၂၀၀၈ ခုနှစ်။ဒီဇင်ဘာလ(၁၆) ရက် နေ့ တွင် ဗဟန်းမြို့နယ် အုတ်လမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ဌာနချုပ်ရုံးတွင် ဟောပြောပွဲ တရပ်ကျင်းပပြုလုပ်ခဲ့ ကြောင်းသတင်းရရှိသည်၊ အဆိုပါဟောပြောပွဲကို အဖွဲ့ချုပ် လူငယ်များ တောင်းဆိုတိုက်တွန်းချက်အရ လက်ရှိ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်မှ ဟောပြော ခဲ့ခြင်းဖြစ်သည်၊ လူငယ်နှင့်အနာဂတ် ဆိုသော ဟောပြောပွဲခေါင်းစဉ်ကို လူငယ်များမှပင် ရွေးချယ် ခဲ့ကြခြင်းဖြစ်ပြီး ဟောပြောပွဲအပြီး လူငယ်များပြန်လည်မေးခွန်းများပြန်မေးခဲ့ကြကြောင်းသိရှိရသည်၊
ယနေ့ ဟောပြောပွဲသို့  ရန်ကုန်တိုင်း မြို့ နယ်ပေါင်းစုံမှ စိတ်ပါဝင်စားသူလူငယ် ၃၀၀ ၀င်းကျင်ခန့် တက်ရောက် ခဲ့ ကြပြီး ။ အဖွဲ့ချုပ်ခေါင်းဆောင်များလည်း တက်ရောက်ကြသည်ကိုတွေဏ္ဍရှိရသည်၊ ထိုကဲ့သို့ ဟောပြောပွဲ များ ကျင်းပခြင်းသည် အဖွဲ့ချုပ် မျိုးဆက်သစ်လူငယ်များ အတွက် လွန်စွာတန်ဖိုးရှိသောအတွေ့ အကြုံများကိုဖြစ်ပေါ်စေပြီး။ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လွန်စွာအားတတ်မိကြောင်း။ နောင်အဆင်ပြေသောနေ့ ရက်များတွင် ထိုကဲ့သို့ ဟောပြောပွဲများကို ဆက်လက် ကျင်းပပြုလုပ်နိုင်ရန် စီစဉ် ဆောင်ရွက်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်၊
0 comments:
Post a Comment