NEJ / ၂၆ ဒီဇင်ဘာ ၂၀၀၈
ရန်ကုန်မြို့တွင်း မောင်းနှင်လျက်ရှိသော လေလံရထားသည့် မော်တော်ယာဉ်များ၊ စက်မှုဇုန်ထုတ်မော်တော်ယာဉ်များ ယာယီသက်တမ်းကုန်ဆုံးသည့်အတိုင်း မောင်းနှင်ပါက ကားကိုပါသိမ်းရန် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်က ညွှန်ကြားကြောင်း ရန်ကုန်တိုင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက သိရသည်။
“လေလံရထားတဲ့ကားတွေနဲ့ စက်မှုဇုန်ကားတွေမှာ ယာယီနံပါတ်ရှိတယ်။ သက်တမ်းကုန်ဆုံးရက်ရှိတယ်။ ကုန်ဆုံးရက်ကို (၂) လ
သတ်မှတ်ထားတယ်။ အဲဒီ (၂) လထက်ကျော်လွန်ရင် ကားကိုသိမ်းဖို့ထိ ညွှန်ကြားထားတယ်” ဟု အဆိုပါကော်မတီ၏ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောသည်။
ယခုလလယ်တွင် ယင်းညွှန်ကြားချက်ကို ထုတ်ပြန်ထားသော်လည်း မည်သည့်အချိန်မှစတင်၍ ယင်းကားကို သမ်းမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“အဲဒီသတင်းကို မြန်မာ့အသံ၊ မြ၀တီ၊ သတင်းစာတွေမှာ ထည့်နေတာတွေ တွေ့တယ်ဗျ။ ဒါပေမယ့် ယာဉ်ကို သိမ်းမယ်ဆိုတာမျိုး မကြော်ငြာဘူး။ ယာဉ်ကို ထိရောက်စွာ အရေးယူမယ်လို့တော့ ကြော်ငြာတယ်” ဟု ပြည်တွင်း သတင်းအယ်ဒီတာတဦးက ပြောသည်။
ယခင်က လေလံကားများ၊ စက်မှုဇုန်ကားများ၊ ယာယီသက်တမ်းကျော်ပါက ယာဉ်ထိန်းရဲများအနေဖြင့် ယာဉ်ပိုင်ရှင်က ဒဏ်ငွေ (၅၁,၅၀၀) ကျပ် ပေးဆောင်ရသည့် စီမံချက်ကိုသာ ဆောင်ရွက်ခဲ့သော်လည်း ယခု ကားကို သိမ်းရန် စီမံခြင်းဖြစ်သည်။
Saturday, December 27, 2008
ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ညွှန်ကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment