“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, December 28, 2008

မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ

12/27/2008

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် လူသူမနီး တောထဲ တောင်ထဲတွင် အလုပ် လုပ်ကိုင်နေသူ ရခိုင်များကို အမည်မသိသူများက ရှင်းပစ်နေကြောင်း သတင်းရရှိသည်။

ယမန်နေ့က မောင်တော ၄ မိုင် ကမ်းသာယာ ကျေးရွာမှ နွားအဌား ကျောင်းနေသူ အသက် ၆၅ နှစ်အရွယ် လူကြီး တဦးကို

အမည်မသိ တစုက အသေသတ်ပြီး ဂုံနီအိတ်တွင် ထည့်ကာ လွင့်ပစ်ထားခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူမှာ ဦးအောင်ထွီးဖြစ်ပြီး သူအား လက်နှင့် ခြေထောက်ကို ချည်နှောင်ကာ မျက်နာကို ပလစတစ် အိတ်ဖြင့် ချုပ်နှောင်ပြီး သတ်ပစ်ခဲ့သည်ဟု ၄မိုင် ကမ်းသာယာ ကျေးရွာသား တဦးမှ ပြောသည်။

သူ၏ အလောင်းအား ယမန်နေ့ ညနေ ၅ နာရီတွင် နွားကျောင်းရာ တောအုပ် တခု အနီးမှ တွေ့ရှိခဲ့ပြီး ညနေ ၇နာရီတွင် မောင်တောရဲက အလောင်းကို လာရောက်ယူဆောင်သွားခဲ့သည်ဟု သိရသည်။

အလားတူ မောင်တောမြို့ ဝေသာလီ ရပ်ကွက်မှ ဦးမောင်လူ၏ ဇနီး ဒေါ်အောင်သာမေ (၅၀ နှစ်) ကို နိုဝင်္ဘာလ ၂၄ ရက်နေ့က လူတစုမှ ဓါးဖြင့် ခုတ်သတ်သွားခဲ့သဖြင့် ပွဲချင်းပီး သေဆုံးသွားခဲ့သည်။

သို့သော်လည်း မောင်တော နစက နှင့်ရဲက ယခုအချိန်ထိ အဆိုပါ အမူကို ဖေါ်ထုတ်နိုင်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

ယခုကဲ့သို့ ပြစ်မူကြီးများအား ကျူးလွန်နေသူ တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးခြင်းမှာ မောင်တောမြို့နယ်တွင် တာဝန်ကျနေသော နစကနှင့် ရဲအရာရှိများမှာ ငွေကြေး မရလျှင် မည်သည့် အမူကိုမှ စိတ်ပါလက်ပါ လိုက်ပါဆောင်ရွက်ခြင်း မရှိ၍ ဖြစ်သည်ဟု သိရသည်။ ယင်းအပြင် ဒေသဆိုင်ရာ နစက၊ စရဖ ၊ လုံထိန်းနှင့် ရဲအရာရှိများမှာ ဒုစရိုက်ဂိုဏ်းများမှ ငွေကြေးများ ရရှိနေပြီး ငွေရလျှင် ဒုစရိုက်သမားများ ကျူးလွန်သော တချို့အမူများကို လုံးဝ လစ်လျူရှုထားသည်ဟု သိရသည်။ သို့အတွက် ဒုစရိုက်သမားများမှာ မောင်တော နယ်စပ် တလျောက်တွင် အထူးသောင်းကျန်းနေသည်ဟု သိရသည်။

ယခုနှစ် နှစ်ကုန်ပိုင်းအတွင်း မောင်တောမြို့နယ်တွင် လူသတ်မူများ တိုးပွားလာနေသဖြင့် သာမန် တောလက်ကျေးရွာနေ ပြည်သူများမှာ တောတောင်ထဲသို့ တဦးစ နှစ်ဦးစ မသွားရဲဘဲ ဖြစ်နေသည်ဟု သိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */