“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, December 29, 2008

ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူများ လက်တွန့်

NEJ/ ၂၉ ဒီဇင်ဘာ ၂၀၀၈


ပထမဆုံးအသုတ်အဖြစ် နိုင်ငံခြားကို တန်ချိန် (၉,ဝဝဝ)၊ ဆန်အိတ် (၁၈ဝ,ဝဝဝ) တင်ပို့ပြီး ထူးကုမ္ပဏီ အရှုံးပြခဲ့သည့်အတွက် ကျန်ပါမစ်ရပြီးသား ဆန်ကုန်သည်များ တင်ပို့ရန် လက်တွန့်နေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် ဆန်ကုန်သည်များ အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

လောလောဆယ် သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၅၀,၀၀၀) တင်ပို့ရန် သင်္ဘောတင်နေသည့် တဦးတည်းသော ကုမ္ပဏီဆို၍

ဧရာဟင်္သာ ကုမ္ပဏီသာရှိသည်။ ဧရာဟင်္သာ ကုမ္ပဏီသည် ဗိုလ်ချုပ်ကြီး ရွှေမန်း၏သား အောင်သက်မန်းပိုင်သည့် ဧရာရွှေဝါကုမ္ပဏီ၏ လက်ခွဲကုမ္ပဏီတခု ဖြစ်သည်။

ဆန်အိတ် (၁) သိန်း တင်ပို့ခွင့်ရထားသူ ဆန်ကုန်သည်တဦးက “ထူးကုမ္ပဏီ ဒီလထဲမှာ သီလဝါကနေ ဆန် တန်ချိန် (၅,ဝဝဝ)၊ ဆူးလေကနေ ဆန် တန်ချိန် (၄,ဝဝဝ) သင်္ဘောနှစ်စီးပို့ခဲ့တယ်။ ကုန်ကျစရိတ်တွေ၊ အစိုးရကို ဆောင်ရတဲ့ အခွန်တွေ နုတ်ပြီး တတန်ကို ဒေါ်လာ (၂၄ဝ) ဝန်းကျင်လောက်ပဲရတယ်။ အဲဒါ တအိတ် ကျပ် (၁၃,၈ဝဝ) ပဲ ရှိတယ်။ သူတို့ ဝယ်ရင်းဈေးက တအိတ် ကျပ် (၁၅,ဝဝဝ) ရှိတော့ တအိတ် ကျပ် (၂ဝဝ) အရှုံးပြတယ်။ အိတ် (၁၈ဝ,ဝဝဝ) ဆိုတော့ သိန်းပေါင်း (၃၆ဝ) ကျော် အရှုံးပေါ်တယ်။ သူတို့တွေကတော့ အရှုံးပေါ်တာ အရေးမကြီးဘူး။ ဆန်တွေ နိုင်ငံခြား ထွက်သွားဖို့ပဲ အရေးကြီးတယ်လို့ ပြောတယ်။ ကျနော်တို့ ဆန်ကုန်သည်တွေကတော့ ဒီဆန်တင်ပို့တာကိုပဲ အဓိက လုပ်နေရတော့ အရှုံးမခံနိုင်ဘူး။ ခု ဒေါ်လာဈေးတွေ ထိုးကျနေတော့ ဒီထက်တောင် ရှုံးနိုင်သေးတယ်။ ဒီတော့ အားလုံးက ပါမစ်တွေ ကိုင်ထားပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်” ဟု ပြောသည်။

အစိုးရက ပြည်ပဆန်တင်ပို့နိုင်ရေးအတွက် ပါမစ်များကို ဖောဖောသီသီ ချပေးလျက်ရှိကြောင်း၊ ယခင်က ဆန်အိတ်ရေ (၂) သိန်း၊ တန် (၁) သောင်း တင်ပို့နိုင်မှသာ ပါမစ် ချပေးသော်လည်း ယခုနောက်ပိုင်း ဆန်အိတ် ရေ (၁) သိန်း၊ တန်ချိန် (၅) ထောင် တင်ပို့မည်ဆိုပါကလည်း ပါမစ်ချပေးကြောင်း ဆန်ကုန်သည်များက ပြောသည်။

သို့သော် လက်တွေ့ကျသည့် ဆန်ဈေးနှုန်း သတ်မှတ်မှု တတန် ဒေါ်လာ (၃၂ဝ) နှင့် အခွန် (၁ဝ) ရာခိုင်နှုန်းကို လျှော့ချပေးခြင်း မရှိ၍ ကုန်သည်များ အခက်အခဲ တွေ့နေကြောင်း၊ လက်ရှိ (၂၅) မှတ် မြန်မာဆန်များကို ပေးသည့် ဈေးနှုန်းမှာ တတန် ဒေါ်လာ (၂၆ဝ) ဝန်းကျင်သာ ရှိကြောင်း၊ အစိုးရက တတန် (၃၂) ဒေါ်လာ အခွန်ကောက်မည်ဖြစ်သည့်အတွက် မည်သို့မှ တွက်ခြေမကိုက်ကြောင်း၊ အစိုးရကို အခွန်လျှော့ပေးရန် တင်ပြသော်လည်း မရကြောင်း၊ ဈေးကွက်ရှာဖွေပေးရန် ကုန်သည်ကြီးများ အသင်းကလည်း မည်သို့မှ စွမ်းဆောင်မပေးနိုင်၍ အားလုံးက အခြေအနေကို စောင့်ကြည့်နေရကြောင်း ဆန်ကုန်သည်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင်း ပဲဈေးကွက်နှင့် ကြက်သွန်ဈေးကွက် မကြုံစဖူး ပျက်ပြီးနောက်ပိုင်း ဆန်ဈေးကွက်မှာလည်း ယခုကဲ့သို့ ယိုင်နဲ့လာခြင်းဖြစ်သည်။ အချို့ပွဲရုံသမားများက ထိုင်း-မြန်မာနယ်စပ် မြ၀တီမှတဆင့် ထိုင်းနိုင်ငံဘက် သို့ ခိုးရောင်းနေသည့်အတွက် ရန်ကုန်မှာ ရှယ်စ ဆန်ဈေးမှာ လောလောဆယ် တတင်းခွဲတအိတ်ကို (၁၂,၀၀၀) ရှိနေသည်။ စပါးဈေးကလည်း တင်းတရာ (၂) သိန်းဝန်းကျင်သာ ရှိသည့်အတွက် လယ်သမားများလည်း လယ်စရိတ်မကျေဘဲ ဒုက္ခရောက်နေသည်ဟု ကုန်သည်များက ပြောသည်။

ယခုလက်ရှိ ပြည်တွင်း၌ ဆန်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေပြီး ဆန်ကုန်သည်အများစု အရောင်းအဝယ် ပါးကာ အဆင်မပြေ ဖြစ်နေကြသော်လည်း တပ်ရိက္ခာဝယ်ယူရေး ကန်ထရိုက်ရထားသည့် ဆန်ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးနှင့် ဆန်ကုန်သည် အချို့သာ အဆင်ပြေနေကြောင်း စုံစမ်းသိရှိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */