“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, August 12, 2010

ဗမာပြည်မှာ အနိုင်ကျင့်ပြီး ယူမည့်

ခြိမ်းခြောက်မှုများကြောင့် ကျားဖြူပါတီ သံလွင်အရှေ့ခြမ်း၌ ကြံ့ဖွံ့ပါတီကို ယှဉ်နိုင်ရန်မလွယ်
Thursday, 12 August 2010 19:34 မွေခေါဝ်
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီသည် သျှမ်းပြည်အရှေ့ပိုင်းဒေသခံလူထုအား စည်းရုံးရန် နှင့် မြို့နယ်ကော်မတီဖွဲ့များဖွဲ့စည်းရန် အလွန်ခက်ခဲကြောင်း၊ ကြံ့ဖွံ့အမာခံများကိုတိုးရန်မလွယ်ကြောင်း ကျားဖြူအသိုင်း အ၀ိုင်းထံမှ ကြားသိရပါသည်။

“ကျိုင်းတုံမြို့နဲ့အနီးတ၀ိုက်ရွာတွေမှာ စည်းရုံးရေးဆင်းတော့ SB ရဲနဲ့ထောက်လှမ်းရေးက တကောက်ကောက်လိုက် ကြည့်တယ်။ ပြီးရင်ဒေသခံတွေကို သွားမေးတယ်။ အဲဒါကြောင့်ဒေသခံတွေလဲ ခပ်ရွံ့ရွံ့ဖြစ်ပြီး ကျားဖြူပါတီနဲ့သိပ်မပတ် သက်ရဲကြဘူး။ ထိုးဖောက်နိုင်ဖို့ အရမ်းခက်ခဲတယ်” ဟု ကျားဖြူပါတီဝင်တစ်ဦးက ပြောပြပါသည်။

သျှမ်းပြည်အရှေ့ပိုင်း၌ ပါတီရုံးခွဲဖွင့်ထားသော ကျိုင်းတုံတွင် ပါတီဝင်အယောက် ၃၀ နှင့် မိုင်းပြင်းတွင် ၄-၅ ယောက် ခန့်သာရှိသေးကြောင်း သိရှိရသည်။

[ကျားဖြူပါတီအလံနှင့်လိုဂို]

ကျားဖြူပါတီအလံနှင့်လိုဂို

“မက်လုံးပေးခြိမ်းခြောက်ခံရလို့ ရပ်ရွာအကြီးအကဲတွေ အရင်ကတည်းက ကြံ့ဖွတ်အသင်းဝင်တွေဆိုတော့ အလိုလို ကြံ့ဖွတ်ပါတီဝင်တွေဖြစ်သွားရော။ တခြားပါတီဘက်မယိမ်းဘို့ အာဏာပိုင်တွေနဲ့ ကြံ့ဖွတ်အကြီးအကဲတွေကခြိမ်းခြောက် ထားသေးတယ်။ သာမာန်ရွာသူရွာသားတွေဆို ပိုပြီးမရဲဘူးပေါ့” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောပြပါ သည်။

ကျားဖြူပါတီ ကျိုင်းတုံဘက် စည်းရုံးရေးမဆင်းမီ လွန်ခဲ့သည့် ၂ လခန့်က ကျေးရွာများသို့ ကြံ့ဖွံ့ပါတီ ကွင်းဆင်း စည်းရုံး၍ ကော်မတီများဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ရွာသူရွာသားများအားလည်း အဓမ္မပါတီဝင်ခိုင်းကြောင်း ၎င်းက ဆက်လက်ပြောပြပါသည်။

ယခုလဆန်းပိုင်း၌ ကျားဖြူအမာခံ ၄-၅ ဦး သျှမ်းလူမျိုးအတော်များများနေထိုင်သည့် တာချီလိတ်သို့ စည်းရုံးရေးဆင်းခဲ့ သော်လည်း ထိုးဖောက်နိုင်ခြင်းမရှိဘဲ လက်ချည်းဗလာပြန်သွားကြရကြောင်း သိရှိရသည်။

တာချီလိတ်၌ မြို့နယ်ကော်မတီဖွဲ့စည်းပြီး ပါတီရုံးခွဲမဖွင့်နိုင်လျှင် အခြားမြို့များဖြစ်သော မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းဆိုလျှင် ပိုမိုခက်ခဲကြောင်း ကျိုင်းတုံပါတီဝင်တစ်ဦးကပြောပါသည်။

ကျိုင်းတုံ၌ လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် အလားအလာမရှိကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့် သူတစ်ဦးကလည်း ဤကဲ့သို့သုံးသပ်သည်။

“ကြံ့ဖွတ်ကိုနိုင်ဖို့ခက်မယ်။ ကြံ့ဖွတ်ဥက္ကဋ္ဌဦးသိန်းစိန်က တြိဂံတိုင်းမှူးဖြစ်ခဲ့ဖူးတော့ ကျိုင်းတုံမှာကြံ့ဖွတ်ပါတီမဖြစ်မနေ အနိုင်ရအောင်လုပ်မှာဘဲ။ အနိုင်ရအောင်နည်းလမ်းပေါင်းစုံသုံးဖို့ ပြင်ဆင်ထားပုံရတယ်။ ဒါကြောင့်လွတ်လပ်ပြီးတရားမျှ တတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အရိပ်အယောင်မတွေ့ရဘူး”

မိုင်းတုန်နှင့်မိုင်းဆတ်ဘက်ဒေသခံလူထုကမူ ကျားဖြူပါတီကိုစောင့်မျှော်နေကြကြောင်း၊ မိုင်းတုန်၌ ကြံ့ဖွံ့ပါတီကိုယှဉ်ပြိုင် ရန် အခက်အခဲမရှိနိုင်ကြောင်း ဒေသခံများကပြောကြသည်။

“ကျနော်တို့ပါတီ မိုင်းတုန်လဲ သွားမှာပါ။ ဟိုမိန်းအထိသွားစည်းရုံးမယ်” ဟု လွယ်လင်ကျားဖြူပါတီဝင်တစ်ဦးက ပြောပြပါ သည်။

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့တွင် သြဂတ်စ် ၉ ရက် မြို့နယ်ကော်မတီဖွဲ့စည်းပြီး ၁၃ ရက်၌ ပါတီရုံးခွဲဖွင့်လှစ် မည်ဖြစ်၏။ ၁၁ ရက် မိုင်းရှုးမြို့နယ်ကော်မတီလည်းဖွဲ့စည်းပြီးဖြစ်၏။ ယခုလဆန်းပိုင်းတွင် နမ့်ဇန်၊ လန်းခေး၊မောက်မယ်မြို့နယ် ကော်မတီများဖွဲ့စည်းပြီးဖြစ်သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */