“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, December 29, 2008

နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (၂၀,၀၀၀) ကျော် မြို့ပြင် ထုတ်ဖို့ပြင်

ပျဉ်းမနားမြို့မှာ နောက်ထပ် ဘူတာရုံသစ်တခု တည်ဆောက်ရန်အတွက် ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်အချို့ နေရာပြောင်းရွှေ့ပေးရမည်ဖြစ်သည့်အတွက် အိမ်ခြေ (၂) သောင်းကျော် အခက်အခဲဖြစ်နိုင်သည်ဟု မြို့ခံများက ပြောသည်။

နေပြည်တော်ဘူတာရုံကြီးကို ၂၀၀၆ ခုနှစ်က ရွာတော်ကျေးရွာအနီးတွင် တည်ဆောက်ခဲ့သည်မှာ ယခုအခါ အပြီး သတ်လုဖြစ်သော်လည်း ဘူတာတည်ဆောက်ရာ မြေနေရာမှာ လယ်မြေဖြစ်ပြီး စမ်းပေါက်နေသည့်အတွက် ဘူတာအဖြစ်

အသုံးပြုရန်မဖြစ်နိုင်ဘဲ စမ်းသပ်မောင်းနှင်သည့် မီးရထားစက်ခေါင်းများ (၃) ကြိမ်ခန့် တိမ်းမှောက်ခဲ့သည်။

ထို့ကြောင့် နေပြည်တော်ဘူတာသစ် နောက်တခုတည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်ပြီး အေးရှားဝေါ ကုမ္ပဏီက ကံထရိုက်ရရှိထားသည်ဟု စုံစမ်းသိရသည်။

ရွှေ့ပြောင်းရမည့်ရပ်ကွက်များမှာ ပျဉ်းမနားဘူတာအနီးတ၀ိုက်တွင်ရှိသည့် ရန်အောင် (၂) ရပ်ကွက်အုပ်စု အတွင်းပါဝင်သော ဂုဏ်တန်ရပ်ကွက်၊ ရန်နိုင်ဟူစိန်ရပ်ကွက်နှင့် တောင်သာအုပ်စုတွင်ပါဝင်သည့် ဂွကြားရပ်ကွက်များ ဖြစ်သည်ဟု သိရသည်။

အဆိုပါရပ်ကွက်များ၌ ၀န်ထမ်းနှင့် လက်လုပ်လက်စားအများစုပါဝင်ပြီး ဂွကြားရပ်ကွက်မှာမူ ပန်းပဲလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး အိမ်ခြေနှစ်သောင်းကျော်ရှိကြောင်း၊ ယင်းရပ်ကွက်မှလူများကို ပျဉ်းမနား နေပြည်တော် နယ်မြေတွင်ရှိသည့် လေတွင်းတောင်ခြေအနီးနှင့် ပျဉ်းမနားအရှေ့ ဘက် (၇) မိုင် အကွာရှိ ဆင်ဖြူတောင်ခြေအနီးတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်သည်။

လေတွင်းတောင်သည် ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အနီးတည်ရှိပြီး ရှမ်းရိုးမနှင့်လည်းနီးကာ ငှက်ဖျားရောဂါထူပြောသည့်အပြင် ပေါင်းလောင်းရေကာတာ၏ အောက်ခြေဘက်တွင် တည်ရှိသောကြောင့် အန္တရာယ်အလွန်များသည်ဟု ဆည်မြောင်းကျွမ်းကျင်သူများက ပြောသည်။

ထို့အပြင် အစားထိုးပြန်ပေးမည့် တန်ဖိုးနည်းအိမ်ရာများမှာ ကျဉ်းမြောင်းပြီးသေးငယ်သည့်အတွက် မိသားစုဝင်များ နေထိုင်ရန်အတွက် မလုံလောက်ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါဒေသများသည် ပျဉ်းမနားမြို့နှင့် အလွန်အလှမ်းကွာသည့်အတွက် အလုပ်အကိုင်ရှားပါးပြီး ရောဂါဘယများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

“ဒီဇင်ဘာ (၁၅) ရက်နေ့က လာတိုင်းတယ်။ သူတို့ပြောတာကတော့ နေပြည်တော်ဘုရားကြီးပတ်လမ်း ဖောက်ဖို့လို့ ပြောသွားတယ်။ အခုတော့ မှတ်တိုင်တွေ၊ အမှတ်အသားတွေစိုက်ပြီးသွားပြီ။ မကြာခင် ရွှေ့ရမယ်လို့ ပြောတယ်။ ဒီလိုဆိုရင်တော့ ကျမတို့ မိသားစုတော့ ဒုက္ခပါပဲ။ ကျမက လက်လုပ်လက်စား၊ သားက၀န်ထမ်းဆိုတော့ ပြောင်းရွှေ့မယ့်နေရာရောက်ရင် ဘာလုပ်ကိုင်စားပြီး ဘယ်လိုနေရမှန်းတောင် မသိပါဘူး” ဟု ပြောင်းရွှေ့ခံရမည့်အထဲတွင် ပါဝင်သူဒေသခံတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */