“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, August 22, 2010

“ပျက်အောင်ဖျက်ကြရမယ့် ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စိတ်ဓါတ်စစ်ဆင်ရေး”

မောင်ချင့်ချိန်

"အာရုံဦးမှာဖူးသည့်ကြာ"တဲ့၊ အင်တာနက်စာမျက်နှာတွေနဲ့ Group Mail
တွေထဲမှာ အပြောများလာပြီးပါတဲ့သရုပ်ဆောင်တွေကို ဆန္ဒပြရေး မပြရေး ၊
အငြင်းပွား နေကြကထဲက ကျွန်တော်စိတ်ဝင်စားခဲ့တာပါ။ န၀တ/နအဖ (စစ်အာဏာရှင်)
ခေတ် ၂၂ နှစ်သက်တမ်းမှာ"ပါပီမ"ဇတ်လမ်းကစလို့ ခု"အာရုံဦးမှာဖူးသည့်ကြာ"
ထိ စစ်အုပ်စုရဲ့ဝါဒဖြန့်ချီရေး ၊ ပေါ်လစီကားဆိုတာတွေ မနည်းတော့ပါဘူး
၊အဆင့်တန်းရှိရှိ ၊ သိက္ခာရှိရှိနဲ့
ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမယ်ဆိုပြီးပြည်သူကိုစည်းရုံးတဲ့ဇတ်ကားတွေထက်
တဘက်(တော်လှန်သူတွေ)ကိုမဟုတ်တမ်းတရားပြောအပုတ်ချရိုက်ကူးထားတဲ့
အောက်တန်းကျတဲ့ ဇတ်လမ်းတွေပဲ ဖြစ်ခဲ့ပါတယ်။

၁၉၇၄အလုပ်သမားအရေးတော်ပုံ၊ ဦးသန့်ဈာပနနဲ့
ရှစ်လေးလုံးအရေးတော်ပုံကြီးကို ထိခိုက်စော်ကားထားပြီး ၊
သမိုင်းကိုလိမ်ညာထားတဲ့အဲဒီဇတ်ကားမှာပါဝင်
သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်တွေကို ဗီဇာပိတ်ဘို့တောင်းဆိုတာတွေ ၊
နေတိုးနဲ့အဖွဲ့ကိုအင်္ဂလန်မှာဆန္ဒပြကြတာတွေ ၊ ဘတ်ဖဲလိုးမြို့မှာ
ဝိုင်းစုခိုင်သိန်း ကို ဆန္ဒပြကြတာတွေနဲ့ကိုယ့်အချင်းချင်း
အငြင်းပွားရတာတွေအတွက် ဒီဇတ်ကားအကြောင်းရေရေရာရာသိချင်ပြီး
လေ့လာဖြစ်ခဲ့ပါတယ်။

ရုပ်ရှင်ကိုမကြည့်ရခင်မဇ္ဈိမသတင်းဌာနနဲ့
တင်သန်းဦး(အဲဒိကားရဲ့ဇတ်ညွှန်းနဲ့ဒါရိုက်တာ)တို့ရဲ့အင်တာဗျူးကိုအရင်ဖတ်ဖြစ်ခဲ့ပါတယ်
၊ အဲဒီမှာထဲက တင်သန်းဦး ကိုယ်တိုင်က
ဒီဇတ်ကားဟာနအဖပြန်ကြားရေးဝန်ကြီးဌာနရဲ့
ပြောင်ကျလွန်းတဲ့စိတ်ဓာတ်စစ်ဆင်ရေးဖြစ်နေတယ် ၊
သူကိုယ်တိုင်သဘောမကျတာတွေရှိတယ် ဆိုတာမျိုးဝန်ခံထားတာတွေတွေ့ရတဲ့အတွက်
တင်သန်းဦးလိုစိတ်ဓါတ်စစ်ဆင်ရေးဌာနမှာနှစ်၂၀ကျော်လုပ်ခဲ့တဲ့
ဦးစီးအရာရှိပထမတန်း
ဒုဗိုလ်မှုးကြီးတယောက်တောင်စိတ်မပါပဲလုပ်ပေးခဲ့ရပါတယ်ဆိုရင်
သာမန်အနုပညာရှင်တွေမျှသာဖြစ်တဲ့၆၈ယောက်သောလူကြမ်းတွေ၊နိုင်ငံကျော်မင်းသားမင်းသမီးတွေ
၊ မော်ဒယ်တွေ ကရောစိတ်ပါလက်ပါရိုက်ပေးခဲ့ရတာ ဟုတ်ပါဦးမလား ၊ ပြီးတော့
ဘယ်လောက်တောင်သိမ်ဖျင်းယုတ်ညံ့အောက်တန်းကျနေမလဲ စဉ်းစားမိပါတယ် ။

ဒီနေရာမှာသရုပ်ဆောင်တွေကိုဆန္ဒပြသင့်သလားဆိုတဲ့
အငြင်းပွားဖွယ်ရာအကြောင်းအရာတစ်ခုကိုကြားဖြတ်ပြောချင်ပါတယ် ၊
အနုပညာသည်ဆိုတာလဲ အာဏာရှင်ခိုင်းရာလုပ်ရတဲ့ဖိနှိပ်ခံတွေပါပဲဆိုပေမဲ့
အကန့်အသတ်တော့ရှိရပါမယ် ၊ အနုပညာသည်ဆိုတာကိုကပြည်သူလူထုကကျွေးတာစားပြီး
ပြည်သူကို အလုပ်အကြွေးပြုဘို့ပါ ၊ပြည်သူကိုအဆိပ်ဆေးတိုက်ဘို့မဟုတ်ပါဘူး ၊
ဇတ်ကားတစ်ကားရိုက်ဘို့ ထုတ်ဝေသူတွေ ၊ဒါရိုက်တာတွေကကမ်းလှမ်းလာရင်
ဇတ်လမ်းကိုအရင်ဖတ်ပြီးမှာလက်ခံကြရတာပါ ၊ဇတ်ဝင်ခန်းမှာပြောရမဲ့
ဒိုင်ယာလော့(စကားလုံး)တွေကိုလဲ ကြိုပြီးကျက်မှတ်ထားရတာပါ ၊
ဒီတော့"မသိလို့ပါ"ဆိုတာမျိုးဆင်ခြေက ယုတ်တိမတန်သလို ၊
"မလွန်ဆန်နိုင်လို့ပါ"ဆိုရင်လဲဘာအတွက်မလွန်ဆန်နိုင်တာလဲ ထပ်မေးရမှာပါ ၊
ပြည်သူကို အသိမှားအယူအဆမှားတွေ ဖြစ်စေတာအနုပညာကိုသစ္စာဖေါက်တာဖြစ်သလို
ပြည်သူကိုစော်ကားတာလဲဖြစ်ပါတယ် ၊
အဲဒီတော့သူတို့လဲဖိနှိပ်ခံတွေပါပဲလေဆိုပြီးငြိမ်နေလိုက်ရင်
ပြည်သူကိုခံစားမှုတွေပေးနိုင်စွမ်းရှိတဲ့ အနုပညာသည်တွေ
လမ်းမှားဆက်လျှောက်မိနေနိုင်ပါတယ် ၊ဘယ်သူမှဘာမှတတ်နိုင်တာမှမဟုတ်ပဲ ၊
အာဏာပိုင်တွေအလိုလိုက်
တာဘေးကင်းတာပဲဆိုတဲ့သူတွေကိုလဲ၊ဘယ်လိုအခြေအနေမှာမှပြည်သူကိုစော်ကားလို့မရဘူးဆိုတာပြရပါမယ်၊ဒီတော့
သရုပ်ဆောင်တွေကိုဆန္ဒပြသင့်ပါတယ်၊ပြကိုပြကြရပါမယ် ၊
ကန့်ကွက်ရှုတ်ချကြရပါမယ် ၊ တခုတော့ရှိပါတယ် ၊
သရုပ်ဆောင်တွေအနေနဲ့မလွန်ဆန်နိုင်လို့ပါဝင်မိခဲ့တာပါဆိုတာနဲ့ ၊
တကယ့်ဖြစ်ရပ်မှန်
ဇတ်လမ်းမဟုတ်ပဲအာဏာပိုင်တွေဖန်တီးထားတဲ့ဇတ်လမ်းသာဖြစ်တယ်ဆိုတာ
မီဒီယာတွေကနေ ပြည်သူသိအောင်ဝန်ချတောင်းပန်ရင်ခွင့်လွှတ်ပေးရပါမယ်၊
သဘောထားကြီးရမယ် ၊ မြင့်မြတ်ရမယ် ၊ အမြင်ကျယ်ရမယ်ဆိုပြီး
ဝါရင့်နိုင်ငံရေးသမားကြိးတွေလိုလေသံနဲ့အနုပညာသည်လောက်ကိုဆန္ဒပြဘို့မလိုဘူးယူဆသူ
တွေအနေနဲ့ လွတ်လပ်စွာကွဲလွဲခွင့်ရှိပေမဲ့၊ ပြည်သူကိုစော်ကားရင် ၊
ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းသွေးနဲ့ရေးခဲ့တဲ့သမိုင်းတွေကိုဖျက်ဆီးရင်
၊ ဘယ်သူ့ကိုဖြစ်ဖြစ်ဆန့်ကျင်ရမှာပဲယူဆတဲ့
စစ်အာဏာရှင်တွေရဲ့ယုတ်မာကောက်ကျစ်မှုတွေကိုခါးခါးသီးသီးနာကျည်းခံပြင်းနေသူတွေရဲ့
သဘောထားကိုတော့ ကန့်လန့်မလုပ်သင့်ပါဘူး ၊ခုလိုအချိန်
ဝန်ချတောင်းပန်ဖြေရှင်းမှုမလုပ်ရသေးတဲ့
အနုပညာသည်တွေကိုဖက်လှဲတကင်းဆက်ဆံခြင်းဟာ လူမိုက်အားပေးလုပ်နေ သလို ၊
ရန်သူ(စစ်အာဏာရှင်တွေ)ရဲ့ဝါဒဖြန့်စိတ်ဓါတ်စစ်ဆင်ရေးလုပ်ငန်းတွေကို
အထောက်အကူပြုပေးနေသလိုဖြစ်စေမယ်ဆိုတာသတိထားသင့်ပါတယ်။

ဇတ်ကားအကြောင်းပြန်ဆက်ရရင်မဇ္ဈိမသတင်းဌာနနဲ့ တင်သန်းဦးအင်တာဗျူးမှာတင်
စိတ်ဝင်စားစရာအချက်တွေတွေ့ပါတယ် ၊ တင်သန်းဦးကိုယ်တိုင်ရဲ့အပြောတွေထဲက
"ဦးတည်ချက်က ဘာကိုဆိုလိုချင်တာလဲ။ဦးတည်ချက်တချက်ပဲပေး။ ရုပ်ရှင်ကားက
ထိုင်ကြည့်ရင် ဦးတည်ချက်က တချက်ပဲပေးရမှာ ၊ ခုဇာတ်လမ်းကဟိုဘက်ပဲ
ဦးတည်ရမလိုလို ဒီဘက်ပဲ ဦးတည်ရမလိုလို "ဆိုတာမျိုးနဲ့
"စိတ်ဓာတ်စစ်ဆင်ရေးမှာ ၂ မျိုးရှိတယ်။ တမျိုးက လျှို့ဝှက်ပြီးလုပ်တယ်။
ဘယ်သူလုပ်မှန်း မသိဘူးပေါ့နော်။စာရေးရင်တမျိုး ၊ အသံလွှင့်နေရင်လည်း
ဘယ်ကလွှင့်နေမှန်းမသိဘူး ဒါမျိုးတွေကစိတ်ဓာတ်စစ်ဆင်ရေးစနစ်ပေါ့ ။
နောက်တမျိုးက အထင် ကရလုပ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးလူသိရှင်ကြား
ဗြောင်ကြီးလုပ်တဲ့စစ်ဆင်ရေး။ ကျနော်သာ
စိတ်ဓါတ်စစ်ဆင်ရေးလုပ်ရင်ဒါမျိုးမလုပ်ဘူး။ ခုက နဲနဲလေး ဒဲ့ဒိုး
ဆန်တာပေါ့။ စိတ်ဓါတ်စစ်ဆင်ရေးဆိုတာဒဲ့ဒိုးမဟုတ်ဘူး။
လုပ်လို့လုပ်လိုက်မှန်း မသိအောင်လုပ်တာ။
စိတ်ဓါတ်စစ်ဆင်ရေးမှာမူဝါဒတခုရှိပါတယ်။ သီအိုရီ ပါပဲ ။
ပရိသတ်ရဲ့အကြိုက်ကို ဘယ်တော့မှ မဆန့်ကျင်ရတဲ့။ အခုဒီကားမှာဆိုရင်
ပြောင်းပြန်လောက်ဖြစ်တယ်။" ဆိုတာတွေက စိတ်ဝင်စားစရာအချက်တွေပါ။

တင်သန်းဦးလိုကိုယ်တိုင်ပေါ်လစီဇတ်လမ်းတွေရေး ၊
ဒါရိုက်တာလုပ်ဇတ်လမ်းတွေရိုက် ၊ဖော်လံဖားဆောင်းပါးတွေတောက်လျှောက်ရေးပြီး
၂၀၀၇ခုနှစ်ကမှ ကျန်းမာရေးမကောင်းလို့စစ်ဦးစီးပထမတန်း
ဒုဗိုလ်မှုးကြီးရာထူးကနေ
(ခံစားခွင့်တွေအများကြီးရပြီးမှ)အနားယူလိုက်တဲ့သူကဒီဇတ်လမ်းကျမှ
စိတ်မပါပဲလုပ်ပေး ခဲ့ရတာလို့ ဘာလို့ပြောတာလဲ ၊
ဒီဇတ်ကားအတွက်သမိုင်းဆိုင်ရာအချက်အလက်တွေစီစစ်တဲ့ ချစ်နိုင်စိတ်ပညာက
ဗိုလ်မှုးဟောင်း ၊ တက္ကသိုလ်မြတ်သူဆိုတာက(စစ်ဗိုလ်မှန်းဘာမှန်းသာမသိတာ)
သတင်းစာတွေမှာ စစ်အုပ်စုအလိုကျဝါဒဖြန့်ချီရေး ပင်တိုင်ဆောင်းပါးရှင်၊
တင်သန်းဦးနဲ့ကပုလင်းတူဗူးဆို့ ပြန်ကြားရေးဝန်ကြီး
ဌာနရဲ့အရေးပါအရာရောက်သူတွေ
၊ပရိသတ်ရဲ့အကြိုက်ကိုဆန့်ကျင်တယ်ဆိုတာလဲသိသိနဲ့ဆိုတော့ ဦးတည်ချက်ကဘာလဲ ၊
ဟိုဦးတည်ရမလိုဒီဦးတည်ရမလို ဖြစ်နေတယ်လဲ ပြောသေးတယ် ၊
စိတ်ဓါတ်စစ်ဆင်ရေးကျတော့ဒဲ့ဒိုးဆန်တယ်လဲပြောသေးတယ် ၊
တင်သန်းဦးအဖြေတွေမှာတင် မရိုးသားမှုတွေလဲရှိနေပါတယ်။

ဇတ်လမ်းကပထမပိုင်း၊ ဒုတိယပိုင်း ၊ ဇတ်သိမ်းပိုင်းဆိုပြီး
တပိုင်းမှာနှစ်ချပ်နဲ့စီဒီခြောက်ချပ်
။န၀ရတ်ရွှေစင်ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးကနေ ဖြန့်ချီတာပါ ၊ လက်
တွေ့ဘ၀နဲ့ကင်းကွာနေတဲ့ဘာဦးတည်ချက်ဘယ်နှစ်ရပ်ဆိုတာတွေနဲ့
ကြေငြာတွေအပြီးပထမဆုံးစာတမ်းထိုးတဲ့ကျေးဇူးတင်လွှာထဲက
ဝိုင်းဝန်းပါဝင်ထားရသူ တွေဖြစ်တဲ့တိုင်မှုးတွေ ၊ ၀န်ကြီးဌာနတွေ ၊
စစ်ဌာနချုပ်တွေ ၊ တိုင်းတယကတွေ ၊ စစ်တပ်တွေ ကိုကြည့်ရင်ဘယ်လောက်ထိ
ဝါဒဖြန့်ချီရေးရည်မှန်းချက် ကြီးကြီး ထားတဲ့ဇတ်ကားလဲ သိနိုင်ပါတယ် ၊
သမိုင်းကြောင်းနောက်ခံဖြစ်ရပ်မှန်ဇတ်လမ်းဆိုပြီးပါဝင်တဲ့ မင်းသားမင်းသမီး
၊ မော်ဒယ် ၊ ဇတ်ရံ ၊ လူကြမ်းတွေ ကြေငြာပြီးပထမဆုံးဇတ်ဝင်ခန်းမှာတင်
ဒီဇတ်ကားရဲ့ ပြောင်ကျတာရော ၊ မသိမသာရော ၊အောက်တန်းကျတာရော
စိတ်ဓါတ်စစ်ဆင်ရေးဆိုတာတွေ စတွေ့တာပါပဲ ။

မဲပေးကြရတော့မယ်ဆိုတာပါတယ်၊
ဆူဆူပူပူတွေမလုပ်ပြီးရောဆိုပြီး၁၉၉၀ရွေးကောက်ပွဲမှာNLDကိုမဲပေးခဲ့ကြတယ်ဆိုတာပါတယ်
၊ ၁၉၇၄ မှာတပါတီစနစ်ကိုရာနှုန်းပြည့်ထောက်ခံ အခြေခံဥပဒေအတည်ပြုခဲ့ပြီး
ကိုယ်အာဏာမရသူတွေထလုပ်တဲ့အလုပ်သမားအရေးအခင်းဖြစ်ခဲ့တယ်ပါတယ် ၊
အရေးအခင်းဖြစ်ရင် ကျောင်းသားတွေနစ်နာတယ် ၊ကျောင်းတွေအကြာကြီးပိတ်တယ်
ဆိုတာပါတယ် ၊ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးသက်တမ်းသုံးကြိမ်ဖြစ်ဘူးတဲ့ဦးသန့်က
အမေရိကားမှာပါမောက္ခလား ကထိကလားလုပ်နေပြီး
အစိုးရကနိုင်ငံခြားရေးဝန်ကြီးပေးပါမယ်ခေါ်တာတောင်ပြန်မလာတဲ့သူ ၊
ဟိုမှာသင်္ကြိုလ်လိုက်လဲရရဲ့သားနဲ့ အစိုးရက
ကြံတောမှာဂူလုပ်ပေးရအောင်ပြန်သယ်လာတာ ၊လုပြီးတက္ကသိုလ်ထဲမှာလာလုပ်တာလေ ၊
ကျောင်းသားက၂၀၀လောက်ထဲ အရပ်သားက ၆၀၀၀လောက်နဲ့
၊ဗကပယူဂျီတွေနဲ့ပြည်ပြေးတွေရဲ့လက်ချက်ပါ ၊ အဲဒီမှာလဲ ကျောင်း ၆
လပိတ်တာပဲလေဆိုတာမျိုးလဲပါတယ်၊နေပြည်တော်ဆိုတဲ့နေရာကလူတွေအပျော်အပါးသွားလာလို့ရတဲ့နေရာတွေပါတယ်
၊ အဲဒီကနေလွတ်လပ်ရေးရပြီးခေတ်၁၉၄၉ကိုရောက်သွားလိုက်တာ
နေ၀င်းအာဏာသိမ်းတဲ့၁၉၆၂ထိအလယ်သားစီဒီိလေးချပ်စာလုံးကို ဘုရားမရှိတရားမရှိ
၆၄ ဖြုတ်ထုတ်သတ်လမ်းစဉ်နဲ့ဖအေကိုသားကပြန်သတ် အချင်းချင်းတွေသတ်လုပ်တဲ့ဗကပ
၊ ရထားလမ်း မိုင်းထောင်
၊ရွာတွေဝင်ဆက်ကြေးကောက်လူသစ်စုမိန်းကလေးတွေဆွဲလုပ်တဲ့
KNU၊ပျူစောထီးလိုခါးပိုက်ဆောင်တပ်တွေမွေးပြီး ကိုယ်အာဏာရဘို့
သူငယ်ချင်းအချင်းချင်းတောင်ပြန်သတ်ခိုင်းနေတဲ့ တည်မြဲနဲ့သန့်ရှင်းဖဆပလ ၊
နိုင်ငံရေးဆိုတာအာဏာမက်မောသူတွေလုပ်တာ ၊
ရွေးကောက်ပွဲဥပဒေဆိုတာဒါပဲဆိုပြိးသေ နတ်ပြ
၊တပ်မတော်ကတော့အမြဲတမ်းကယ်တင်ရှင်ဆိုတာတွေပြသွားပြီး
နောက်ဆုံးချပ်မှာကျောင်းသားတွေအသတ်မခံရပဲအသတ်ခံရတယ် ၊
ကျောင်းသူတွေမုဒိန်းအကျင့်မခံရပဲခံရတယ်လိမ်ညာမြှောက်ပေးရာက
ရှစ်လေးလုံးဖြစ်လာပြီးခေါင်းတွေဖြတ်အလံကိုင်နှဘူးစီးနဲ့လူတွေကနေ့ခင်းကြောင်တောင်လမ်းပေါ်ဓါးပြ
တိုက်လုပ်တာတွေပါတယ် ၊
ရှစ်လေးလုံမှာဦးဆောင်တာကပျူစောထီးခေတ်ဖဆပလခေတ်မှာအာဏာလုခဲ့ကြသူတွေရဲ့သားသမိးတွေဆိုတာလဲ
ပါသေးတယ်၊ တောခိုကျောင်းသားတွေကမြို့ပေါ်ဖေါက်ခွဲရေးလုပ်ရအောင်ပြန်လာပြီး
ကိုယ့်လက်ထဲတင်ပေါက်ကွဲတာပါတယ် ။

ကဲ..ဘယ်မှာလဲအမှန်တရား..အာဏာလက်ဝယ်ရှိသူကသမိုင်းရေးစတမ်းလို့
ဇတ်အိမ်မခိုင်မာတဲ့ဆီသည်မလက်သုတ်ဆိုပေမဲ့ဒီတစ်ခါတော့သမိုင်းတွေလိမ်ယုံ
မဟုတ်တာတော့သေချာတယ် ၊ ဦးတည်ချက်တွေကနိုင်ငံရေးဆိုတာ အနိဌာရုံတွေ ၊
စိတ်ဝင်စားအပ်တာမဟုတ် ဆိုတာမျိုး နိုင်ငံရေးကိုလူတွေစိတ်မ၀င်စားစေ
ချင်တဲ့သဘောပါတယ် ၊ ရွေးကောက်ပွဲလုပ်တယ်ဆိုတာအချင်းချင်းနေရာလု ပြန်သတ်
စစ်ပွဲတွေဖြစ်လာနိုင်တယ်လို့ရွေးကောက်ပွဲအပေါ်စိတ်မ၀င်စားကြစေချင်
တဲ့သဘောတွေပါတယ် ၊ရွေးကောက်ပွဲဥပဒေဆိုတာဒါပဲလို့
သေနတ်ပြခြိမ်းခြောက်တဲ့သဘောတွေပါတယ် ၊
ပြည်သူတွေကိုရွေးကောက်ပွဲလဲစိတ်မ၀င်စားကြနဲ့ ၊
နိုင်ငံရေးလဲမပတ်သက်နဲ့ဆိုတာမျိုး ပြောင်ရောမသိမသာရော
စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာပါပဲ ။

ဒီနေရာမှာအငြင်းပွားနိုင်ပါတယ်၊ "ဟ စစ်အုပ်စုက ရွေးကောက်ပွဲ
ရွေးကောက်ပွဲနဲ့ လူတွေကြားထဲ အတင်းဝါဒဖြန့်နေတာ
၊လူတွေကိုရွေးကောက်ပွဲကိုစိတ်မ၀င် စားအောင်လုပ်တယ်ဆိုတာ
ဘယ်လိုဖြစ်နိုင်မှာလဲ "ငြင်းနိုင်ပါတယ်၊ သတိပြုကြရမှာက စစ်အုပ်စုဟာ
ပြည်သူလူထုရဲ့ဆန္ဒအတွက် ရွေးကောက်ပွဲလုပ်တာမဟုတ်ဘူးဆိုတာပါ ၊
စစ်တပ်အုပ်ချုပ်မှုကနေ
အရပ်သားအစိုးရတစ်ရပ်ပြောင်းပါပြီဆိုပြီးကမ္ဘာကိုလိမ်ဘို့ ၊
အပစ်ရပ်ထားတဲ့ငြိမ်းချမ်းရေးအဖွဲ့တွေကိုဆက်ထိမ်းနိုင်အောင် လို့၊
သူတို့စိတ်တိုင်းကျ အခွံချွတ် ဒါမှမဟုတ်
စစ်တပ်သြဇာခံကြံ့ဖွတ်၇၅%နဲ့စစ်ယူနီဖေါင်းဝတ်၂၅%လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်လာဘို့
ပြည်သူတွေရွေးကောက်ပွဲကိုစိတ်မ၀င်စားလေ ပိုကောင်းလေပါ ၊
ဒါ့ကြောင့်တဘက်ကရွေးကောက်ပွဲဆိုပြီးဟန်ပြနေသလောက်တကယ်တမ်းမှာ
ပြည်သူတွေရွေးကောက်ပွဲ
ကိုစိတ်မ၀င်စားကြအောင်စိတ်ဓါတ်စစ်ဆင်ရေးတွေလုပ်နေတယ်ဆိုတာ
သတိထားကြသင့်ပါတယ် ။

ဒီနေ့ပြည်သူတွေကြားမှာစစ်အုပ်စုလိုချင်တဲ့ပုံစံအတိုင်း ရွေးကောက်ပွဲကို
စိတ်မ၀င်စားကြပါဘူး ၊ စစ်အုပ်စုကလဲလူတွေစိတ်ဝင်စားစားမစားစား ၊
မဲလာပေးပေး မပေးပေး ၊ သူ့ဘာသာရွေးကောက်ပွဲလုပ်ပြီးသူ့စိတ်တိုင်းကျဖွဲ့မဲ့
အစိုးရတစ်ရပ်ကြေငြာမှာပါ ၊ရွေးကောက်ပွဲလုပ်ဖြစ်ပြိဆိုတာနဲ့
လက်ရှိအာဏာပိုင်တွေအားလုံး
ပြောင်ပြောင်တင်းတင်းကျောထောက်နောက်ခံပြုပေးနေတဲ့ လက်ရှိယူနိဖေါင်းဝတ်ရော
ယူနီဖေါင်းချွတ်ရောဦးစီးတဲ့ကြံ့ဖွတ်အဖွဲ့ကအလိုလိုအနိုင်ရသွားမှာပါ ၊
ရွေးကောက်ပွဲကိုသပိတ်မှောက်ကြဆိုယုံတင်ကတော့စစ်အုပ်စုအကြိုက်ပဲဖြစ်ပါလိမ့်မယ်
၊ စစ်အုပ်စုဖန်တိးထားတဲ့
စိတ်ဓါတ်စစ်ဆင်ရေးအဆင့်အတိုင်းပဲဖြစ်သွားမှာပါ၊ကျွန်တော်ဆိုလိုတာက
လက်ရှိအခြေအနေမှာရွေးကောက်ပွဲကိုသပိတ်မှောက်တယ်ဆိုယုံနဲ့စစ်အုပ်စုလုပ်ရပ်တွေကိုတားနိုင်မှာမဟုတ်ဘူး
၊ ရွေးကောက်ပွဲ ကို
ပျက်အောင်ကိုဖျက်မှစစ်အုပ်စုခြေလှမ်းကိုချိုးနိုင်မှာပါ ၊ ဒါဟာ
စစ်အာဏာရှင်လက်အောက်မှာနောင်ဘယ်လောက်ကြာဦးမလဲဆိုတဲ့အဖြေလဲ ဖြစ်ပါတယ် ၊
ပြည်သူတွေကိုရွေးကောက်ပွဲကိုစိတ်ဝင်စားအောင်ကိုလုပ်ရပါမယ် ၊ ဒါဟာ
မဲသွားပေးဘို့မဟုတ်ပါဘူး ၊ပျက်အောင်ဖျက်ဘို့စိတ်ဝင်စားစေရမှာပါ ၊
ဒီရွေးကောက် ပွဲဖြစ်သွားရင် ၊ပြီးသွားရင်ဆိုတဲ့အခြေအနေတွေကို
ပြည်သူတွေသေချာသိစေပြီး
ပျက်အောင်ဖျက်မှရမယ်ဆိုတဲ့စိတ်ဝင်စားမှုကိုဖြစ်စေသင့်ပါတယ် ၊ စစ်အုပ်စု
ကြေငြာထားတဲ့ နိုဝင်ဘာ(၇)ရက်မတိုင်မှီမှာလူထုအုံကြွမှုတွေ ၊ ရရာလက်နက်နဲ့
အခြေအနေပေးသလိုပြန်ခံချတာတွေလုပ်ပြီးစစ်အုပ်စုရဲ့ရွေးကောက်ပွဲကို
ပျက်အောင်ကိုဖျက်ကြရအောင်ပါ ။

တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်

မောင်ချင့်ချိန်Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */