“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, December 28, 2008

ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်

12/27/2008

လှမြတ်သူ (မိဇံ) ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက် နာဇီကျေးရွာအတွင်း ငါးခြောက်ရောင်းနေသော ဦးမောင်မျှအား မူဆလင် ဘာသာဝင် ၁၀ ဦးက ၀ိုင်းရိုက်ခဲ့သော မူခင်း တခု ၂၀၀၈ ခုနှစ် နိုဝင်္ဘာလ ၄ ရက်နေ့က ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရိုက်ပွဲကို အနီးအနားမှ ရခိုင်များက ၀င်ရောက် ဖျဉ်ဖြေသဖြင့် ရန်ပွဲမှာ ပြီးစီးသွားခဲ့သည်။

သို့သော်လည်း အရိုက်ခံရသူ ဦးမောင်မျှက တခြားသက်သေ နှစ်ဦးနှင့် အတူ နယ်မြေ ရဲစခန်းတွင် တိုင်ကြားရန် သွားရောက်စဉ်

ဒေသအာဏာပိုင် ထောက်လှမ်းရေး စစ်တပ်များဖြင့် ပူးပေါင်းပြီး အဆိုပါ ရပ်ကွက်အတွင်း ဗိုလ်ကျနေသူ အီဆတ်နှင့် အာလီဆိုသူက နောက်ကလိုက်လာပြီး ရခိုင်တွေ ကုလားတွေကို ချနေပြီဟု အော်လိုက်သဖြင့် ရပ်ကွက်အတွင်းမှ မူဆလင်ဘာသာဝင် ၁၀၀ ခန့်ထွက်လာပြီး ဦးမောင်မျှနှင့် သက်သေ အဖြစ် လိုက်ပါသူ နှစ်ဦးကို ၀ိုင်းရိုက်ကြသည်ဟု သိရသည်။

အဆိုပါ သတင်းကြောင့် နယ်မြေရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း ရောက်ရှိလာပြီး ရန်ပွဲကို လူစုခွဲခဲ့ပါသည်။

နယ်မြေရဲက အီဆတ်ဆိုသူကို ဖမ်းဆီးရရှိမိပြီး အာလီမှာ ထွက်ပြေးလွတ်မြှောက်သွားခဲ့ပါသည်။

ချက်ချင်းဆိုသလို ပြည်နယ် ရဲမှူးကြီးနှင့် မြို့နယ် ရဲမှူးတို့ ရောက်ရှိလာပြီး သူတို့နှင့် အတူ အီဆတ်၏ ယောက်ဖ တော်စပ်သူ တော်လိမ်း (ခေါ်) ဦးခင်မောင်လှလည်း အတူ လိုက်ပါလာပြီး အရိုက်ခံသူ ဦးမောင်မျှနှင့် သက်သေ အဖြစ်လိုက်ပါဆောင်ရွက်သူ (၂)ဦးပါ ဖမ်းဆီးခဲ့ပါသည်။

ဦးခင်မောင်လှမှာ ချမ်းသာသော စီးပွားရေး သမား တဦးဖြစ်ပြီး စစ်တွေမြို့ရှိ အရာရှိကြီးများ အားလုံးကို အိတ်ထဲတွင် ထည့်ထားနိုင်သူ ဖြစ်ပါသည်။

ဦးခင်မောင်လှမှာ ထိုကဲ့သို့ စစ်တွေမြို့မှ အရာရှိကြီးများကို အိတ်ကပ်ထဲ ထည့်ထားနိုင်သဖြင့် ပြည်သူ လုပ်အားဖြင့် တည်ဆောက်ထားသော စစ်တွေ အောင်ဒိုင် ပုဇွန်ကန်၊ စစ်တွေ သားသတ်လိုင်စင်၊ နာဇီရွာ ဈေးနှင့် နွားမွေးမြူရေး လုပ်ငန်းများ အပါအ၀င် တခြား လုပ်ငန်းများကိုပါ ကန်ထရိုက်ရထားသူ ဖြစ်ပါသည်။

ထိုသို့ ကန်ထရိုက် ရထားသဖြင့် နေ့စဉ်နေ့တိုင်း စစ်တွေမြို့နယ် စည်ပင် ဦးစီးမှူး ကားအပြာလေးဖြင့် ပြည်နယ်ရဲမှူး၊ ခရိုင် ဥက္ကဌ၊ မယက ဥက္ကဌ၊ မြို့နယ် စည်ပင်ဦးစီးမှူး အိမ်များ အပါအ၀င် ဌာနဆိုင်ရာ အရာရှိကြီး အိမ်များသို့ နေ့စဉ်နေ့တိုင်း နွားသားများကို အခမဲ့ ဖြန့်ဝေပေးလေ့ရှိပါသည်။

သို့အတွက် ဦးခင်မောင်လှမှာ စစ်တွေရှိ အရာရှိများ အကြားတွင် သြဇာ အာဏာကြီးမားသူ တဦးဖြစ်နေပြီး ပြည်နယ်ရဲမှူးကြီးမှာလည်း အဆိုပါ ဦးခင်မောင်လှ၏ တိုက်တွန်းချက်အရ ဦးမောင်မျှနှင့် သက်သေ နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဦးမောင်မျှ၏ ဆွေမျိုးတော်သူ တဦးကပြောသည်။

ဦးမောင်မျှနှင့် သက်သေ အဖြစ် လိုက်ပါသူ နှစ်ဦးကို နောက်ပိုင်းတွင် သတိပေးပြီး ပြန်လွတ်ပေးခဲ့သော်လည်း ရဲအဖွဲ့က တရားစွဲဆိုရန် ခွင့်မပြုခဲ့ကြောင်းသိရသည်။ အလားတူ အီဆတ်ကိုလည်း နောက်ပိုင်းတွင် ရဲအဖွဲ့ ငွေယူပြီ်း လွတ်ပေးလိုက်ပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */