“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 31, 2008

ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစား စစ်အစိုးရ


အိန္ဒိယ ရေနံ ကုမ္ပဏီ Essar ကစစ်တွေမြို့နယ်တွင် လယ်သိမ်းပြီး ရေနံ တူးရန် စတင်


12/30/2008

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရေနံရှာဖွေခွင့်ရထားသော အိန္ဒိယ ရေနံ ကုမ္ပဏီ Essar သည် ယခုလ ပထမ အပတ်မှ စတင်ပြီး စစ်တွေမြို့နယ် စပါးထားကျေးရွာ အနီးတွင် ရေနံ စတင်တူးဖေါ်ရန် စီစဉ် နေပြီ ဖြစ်ကြောင်း သတင်းရသည်။

ဒေသခံ တဦးက “သူတို့က အခု လမ်းတွေ ဖေါက်နေတယ်။ အဆောက်အဦးတွေ ဆောက်နေတယ်။ သင်္ဘောတွေ ဆိပ်ကပ်ဖို့

ဆိပ်ခံ တံတား တခု ဆောက်နေတယ်။ ဒါတွေ ပီးရင် သူတို့ ရေနံ စတင် တူးပါလိမ့်မယ်။” ဟု ပြောသည်။

ရေနံတူးဖေါ်မည့် နေရာတွင် မြေတူးစက်များ၊ လမ်းလုပ်သည့် ထရပ်ကားများ ရောက်ရှိနေပြီး အိန္ဒိယမှ အင်ဂျင်နီယာများလည်း ရောက်ရှိနေသည်ဟု သိရသည်။

အိန္ဒိယမှ အင်ဂျင်နီယာများမှာ စစ်တွေ နိုဗို တည်းခိုရိပ်သာတွင် တည်းခိုနေပြီး ထိုမှ တဆင့် စက်လှေဖြင့် အသွားအပြန် လုပ်ကာ အဆိုပါ စီမံကိန်းအား စတင် ဆောင်ရွက် လုပ်ကိုင် နေသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

ယခုအိန္ဒိယ ရေနံ ကုမ္ပဏီမှ ရေနံတူးဖေါ်မည့် နေရာမှာ စပါထားကျေးရွာနှင့် တဘက်တကမ်းတွင် တည်ရှိသော “ညိုရောင်ချောင်း” ကျေးရွာ အနီးတွင် ဖြစ်သည်။

ယခု ရေနံတူးဖေါ်မည့် နေရာမှာ ညိုရောင်ချောင်းကျေးရွာမှ လယ်သမားများပိုင်သော လယ်မြေတွင် ဖြစ်သည်ဟု သိရသည်။

လယ်မြေမှာ ၂၀ ဧက နီးပါးခန့်ရှိပြီး ဒေသခံ လယ်သမား ၁၀ ဦးခန့်က ပိုင်ဆိုင်သော လယ်မြေများ ဖြစ်သည်။ လွန်ခဲ့သော နှစ်ကတည်းက စစ်အာဏာပိုင်များက ရေနံတူးရန် အဆိုပါ လယ်ဧက ၂၀ ကို သိမ်းထားခဲ့သည်။

“အစပိုင်းကတော့ လျော်ကြေးပေးမယ်ဆိုပီး ပြောပါတယ်။ နောက်ပိုင်းမှာ လျော်ကြေးလည်း မပေးပါဘူး။ ဒါကြောင့် အထက်အာဏာပိုင်တွေကို လျော်ကြေးရဖို့ တိုင်တန်းထားပါတယ်။” ဟု အဆိုပါ ဒေသခံ ပြောသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */