“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, August 19, 2010

သူတို့ပဲ နိုင်မှာပါတဲ့

မဲ ထက်ဝက်ကျော်ဖြင့် ကြံ့ဖွံ့ နိုင်မည်ဟု ဦးအောင်သောင်း ပြောဆို

မဇ္ဈိမ | နွားထိုးကြီး ။ ။ စစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ထောက်ခံ မဲပေးမည့်သူ ၁၆ သန်း ရှိနိုင်ပြီး ရွေးကောက်ပွဲတွင် ၅ဝ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ရင်း လူယုံဖြစ်သူ အမှတ် ၁ စက်မှု ဝန်ကြီး ဦးအောင်သောင်းက ခန့်မှန်းပြောဆိုလိုက်သည်။


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယက ဖြစ်သော ကြံ့ဖွံ့ပါတီ မဲထက်ဝက်ကျော် ဖြင့်နိုင်မည်
သြဂုတ်လ ၉ ရက်နေ့တွင် မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အားကစားခန်းမ၌ ပြုလုပ်သော ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲတွင် ကြံ့ဖွံ့ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးအောင်သောင်းက ပြောကြား သွားခြင်း ဖြစ်သည်။

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် လူဦးရေ ၅၉ သန်း ကျော်ရှိသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အတွက် မဲပေး နိုင်သူမှာ သန်း ၃ဝ ခန့်ရှိသည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကြံ့ဖွံ့သည် ”မိုးရွာ၍ ဖားအော်သော ပါတီမဟုတ်” ဟု ဆိုကာ ပါတီသည် အခြား ပြိုင်ဘက်များထက် အစစအရာရာ သာလွန်မှု ရှိသည်ဟု ဦးအောင်သောင်းက ဆိုသည်။ သူသည် တောင်သာမြို့နယ် ဝဲလောင်ကျေးရွာ ဇာတိသားဖြစ်ပြီး မန္တလေးတိုင်းမှ ဝင်ရောက် အရွေးခံမည် ဖြစ်သည်။

သူကိုယ်တိုင်ပင် နွားထိုးကြီး၊ တောင်သာနှင့် မြင်းခြံတို့တွင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမှုများ လုပ်နေခဲ့သည်။ တောင်သာ မြို့နယ်များရှိ ကျေးရွာများကို ကြံ့ခိုင်ဖြိုး စံပြ ကျေးရွာများ အဖြစ် ထူထောင် ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ဒီပဲယင်းတွင် ၂ဝဝ၃ ခုနှစ်က အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် ၂ဝဝ၇ ခုနှစ် အစိုးရဆန့်ကျင်ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်မှုဖြင့် ကြံ့ဖွံ့မှာ နာမည်ပျက်ဖြင့် ကျော်ကြားသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီ၏ နိုင်ငံတဝှမ်း ရုံးဖွင့်ပွဲများနှင့် အလံတင်ပွဲများကို မနက်ဖြန် နံနက်တွင် ကျင်းပမည်ဖြစ်သည်။

source by : မဇ္ဈိမ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */