“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, December 22, 2008

တပ်အကျင့်ကိုက သေတောင် မပျောက်ဖူး။

တပ်ထွက်တစ်ဦးက မူလတန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်

http://www.monnews-imna.com/burmese/newsupdate.php?ID=163
Mon 22 Dec 2008, အာကာ

ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူတစ်ဦး ဆရာမအိမ်၌အိပ်ပျော်နေစဉ် ၄င်းဆရာမ၏ခင်ပွန်း တပ်ထွက်စစ် သားဟောင်း၏ မုဒိမ်းပြု ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

ထိုကလေးမလေး (မိ……) မှာ အပေါင်းအဖေါ်သူငယ်ချင်း မူလတန်းကျောင်းသူကျောင်းသား ၁၅ ဦးခန့်နှင့်အတူ ၄င်း၏ ဆရာမအိမ်၌ ညစဉ်စာကျက် အိပ်စက်လေ့ရှိပြီး ဆရာမခရီးထွက်၍ ပြန်မ ရောက်သော ၄င်းည၌ အဓမ္မပြုကျင့်ခံရခြင်း ဖြစ်သည်။

ထပ်ကြပ်အဆင့်ရှိ ၄င်းတပ်သားဟောင်းမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်တွင် ရေးမြို့၏မြောက် ဘက် ၂ မိုင်ခန့်၌ အခြေချထားသော ခမရ (၅၈၆) မှ အနားယူခဲ့သည့် အသက် (၃၅) နှစ်အရွယ်ရှိ တပ်ကြပ်ပြည့်စိုးဟန် ဖြစ်သည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။

ည ၁၀ နာရီ နှင့် ၁၁နာရီ အချိန်ခန့်တွင် ကျောင်းသူကျောင်းသားအားလုံး အိပ်ပျော်စဉ် ၄င်းတပ် သားဟောင်းမှာ ကျောင်းသူများအကြား၌ အိပ်မွေ့ကျနေသော ကလေးမကို ၄င်း၏အိပ်ခန်းသို့ ပွေ့ချီ၍ ဖျက်ဆီးခဲ့ကြောင်း၊ ကလေးမလေးမှာ ကြောက်လန့်ဇောနှင့် ခေတ္တမျှ မေ့မျောခဲ့ရကြောင်း မြေးမလေး၏ ပြောပြချက်ကို အဖွားဖြစ်သူက ပြန်လည်ပြောပြခဲ့သည်။

''အဲဒီညက အမေတို့ ဘာမှမသိလိုက်ရဘူး။ နက်ဖြန်ခါ (ဒီဇင်ဘာ ၁၅ ရက်နေ့) မှာလည်း အမေ့ မြေးကကြောက်ပြီး ဘာမှပြန်မပြောဘူး။ နေမကောင်းဘူးဆိုပြီး ကျောင်းမတက်နိုင်တာလောက်ပဲ ပြောတယ်။ မိုးချုပ်စ အချိန်လောက်မှာ အဲဒီကောင်က စာကျက်ချိန်မှာ အိမ်မရောက်ဘူးဆိုပြီး အ မေ့မြေးကို လာခေါ်တယ်။ အဲဒီကောင်ကိုမြင်တော့ အမေ့မြေးက အိမ်ထဲဝင်ပုန်းတယ်။ ကလေးအမူ အရာပျက်နေတော့ အမေက ကလေးကိုမေးတာပေါ့၊ အဲဒီတော့မှ အားလုံးသိလိုက်ရတယ်။ နောက် တော့ ရယက ကို တိုင်လိုက်တယ်'' ဟု အသက် ၅၆ နှစ်အရွယ်ရှိ အဖွားဖြစ်သူက ငိုရှိုက်ရင်း ပြောသည်။

ဒီဇင်ဘာ (၁၅ ရက်နေ့ည) တွင် ၄င်းတပ်သားဟောင်းအား ဖမ်းဆီးပြီး ကျေးရွာ ရယကရုံး၌ ၆ ပေါက်သွင်းထားခဲ့သော်လည်း လူတစ်ဦးတစ်ယောက်က လွှတ်ပေးခဲ့၍ လွတ်မြောက်သွားခဲ့ ကြောင်း၊ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ၄င်းလွတ်မြောက်သည့်အဖြစ်ကို ရွာသားများသိရှိပြီး ပြန်လည်ဖမ်းဆီးပေးရန် ရယက ဥက္ကဌသို့ တောင်းဆိုခဲ့ကြောင်း၊ နေ့လည်ချိန်ခန့်တွင် ရွာနှင့် ၆ မိုင်ခန့်ဝေးသော ရေးမြို့မီးရထားဘူတာရုံ၌ ၄င်းအားပြန်လည်ဖမ်းဆီးမိခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့တွင်ပင် ကျောင်းသူလေးအား ရေးမြို့ပြည်သူ့ဆေးရုံ၌ ဆေးစစ်အတည်ပြုချက် ရယူပြီး တပ်ကြပ်ဟောင်းပြည့်စိုးဟန်အား ရေးမြို့ မြို့မရဲစခန်း၌ ဖမ်းဆီးထားခဲ့သည်ဟု ၄င်းရွာသား က ပြောသည်။

ကျောင်းသူလေး (မိ……) ၏ မိဘများမှာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြပြီး ၄င်းမှာ မောင်ငယ် တစ်ဦးနှင့်အတူ အဖိုးအဖွား၏အိမ်၌ မှီခို၍ ကျောင်းတက်နေရသည်။

''ဒီကလေးမလေးက ရုပ်ရည်လေးသနားကမားနဲ့၊ မိဘတွေကလည်း ဒီမှာမရှိ။ အဖိုးအဖွားတွေက လည်း ဆင်းရဲဆိုတော့ သိပ်သနားဖို့ကောင်းတာပဲ။ ခုဆိုအပြင်လည်းမထွက်ရဲ။ ကျောင်းလည်းမ တက်ရဲတော့ဘူးဆိုတော့ ပညာရေးနဲ့လည်း ဝေးပြီပေါ့'' ဟု ရွာသူတစ်ဦးက ပြောသည်။

ကျောင်းသူလေးမှာ အဓမ္မပြုကျင့်ခံရပြီးနောက် ရှက်စိတ်ဖြင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြင်သို့ ပင် မထွက်ရဲကြောင်း အိမ်နီးချင်း တစ်ဦးက ပြောသည်။

''အမေတို့က ကျောင်းမထွက်စေချင်ပါဘူးကွယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က အမေ့မြေးလေးအပေါ် မျက်စိထောင့်ထောက်ကြည့်တဲ့ အဖြစ်မျိုးကို အမေမမြင်ရက်ဘူး၊ ဘာပြောရမှန်းတောင် မသိတော့ ပါဘူးကွယ်၊ အဲဒီကောင်ကိုပဲ သတ်သာသတ်ပစ်လိုက်ချင်တယ်'' ဟု အဖွားဖြစ်သူက နာကြည်း သော ဒေါသမျက်ရည်ဖြင့် ပြောသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */