“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, August 03, 2010

၂၀၁၀ မြန်မာ့ အလှမယ်ရွေးပွဲမှာ

က) အခုအစီအစဉ်ကတော့ ၂၀၁၀ မြန်မာ့ အလှမယ်ရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့
> အလှမယ်လေးများကို ဥာဏ်စမ်းမေးခွန်းများ မေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။
> အခုဖြေဆိုမယ့် အလှည့်ကျသူကတော့ ရှားရှားပါးပါး တယောက်တည်း ဝင်ပြိုင်ပြီး
> ပြိုင်ဘက်မရှိ နံပါတ် ၁ ပြေးနေတဲ့ အလှမယ်လေး ဆည်းဆာဝါဝါ ဖြစ်ပါတယ်၊ ညီမလေးက
> စိတ်အရမ်းကို လှုပ်ရှားနေတယ် ထင်တယ်....မျက်နှာက ငိုမလို ရယ်မလိုနဲ့။
>
> ခ) စိတ်လှုပ်ရှားတာပေါ့ရှင်.. ပြိုင်ဘက်မရှိတဲ့ ပွဲတွေမှာတောင် ရှုံးသွားရင်
> မရှိတဲ့အရှက် ကွဲရချည်ရဲ့။
>
> က) ကဲ.. ညီမလေးရေ ပထမမေးမယ့် မေးခွန်းလေးကတော့ မြန်မာနို်င်ငံမှာ အမြဲတမ်း
> စိမ်းလန်းနေတဲ့ အရာပာာ ဘာလဲ၊ ဘာကြောင့်လည်း ဆိုတာဖြေပါ။
>
> ခ) မြန်မာနိုင်ငံမှာ အမြဲတမ်း အစိမ်းလန်းဆုံး ဖြစ်နေတဲ့ အရာကတော့ စစ်တပ်ရဲ့
> ယူနီဖောင်းပဲ ဖြစ်ပါတယ်ရှင်။ ဘာလို့လည်းဆိုတော့ သစ်ပင်တွေတောင် အမြဲတမ်း
> မစိမ်းနိုင်ပါဘူး။ ဒါပေမယ့် စစ်တပ်ကတော့ ပိာုး...လွန်ခဲ့တဲ့ နှစ်ပေါင်း
> နှစ်ဆယ်ကျော်ကနေ အခုထိ အာဏာ တည်မြဲနေပြီး စိမ်းနေတဲ့ စစ်ယူနီဖောင်းတွေက
> လျော့ဖို့မရှိပဲ တိုးတိုးလာလို့ပဲ ဖြစ်ပါတယ်။
>
> က) ပာုတ်ပါပြီ... ဒုတိယမေးခွန်းကတော့ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး
> တိရစ္ဆာန်ကို ပြောပြပေးပါ။
>
> ခ) ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး တိရစ္ဆာန်တော့ မသိပါဘူးရှင်။ ဒါပေမယ့်
> မြန်မာနိုင်ငံမှာ အမြင့်မြတ်ဆုံး တိရစ္ဆာန်ကတော့ ဆင်ဖြူတော်ပဲ ဖြစ်ပါတယ်။
> ဘာလို့လည်းဆိုတော့ ခေတ်အဆက်ဆက်မှာ ဆင်ဖြူတော်ပိုင်တဲ့ ဘုရင်တွေပာာ
> ဘုန်းတန်ခိုးကြီးပြီး ရန်အပေါင်းကို အောင်နိုင်စေတယ်လို့ အယူရှိပါတယ်။
> ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း မရှိတဲ့ ဘုန်းတန်းခိုး
> ကြီးချင်တဲ့အတွက် ဆင်ဖြူတော်ရှာမရလို့ ရှိတဲ့လေယာဉ် ၂ စီးကို ဆေးဖြူသုတ်
> ဆင်ဖြူတော်လို့ အမည်ပေးပြီး စီးနေလို့ပါပဲ။
>
> က) ပာုတ်ကဲ့ပါ .. တတိယမေးခွန်းကတော့ တိုးတက်မှု တခုကြောင့် ဖြစ်ပေါ်လာတဲ့
> ဆုတ်ယုတ်ပျက်စိးမှု
>ူ့အခြေအနေတွေကို ဖြေပေးပါ။
>
> ခ) ဒါကတော့လွယ်ပါတယ်ရှင်... စစ်သားဦးရေ တိုးတက်မှုကြောင့် ပြည်သူတွေ
> ပိုပြီး ဒုက္ခ ရောက်ကြရပါတယ်။ ဘာလို့လည်းဆိုတော့ စစ်တပ်က အုပ်ချုပ်နေတဲ့
> ကာလတလျှောက်လုံး စစ်တပ်က ပြည်သူတွေကို မကာကွယ်ပဲ ပြည်သူတွေဆီကနေ
> အမြတ်ထုတ်နေရုံမက မုဒိန်းကျင့်၊ ခိုးဆိုး၊ လုယက်၊ သတ်ဖြတ် စတဲ့
> အကြမ်းဖက်မှု
>ူ့များစွာကိုလည်း ကျူးလွန်နေပါတယ်။ ဒါကြောင့် တဖြည်းဖြည်း ကြီးမားလာတဲ့
> စစ်တပ်အင်အားနဲ့အတူ ပြန်သူတွေပာာ ပိုပိုပြီး ဒုက္ခတွင်း နက်နေပါတယ်ရှင်။
>
> က) နောက်ဆုံးမေးခွန်းကတော့ ... ဘဝတသက်တာမှာ မမေ့နိုင်တဲ့ ထူးဆန်းတဲ့
> အကြောင်းအရာကို ဖော်ပြပေးပါ။
>
> ခ) ကျွန်မတသက်မှာ အထူးဆန်းဆုံးနဲ့ အံ့သြစရာ အကောင်းဆုံးကတော့
> မြန်မာနိုင်ငံရဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်ရှင်။
> ဘာလို့လည်းဆိုတော့ အခု ကျွန်မအသက် ၂၀ ပြည့်တဲ့အထိ နေကြတ်တာကိုတောင် ၂ ခါ ၃
> ခါ ကြုံဘူးပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဆိုတာကိုတော့ ကျွန်မ ဘဝတလျှောက်
> တခါမှကို မကြားဖူးခဲ့ပါဘူးရှင်။ ဒီတခါ ပထမဆုံး ဖြစ်ပါတယ်။ ဒါကြောင့်
> ကျွန်မအတွက် အရမ်းအရမ်းကို ထုူးဆန်း အံ့သြစရာ ကောင်းနေပါတယ်။
> ..........
> က) ၂၀၁၀ ရဲ့ မြန်မာ့အလှမယ်သရဖူကို ပြိုင်ဘက်မရှိ ရသွားသူကတော့ မ.........
> ဆည်းဆာဝါဝါပဲ ဖြစ်ပါတယ်ရှင်။ ဒါ့အပြင် သူ့ရဲ့အဖြေတွေက အရမ်းကို
> မှန်လွန်းတဲ့အတွက် အထူးဆုအနေနဲ့ စစ်အစိုးရက အင်းစိန်ထောင်အတွင်း
> ရက်အကန့်အသတ်မရှိ လည်ပတ်နေထိုင်ခွင့်ကို ထပ်လောင်း
> ချီးမြှင့်လိုက်ပါတယ်ရှင်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */