“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, August 21, 2010

2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ဒို့ အရေး ဒို့ အရေး

20.8.2010 ရက်နေ့ တွင်ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသော ကျောင်းသား၊ လူငယ်များ အင်အားစုများက ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အကြိုလှုပ်ရှားမှုအဖြစ် စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲဆန့် ကျင်ရေးပို့ စ်ကတ်ဒ် နှင့် ဓါတ်ပုံများကိုရန်ကုန်တိုင်းအတွင်းတွင် ရှိသော ဘုန်းတော်ကြီး စာသင်တိုက်များကို အဓိကထားရ်ျဖြန့် ဝေခဲ့ ကြကြောင်း သိရှိရပါသည်။

၎င်းလှုပ်ရှားမှုကို အဆိုပါ ကျောင်းသားအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်နေသော သံဃာတော် အရှင် သူမြတ်အချို့ က ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့ သောကျောင်းသား လူငယ်တစ်ဦးက ပြောကြားခဲ့ သည်။

"ရန်ကုန်တိုင်းအတွင်းမှာ ပါဝင်တဲ့ လှိုင်မြို့ နယ်၊ မင်္ဂလာတောင်ညွန့် မြို့ နယ်၊ ဒေါပုံမြို့ နယ်၊ သာကေတမြို့ နယ်၊သုံးခွမြို့ နယ်နှင့် သန်လျင်မြို့ နယ်တို့ မှာရှိတဲ့ စာသင်တိုက်တွေကိုအဓိကထားပြီးဖြန့် ဝေခဲ့ ပါတယ်။ စာသင်တိုက်တွေကို အဓိက ထားဖြန့် ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့  2010 ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက်၊ နိုင်ငံအတွက် ချောက်ကမ်းပါးကို တွန်းပို့ မယ့် ကိစ္စတစ်ခုပါဆိုတဲ့  message ကို စာသင်သား သံဃာတော်တွေက တစ်ဆင့် သူတို့ ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကို ရောက်အောင်လို့ ပြုလုပ် ရတာဖြစ်ပါတယ်။ဖြန့် ဝေတဲ့ ပို့ စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်းစစ် ဖြစ်အောင်ပြုလုပ်မယ့် 2010 ရွေးကောက်ပွဲကို ဆန့် ကျင်ကြဆိုတဲ့  စာသားတွေရယ်၊ တရားဝင်စစ်ကျွန်ဖြစ်စေမယ့် 2010 ရွေးကောက်ပွဲကို ဆန့် ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ ရွေးကောက်ပွဲမှာ မဲမထည့် ပဲနေတာဟာလဲ ပြည်သူတွေရဲ့ ကိုယ်ပိုင် အခွင့် အရေးပဲဆိုတဲ့ စာသားတွေရယ်ရေးထားပါတယ်" ဟုအဆိုပါကျောင်းသားလူငယ်မှပြောကြားသွားခဲ့ သည်။

ရန်ကုန်တိုင်းအတွင်း တက်ကြွလုပ်ရှားနေသေားကျောင်းသားလူငယ်များ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */