“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 24, 2008

၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ

ခမရ ၃၇၆ မှ လယ်မြေဧက ၁၀၀ ကျော်ကို ဆက်လက် သိမ်းပိုက်

12/22/2008

မောင်သစ်အောင် (နိရဉ္စရာ) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ ၃၇၆ မှ အဆိုပါ တပ်ရင်း အနီးရှိ ဒေသခံ ပြည်သူများပိုင်ဆိုင်သော လယ်မြေ ဧက ၁၀၀ ကျော်ကို ဒီဇင်္ဘာလ ဒုတိယအပတ်က လျော်ကြေး တစုံတရာ မပေးဘဲ သိမ်းပိုက်လိုက်ကြောင်း လယ်မြေ အသိမ်းခံရသူ လယ်သမား တဦးက ပြောသည်။

သိမ်းပိုက်ခံရသော လယ်မြေများမှာ ခမရ ၃၇၆ တပ်စွဲရာ ကျောက်တော်မြို့နယ် ဒေါင်းဒေါင်ရိုးကျေးရွာ အနီးအနားရှိ

တောင်ပေါက်ကြီး နယ်မြေမှ လယ်မြေများ ဖြစ်သည်။

အဆိုပါ လယ်သမားက “ ခမရ ၃၇၆ စစ်တပ်က ပြောတာကတော့ အခုလို လယ်မြေတွေကို သိမ်းရတာဟာ စခန်းသစ် တည်ဆောက်ဖို့ အတွက် ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ခုရှိနေတဲ့ စခန်းက လုံခြုံရေး အရ စိတ်မချရဘူး။ ဒါကြောင့် အထက်ကို တင်ပြပြီး အထက်က ခွင့်ပြုချက်အရ သိမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။”ဟု ပြောသည်။

ခမရ ၃၇၆ တပ်ရင်းသည် ယခင်ကလည်း ဒေသခံ ပြည်သူများထံမှ လယ်မြေ ဧက ၁၀၀ ကျော်ကို လျော်ကြေး တစုံတရာ မပေးဘဲ သိမ်းယူထားသည်။

သိမ်းပိုက်ခံရသော လယ်မြေ အများစုမှာ ဒေါင်းဒေါင်ရိုးကျေးရွာ၊ ဒိုင်းနက်ကျေးရွာ၊ ပန္နဲချောင်း၊ တောင်ပေါက်ကြီးကျေးရွာများမှ ဖြစ်သည်။

ထို့ပြင် ကျောက်တော်မြို့နယ် ပန္နဲချောင်း ကျေးရွာအနီး အခြေစိုက်သော ခမရ ၃၇၅ တပ်ရင်းမှလည်း ဒေသခံ ပြည်သူများထံမှ သိမ်းပိုက်ထားသော လယ်မြေ အများ အပြား ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် လယ်ဧက ၅၀၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ထားပြီး စစ်တပ် တပ်ရင်း အများအပြားကို အဆိုပါ ဒေသတွင် အခြေစိုက်ထားကြောင်း သိရသည်။

လယ်မြေသိမ်းပိုက်ခံရသူ ဒေသခံ လယ်သမားများမှာ လုပ်ကိုင်စားသောက်ရန် မြေယာမရှိတော့ သဖြင့် အလုပ်အကိုင်သစ်များ ရှာဖွေရန် ကချင်ပြည်နယ် ဖါးကန့်နှင့် ထိုင်း၊ မလေးရှားနိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြသည်ဟု သိရှိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */