“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 24, 2008

ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း



မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်ကတော့ ပြည်သူတွေကိုဒုက္ခပေးတဲ့ သတင်းတွေ ဒေါက်တာ-လွဏ်းဆွေ ဘလော့ဂ်မှာ ဖော်ပြတာတွေ့လို့ မန္တလေးက မိတ်ဆွေတွေကိုစုံစမ်းကြည့် တော့ ဟုတ်ပါတယ် ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်က တော်တော်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ဒုက္ခပေး နေတာတွေ့ရပါတယ်။

ယခုလည်း ၅၉လမ်း(၂၈x၃၂)လမ်းကြား၊ချမ်းအေးသာဇံမြို့နယ် မှာ နဒီအဆင့်မြင့်အိမ်ရာစီမံကိန်းစတင်နေ ပါတယ်။အဲဒီစီမံကိန်းကို မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနှင့်မင်းဆောက်လုပ်ရေး၊New Star Light Co.,Ltd

တို့အကျိုးတူတည်ဆောက်တယ်လို့ဖော်ပြထားပေမဲ့ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီက နာမည်ခံသက်သက်ပါ။နာမည်ခံခအဖြစ် မင်းဆောက်လုပ်ရေးနှင့်New Star Light Co.,Ltd တို့က တိုင်းမှူး-ဗိုလ်ချုပ်တင်ငွေကိုသိန်း(၁၀၀၀)၊ မြို့တော်ဝင် ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်ကို သိန်း (၁၀၀၀) ၊စည်ပင်အတွင်း ရေးမှူး-ဗိုလ်မှူးကြီးမောင်ပု ကို သိန်း(၅၀၀)ပေးရတယ်လို့ သိရပါတယ်။


အလွဲသုံးစား(၁)

၁။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနှင့် မင်းဆောက်လုပ်ရေးမှ ဦးမင်းနိုင်တို့သည် ၂၂ လမ်းနှင့် ၂၆ လမ်းကြား၊ ကမ်းနားလမ်းနှင့် အောက်ကမ်းနားလမ်းရှိ မြေနေရာအား ဈေးဆောက်လုပ်ရန်အတွက် စာချုပ်ချုပ် ခဲ့ပါသည်။ စာချုပ်အရ ဈေးဆောက်လုပ်ပြီးက ယင်းဈေးအား M.C.D.C သို့ လွှဲပြောင်းပေးရမည် ဖြစ်ပါသည်။ စာချုပ်အရ ဈေးဆောက်လုပ်ပြီးစီးချိန်တွင် ရောင်းချပြီး ဆိုင်ခန်းများအတွက် အခွန်ငွေအား M.C.D.C မှ ကောက်ခံခဲ့ပါသည်။ မင်းဆောက်လုပ်ရေးမှ ၂၂ လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဟော်တယ်တစ်လုံး ဆောက်လုပ်ပါသည်။ ဟော်တယ်ဆောက်လုပ်ပြီးပါကလည်း M.C.D.C သို့လွှဲပေးခြင်း (သို့) BOT စနစ်သာဖြစ် ရပါမည်။


၂။ သို့သော် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်သည် ဟော်တယ်ဆောက်လုပ်သည့် မြေအား မင်းဆောက်လုပ်ရေးပိုင် ရှင် ဦးမင်းနိုင်သို့ ဂရန်ထုတ်ပေးလိုက်ပါသည်။ ထိုသို့ဆောင်ရွက်သဖြင့် မြေရော ဟော်တယ်ကိုပါ ဦးမင်းနိုင်မှ လုံးဝ ပိုင်ဆိုင်သွားပါသည်။ M.C.D.C အနေဖြင့် များစွာ နစ်နာဆုံးရှုံးပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် မူလ စာချုပ်ပါ စည်းကမ်းနှင့် မညီသကဲ့သို့ စည်ပင်သာယာ၏ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်လည်း လုံးဝကိုက်ညီ မှု မရှိပါ။


၃။ ကော်မတီပိုင်မြေကို ဦးမင်းနိုင်ပိုင် ဂရန်မြေအဖြစ် ထုတ်ပေးလိုက်သဖြင့် ဦးမင်းနိုင်မှ မြို့တော်ဝန် ဗိုလ်မှူး ချုပ် ဖုန်းဇော်ဟန်၏ ဇနီး မိုးသီတာ အမည်ပေါက် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ စိုက်ပျိုးရေး စီ အကွက်၊ ဦးပိုင် အမှတ် ၁၅၄ ( ခ) နေရာတွင် နှစ်ထပ်တိုက်တစ်လုံးအား ဆောက်ပေးရပါသည်။ ထို့အပြင် ချမ်း မြသာစည်မြို့နယ် ၆၄ လမ်းနှင့် သိပ္ပံလမ်းထောင့်အနီးရှိ မြို့တော်ဝန်၏ သမီး ခင်အင်ကြင်း အမည်ပေါက် မြေကွက် (မန်းမြန်မာဆောက်လုပ်ရေး၊ မန်းမြန်မာ ပလာဇာ ဆောက်လုပ်သူ ဦးသန်းဝင်း ပေးထားသော မြေ ကွက်) နေရာတွင်လည်း ဦးမင်းနိုင်မှ ၂ ထပ်တိုက်တစ်လုံး ဆောက်လုပ်ပေးရပါသည်။


၎။ ထိုသို့ ဦးမင်းနိုင်ဆောက်ပေးရသော တိုက် ၂ လုံးအား လမ်းတံတား ဌာနခွဲမှူး ခင်မေဌေးမှ ကြီးကြပ်ပေးရ ပြီး တချို့ပစ္စည်းများအား ခင်မေဌေးမှ ၀ယ်ယူပေးရပါသည်။


၅။ ကိုယ်ကျိုးစီးပွားအတွက် စည်ပင်သာယာပိုင်မြေအား ဥပဒေနှင့်မညီစွာ ( ဥပဒေမဲ့စွာ) ဂရန်ထုတ်ပေးသော မြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်၏ လုပ်ရပ်အား နိုင်ငံတော်အကြီးအကဲများ သိရှိစေရေးအတွက် သတင်း ထုတ်လွှင့်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

မန္တလေးမြို့တော်သူ/သားများ

အလွဲသုံးစား(၂)

• မီးလောင်ခံ ရတနာပုံဈေးနေရာတွင် M.G.W co.ltd က Yadanabon Super Center အား ဆောက်လုပ်ရန် အတွက် မြေတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ မြေအောက်ထပ်ပါသဖြင့် မြေများတူးဖော်ရပြီး တူးဖော်ရရှိသော မြေများကိုလည်း ၁၀ ဘီးကား တစ်စီးလျှင် ကျပ် ၆၀၀၀ နှုန်းဖြင့် ရောင်းစားပါသည်။
• လွန်ခဲ့သော ၁ လကျော်က ဈေးတူးဖော်မှုရပ်ခဲ့သဖြင့် စုံစမ်းကြည့်ရာ မြေ၀ယ်မည့်သူမရှိသဖြင့် မြေအောက် တွင် မြေတူးဖော်ခြင်း ရပ်ထားကြောင်း သိရပါသည်။ လုပ်ငန်း ၁ လကျော် ရပ်ဆိုင်းခဲ့ပါသည်။ လွန်ခဲ့သော ၁၀ ရက်ခန့်မှစပြီး ၁၀ ဘီးကားကြီးများဖြင့် မြေသယ်နေသည်ကို တွေ့ရပြန်ပါသည်။ လုပ်ငန်းပြန်စသည့်သဘော ဖြစ်ပါသည်။• ထို့အပြင် M.G.W မှ မြေညီထပ်ရှိ ဆိုင်ခန်းနေရာ တော်တော်များများကို မူလဈေးသည်များ မဟုတ်သည့် ငွေ ရှင်ကြေးရှင်များကို ရောင်းချပြီးနေကြောင်း ကြားရပါသည်၊ မူလဈေးသည်များကိုတော့ မြေအောက်ထပ်ခန်းပို့ မည်ဟု ကြားနေရပါသည်။ M.G.W အနေဖြင့် ဆောက်လုပ်ရန်ငွေမရှိသဖြင့် ဈေးဆိုင်ခန်းများကို ကြိုတင် ရောင်းချပြီးမှ ရသည့်ငွေဖြင့်ပင် ပြန်ဆောက်ရမည်ဟု ကြားနေရပါသည်။
• မြို့တော်ဝန်မှ ဈေးသူဈေးသားများအား ပြောခဲ့သည်မှာ ဈေးဖျက်ချိန် ၃ လ အသစ်တည်ဆောက်ချိန် ၂ နှစ် ကြာမည်ဖြစ်ပြီး မူလဈေးသည်များအား မူလအကျယ်အ၀န်းအတိုင်း မြေညီထပ်တွင်ပေးမည်ဟု ပြောခဲ့ပါသည်။ သို့သော် ဈေးကြီးဖျက်ချိန် ၆ လကျော်ကြာခဲ့ပါသည်။
• ကျွန်တော်တို့ တင်ပြလိုသည်မှာ ထိုကဲ့သို့ ကြီးမားသော လုပ်ငန်းကြီးအတွက် မြေ၀ယ်မည့်သူမရှိသဖြင့် မြေမ တူးခြင်းသည် သဘာဝမကျပါ။ ဆောက်လုပ်ရန် ငွေကြေးမရှိသဖြင့် ဈေးဆိုင်များ ကြိုတင်ရောင်းချပြီး ဆောက် လုပ်မည်ဆိုပါကလည်း မဟုတ်သေးဟု ထင်ပါသည်။
• ရတနာပုံဈေးကြီး တည်ဆောက်ရန်အတွက် လူတိုင်းစိတ်ဝင်စားသော်လည် M.C.D.C မှ လေလံမခေါ်ဘဲ M.G.W သို့သာ ချပေးခဲ့ပါသည်။ စည်ပင်အနေဖြင့် လုပ်ချင်ရာ လုပ်သည့်သဘော ဖြစ်ပါသည်။
• Mandalay မြို့တွင်းသို့ ၃ တန်နှင့် အထက်ယာဉ်များ မ၀င်ရ သတ်မှတ်ထားပါသည်။ သို့သော် ရတနာပုံဈေး ဆောက်လုပ်ရေးမှ ၁၀ ဘီးကား မြေသယ်ယာဉ်များသည် ၇၇ လမ်းမှ ၃၅ လမ်းသို့လာပြီး အရှေ့သို့တက်ပြီး အောင်ပင်လယ်ဘက်သို့ မြေသွားရောင်းစားနေပါသည်။ ၃၅ လမ်းမှာ ၇၃ လမ်းမှ ၇၈ လမ်း အထိ နိုင်လွန် ကတ္တရာလမ်းဖြစ်ပြီး ယခု ၇၃ လမ်းမှ အောင်ပင်လယ်ဆုံအထိ နိုင်လွန်ကတ္တရာလမ်း ခင်းနေပါသည်။ မြေသယ် ကားကြီးများသွားလာနေသဖြင့် ယာဉ်လမ်းပိတ်ဆို့ပြီး လမ်းပျက်စီးကာ လမ်းလည်းညစ်ပတ်ပါသည်။ ၇၃ လမ်း မှ အောင်ပင်လယ်လမ်းဆုံအထိ ယခုမှ နိုင်လွန်ကတ္တရာလမ်းခင်းနေဆဲ ဖြစ်ပါသည်။ မြေသယ်ကားကြီးများ သွားပါက ထိုနိုင်လွန်ကတ္တရာလမ်းမှာ မည်မျှခံနိုင်မည်နည်း။ စဉ်းစားစရာပါ။ ထိုကားကြီးများ သွားလာနေ သော်လည်း M.C.D.C မှ ပိတ်ပင်တားဆီးခြင်း မရှိပါ။ မြို့တော်ဝန် ဗိုလ်မှူးချုပ် ဘုန်းဇော်ဟန်နှင့် M.G.W တို့ မည်သို့ ဆက်နွယ်ပက်သက်သည်ကို စဉ်းစားသာ ကြည့်ကြပါတော့။
မီးလောင်ခံ ရတနာပုံဈေးမှ ဈေးသူဈေးသားများ
http://anonymouse.org/cgi-bin/anon-www.cgi/http://myanmartheatre.blogspot.com

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */