“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 31, 2008

လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွင် အိမ်ပြန်ခွင့်မရဘဲ ၂ နှစ်ကျော်ကြာ

12/30/2008

မောင်သစ်အောင် (နိရဉ္စရာ) လွတ်ရက်စေ့ မြန်မာ့ အကျဉ်းသား ၁၀၅ ဦးမှာ မြန်မာ့ စစ်အစိုးရမှ လက်မခံသဖြင့် အိမ်မပြန်နိုင်ဘဲ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇား ထောင်တွင် နေထိုင် နေရသည်မှာ ၂ နှစ်ကျော် ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှ အကျဉ်းသား ၁၀၅ ဦးအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ၂၀၀၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံ နယ်စပ် အနီးတွင်

တည်ရှိသော ကော့ဘဇားထောင်သို့ ဘင်္ဂလာ အစိုးရမှ ပို့ဆောင်ထားခဲ့သည်။

သို့သော်လည်း မြန်မာ စစ်အစိုးရမှ လက်ခံရန် ငြင်းပယ်သဖြင့် ယခုအချိန်ထိ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေဟု ထောင်အာဏာပိုင် တဦးက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ထောင်သားများ အတွက် နိုင်ငံတော် ဘတ်ဂျက်မှ နှစ်စဉ် အပို ကုန်ကျခံနေရပြီး ထောင်ထဲတွင်လည်း နေရာထိုင်ခင်း မလုံလောက်သဖြင့် မြန်မာ ထောင်သားများကို နေရပ် တိုင်းပြည်သို့ အမြန်ဆုံး ပြန်ပို့ရန် လိုလားနေသည်ဟု သိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ထောင်တွင် မြန်နိုင်ငံမှ ထောင်သား ၄၀၀ နီးပါး ရှိပြီး ထိုအထဲတွင် လွတ်ရက် စေ့နေသူ ထောင်သား ၁၀၅ ဦး ရှိနေသည်။

မြန်မာနိုင်ငံသား ထောင်သားများမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ပြစ်မူမျိုးစုံနှင့် အဖမ်းခံနေရပြီး အများစုမှာ တရားမ၀င် ခိုးဝင်မူကြောင့် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် မြန်မာနိုင်ငံသား ထောင်သား အရေအတွက်မှာ ယခုအခါ တဖန် ပြန်တိုးပွားလာပြီး ဦးရေ ၁၅၀၀ ထိရှိလာကြောင်း ထောင်သတင်း ရပ်ကွက်အရ သိရသည်။

လွတ်ရက်စေ့ မြန်မာနိုင်ငံသားများကို ပြန်ပို့လိုကြောင်း ဘင်္ဂလာ အာဏာပိုင်များက ဆက်သွယ်တိုင်း မောင်တော လ၀ကနှင့် စစ်အာဏာပိုင်များက စစ်ဆေးရန် လိုသေးကြောင်း ပြောပြီး လက်ခံရန် အမြဲငြင်းဆိုလေ့ရှိကြောင်း သိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */