုက်ခိုက်နေဆဲဖြစ်သည့် KNU တပ်မဟာ ၆ လှုပ်ရှားရာဒေသလည်း ဖြစ်သည်။
ဘရားသုံးဆူဒေသရှိ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးပြုလုပ်သွားရန် စစ်အစိုးရမှအစီအစဉ်ချမှတ်နေသော်လည်း လက်တွေ့အကောင်အထည် မဖေါ်နိုင်သေးဟု သိရသည်။Rest of your post
Saturday, August 14, 2010
ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေးလက်ပစ်ဗုံးတစ်လုံးလည်းတွေ့ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment