“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, December 27, 2008

တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထိခိုက်

NEJ/ ၂၆ ဒီဇင်ဘာ ၂ဝဝ၈



ယနေ့နံနက် မြန်မာစံတော်ချိန် (၂) နာရီ မိနစ် (၅ဝ) အချိန်တွင် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်၊ မန်ဟီးရိုးကျေးရွာအရှေ့ဘက်အနီးကို ဗဟိုပြု၍ ငလျင်တခုလှုပ်သွားခဲ့ရာ တရုတ်ပြည် ရွှေလီမြို့နှင့် (၁ဝ) ကီလိုမီတာ ကွာဝေးသည့် တရုတ်ကျေးရွာတွင် အဆောက်အဦပြိုပျက်မှုများရှိခဲ့ပြီး လူ (၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ငလျင်ဗဟိုပြုရာနေရာသည် ရွှေလီမြို့၊ မူဆယ်နှင့် နမ်းခမ်းမြို့အကြားတွင်ရှိပြီး အဆိုပါဒေသအတွင်းရှိ တိုက်တာ အဆောက်အဦ

နေအိမ်များ လှုပ်ရမ်းခဲ့သည်။ မျက်နှာကျက်တပ် မီးဆိုင်းများ ပြုတ်ကျခြင်း၊ ပန်းအိုးနှင့် ပန်းကန်၊ ခွက်များ ကျကွဲခြင်းများ ရှိကာ အချို့အဆောက်အဦ၏ အုတ်နံရံများ အက်ခြင်း၊ တခါးမှန်များကွဲခြင်း ရှိခဲ့သည်ဟု ရွှေလီဒေသခံက ပြောသည်။

၎င်းက “အတော်လေး လှုပ်သွားတယ်။ ဟိုတလော (၈) လပိုင်းက လှုပ်ခဲ့တာ ဒီလောက် မကြမ်းဘူး။ မူဆယ်နဲ့ နမ်းခမ်းမှာလည်း အတော်လေး လှုပ်တယ်။ ထိခိုက်မှုတွေတော့ ခုထိ မကြားရဘူး။ ပစ္စည်းတွေ ကျကွဲတာတော့ ရှိတယ်။ မန်ရှိုး ရှမ်းရွာဘက်မှာ ဒဏ်ရာရတာတွေရှိတယ်။ အဲဒီဘက်မှာ မနက်ပိုင်းက တရုတ်ရဲကားတွေ ရောက်နေတယ်” ဟု ပြောသည်။

ယခု လှုပ်သွားသည့် ငလျင်သည် ရစ်ခ်ျတာစကေး (၄.၉) ရှိပြီး လူ (၉) ဦး ထိခိုက်ဒဏ်ရာရကာ (၂) ဦး ဒဏ်ရာပြင်းထန်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

အမေရိကန်အခြေစိုက် ဘူမိဗေဒဆိုင်ရာ မြေငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့၏ တောင်-အရှေ့တောင်အရပ် မိုင် (၁ဝဝ) အကွာ၊ မန္တလေးမြို့၏ အရှေ့မြောက် (၁၇၅) မိုင်အကွာ၊ မြေအောက် (၂၁.ရ) မိုင်တွင် ဗဟိုပြု၍ လှုပ်သွားခဲ့ကြောင်း ဖော်ပြထားသည်။

ယခုနှစ် သြဂုတ် (၂၂) ရက်တွင်လည်း တရုတ်-မြန်မာနယ်စပ် မြန်မာပြည်ဘက်ကို ဗဟိုပြု၍ အင်အား (၆.၃) အဆင့်ရှိ ငလျင်လှုပ်ခဲ့ရာ တရုတ်ပြည်၊ ရွှေလီမြို့မှ မိုင် (၁၀၀) ကျော်အကွာ ရင်ကျန်းဒေသအတွင်း လူသေဆုံး၊ ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပြီး နေအိမ်အတော်များများ ပျက်စီးခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */