“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 24, 2008

နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျန်တာ ဘာမှစိတ်မဝင်စားဘူး

အစိုးရ မကူညီသဖြင့် ငါးလုပ်ငန်းကို ခက်ခဲစွာ လုပ်ကိုင်နေရ
သဲသဲ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008

နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းကြောင့် အထိနာခဲ့ရသည့် ငါးမွေးမြူရေး လုပ်ငန်းရှင်များကို မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးမည်ဟုဆိုသော်လည်း ယခုအချိန်အထိ ကိုယ်ထူကိုယ်ထသာ ဆောင်ရွက်နေရသေးသည်။

မေလဆန်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ ရေချို ငါးမွေးမြူရေးကန်များကို စစ်အစိုးရ လက်အောက်ခံ မွေးမြူရေးနှင့် ရေလုပ်ငန်းမှ ချေးငွေများပေး၍ ကူညီမည်ဟုဆိုကာ စာရင်းများ

ကောက်ခဲ့သော်လည်း မုန်တိုင်းပြီး ၇ လကြာသည်အထိ မည်သည့်အကူအညီမှ မရသေးခြင်းဖြစ်သည်။

"နာဂစ်ြပီးတုန်းက ထိတဲ့သူတွေကို ငါးကန်တွေ ပြန်ပြင်ဖို့အတွက် ချေးငွေချဖို့ ၀န်ကြီးက ပြောသွားပြီ။ ပျက်စီးသွားတဲ့ စာရင်းတွေကို ငါးလုပ်ငန်းမှာ တင်ပြီးပြီ။ ဒါပေမဲ့ ဘယ်သူမှ မရသေးဘူး" ဟု ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်တဦးက ပြောသည်။

တဧကလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ယာယီသတ်မှတ်ထားပြီး အတိုးနှုန်းမှာ ဘဏ်တိုးနှုန်းအတိုင်းဖြစ်မည်ဟု ကြားသိရသော်လည်း ပြန်ဆပ်ရမည့် အချိန်ကာလနှင့် မည်သို့ ပြန်ဆပ်ရမည်ကို အတိအကျ မသိရသေးကြောင်း သူက ဆက်ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် ငါးမွေးမြူရေးလုပ်ငန်း အထိနာခဲ့သလို ပြီးခဲ့သော လဆန်းပိုင်းမှ စတင်ကာ ပြည်ပ၀ယ်လိုအား ကျဆင်းလာသဖြင့် ငါးများ ဈေးကောင်းမရသည့်အတွက် လုပ်ငန်းကို ဆက်လက်လည်ပတ်ရန် ခက်ခဲလာသည်ဟု တွံတေးမြို့နယ်မှ ငါးကန်ပိုင်ရှင် ကိုစိုးသင်းက မဇ္ဈိမကို ပြောသည်။

"အခု ငါးဈေးကျပြီး ငါးစာက ဈေးကြီးနေတယ်။ ငါးတွေလည်း ၀အောင်မစားရတော့ အထွက်နှုန်းကျလာတယ်။ အခုအတိုင်းဆို ကျနော်တို့ မကိုက်တော့ဘူး။ ဆက်လုပ်ဖို့ ငွေထပ်မမြှုပ်နိုင်တော့ဘူးလေ" ဟု သူက ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်မှ ငါးလုပ်ငန်းရှင်များကို ၄င်းတို့၏ ငါးကန် ပိုင်ဆိုင်မှုများကို အထောက်အထားပြနိုင်ပါက တဧကလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ငွေချေးခဲ့သည်။

၃ နှစ်အတွင်း အတိုးရော အရင်းပါ အရစ်ကျ ပြန်ဆပ်ရမည်ဖြစ်ကာ အတိုးနှုန်းမှာ ၁ ဒဿမ ၄၀ ကျပ်ဖြစ်ပြီး၊ ၃ လ တကြိမ် ပုံမှန် အတိုးပေးသွင်းရမည်။

သို့သော် မုန်တိုင်းကြောင့် အထိနာခဲ့ရသဖြင့် လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် ၄င်းတို့၏ ပိုင်ဆိုင်မှုများကို မွေးမြူရေးဘဏ်တွင် အပေါင်အဖြစ်ထားရှိကာ ငွေချေးငှားပြီး၊ ကိုယ်ထူကိုယ်ထ ကြိုးစားသော်လည်း အဆင်မပြေသေးကြောင်း ရန်ကုန်တိုင်းတွင်းရှိ ငါးကန်ပိုင်ရှင်တဦးက ယခုလို ပြောသည်။

"မုန်တိုင်းထိတော့ ငါးတွေပျောက် စက်လှေတွေကမြုပ်ဆိုတော့ ကျနော်ဆို သိန်း ၄၀၀ ကျော်ဖိုးလောက် ကုန်နေပြီ။ အဲဒါကို မွေးမြူရေးဘဏ်ကနေ ငွေချေးပြီး ပြန်လုပ်ရတာ။ အခု ငါးဈေးကျတော့ အကြွေးတောင် မဆပ်နိုင်ဘူး" ဟု သူက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးကမူ မုန်တိုင်းထိခဲ့သော ငါးလုပ်ငန်းရှင်များအား အစိုးရမှ ငွေချေးပေးရန် အစီအစဉ်ရှိသည်ဟုဆိုသော်လည်း အသေးစိတ် ဖြေကြားရန် ငြင်းဆိုခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */