“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, December 30, 2008

နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမောလ်ကြီး ဆောက်မည်

ခိုင်မင်း/ ၃၀ ဒီဇင်ဘာ ၂၀၀၈


နေပြည်တော် ပျဉ်းမနားမြို့မဈေး တခြမ်းကို ဖျက်သိမ်းပြောင်းရွှေ့ပြီး ရှော့ပင်းမောလ် တခု တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ဖျက်သိမ်းမည့် ဈေးဟောင်းဆိုင်ခန်းများအတွက် အလျော်ပေးမည်မဟုတ်သည့်အတွက် ဆိုင်ခန်းပိုင်ရှင်များ မကျေမနပ် ဖြစ်နေသည်။

ဖျက်သိမ်းမည့်အခြမ်းမှာ ပျဉ်းမနားမြို့လယ် ဗိုလ်တောက်ထိန်လမ်းမကြီး တောင်ဘက်အခြမ်းဖြစ်ကာ ၎င်းအပိုင်းရှိ ဆိုင်ရှင်များအား

တည်ဆောက်ပြီးစီးသွားသည့် ဈေးသစ်ကြီး အတွင်းရှိ ဆိုင်ခန်းများအား ၀ယ်ယူခွင့်ပေးမည်ဟု အာဏာပိုင်များက ပြောကြားသော်လည်း အစားထိုး လျော်ကြေးပေးမည်မဟုတ်ကြောင်း စုံစမ်းသိရသည်။

တည်ဆောက်ပြီးစီးသွားသည့် ဈေးသစ်ကြီးမှာ ပျဉ်းမနားမြို့ အရှေ့ဘက် (၂) မိုင်ခန့်အကွာရှိ ကင်ပွန်းတန်း ကျေးရွာအနီးတွင် တည်ရှိပြီး ဈေးသစ်ကြီးရှိ ဆိုင်ခန်းများ၏တန်ဖိုးမှာ အနည်းဆုံး ကျပ်သိန်း (၁၀၀) ခန့် ရှိသောကြောင့် စီးပွားရေးကျဆင်းနေသောကာလတွင် ၀ယ်ယူနိုင်သူ မရှိသလောက်ဖြစ်နေကြောင်းလည်း သိရှိရသည်။

အလားတူပင် ၂၀၀၇ ခုနှစ်ဆန်းစက ပျဉ်းမနားမြို့မဈေးထဲရှိ ဟင်းသီးဟင်းရွက်ဆိုင်ခန်းများအား ကင်ပွန်းတန်းကျေးရွာအနီးရှိ ဟင်းသီးဟင်းရွက်ဈေးသစ်သို့ ပြောင်းရွှေ့စေခဲ့သည့်အတွက် ယခုအခါတွင် မြို့သူမြို့သားများသည် အသီးအနှံများကို မြို့ပြင်ထွက် ၀ယ်ယူနေကြရသည်။

အာဏာပိုင်များက မြို့မဈေးအတွင်း ဟင်းသီးဟင်းရွက်များ ရောင်းချပါက အရေးယူမည်ဟု ပြောကြားထားသည့်အတွက် မြို့မဈေးထဲရှိ ဟင်းသီးဟင်းရွက်များ တိတ်တဆိတ် ခိုးရောင်းချနေရသော လက်လုပ်လက်စားဈေးသည်များမှာ အထိတ်တလန့်ဖြင့် ရောင်းချနေကြရသည်။

ပျဉ်းမနားမြို့နယ်ရှိ စည်ပင်သာယာဝန်ထမ်းများသည်လည်း နေပြည်တော်အဖြစ် ပြောင်းလဲ သတ်မှတ်ပြီးကတည်းက ရော်ဘာနံပါတ်တုတ်များကိုင်ဆောင်ခွင့်ရရှိခဲ့ပြီး မည်သည့်ရည်ရွယ်ချက်ကြောင့် ဆိုသည်ကို ဈေးသည်များ နားမလည်နိုင်ဖြစ်နေကြသည်။

ယခုရွှေ့ပြောင်းမည့် မြို့မဈေးကို ၁၉၉၃ ခုနှစ်က ပျဉ်းမနားမြို့တွင် တာဝန်ကျခဲ့သော အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၆) မှူး ဗိုလ်မှူးကြီးမောင်ဘို ယခု နအဖအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘိုက မူလဈေးဟောင်းကို ဖျက်ပြီး ယခုမြို့မဈေးကို တည်ဆောက်ခဲ့စဉ်ကလည်း ယခုကဲ့သို့ ဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် ဆိုင်ခန်းများမ၀ယ်ယူနိုင်ဘဲ လက်မဲ့ဖြစ်ခဲ့ရသည်။
http://www.khitpyaing.org/news/December_08/30-12-08b.php

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */