“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, December 29, 2008

ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ် ပေါ်လစီ မကြေညာနိုင်

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများက ထိုင်းလွှတ်တော်ရုံးဝင်ပေါက်များကို ၀ိုင်းထားသည့်အတွက် လွှတ်တော်မှာ အစိုးရပေါ်လစီသစ် စတင်ကြေညာမည့်အစီအစဉ်ကို ၀န်ကြီးချုပ် အာဘီဆစ်က ရွှေ့ဆိုင်းလိုက်ရသည်။

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထက်လွှတ်တော်၊ အောက်လွှတ်တော် (၂) ရပ်လုံး စုံညီစွာတက်ရောက်မည့် လွှတ်တော်တွင်

အစိုးရပေါ်လစီသစ် ကြေညာချက်ကို မထုတ်ပြန်မချင်း ထိုင်းအစိုးရသစ်အနေဖြင့် တရားဝင်လုပ်ငန်းများ စတင်လုပ်ကိုင်ခွင့်မရှိပေ။

သောင်းနှင့်ချီသည့် တပ်ဆင်ထောက်ခံသူများ တနင်္ဂနွေနေ့က ဘန်ကောက်မြို့ ဆနမ်းလွမ် ကွင်းပြင်တွင် စုဝေးပြီး အာဘီဆစ် အစိုးရသစ်အား ဆန္ဒပြပြီးနောက် တနင်္လာနေ့မနက်ပိုင်းတွင် အစိုးရသစ်ပေါ်လစီ မကြေညာနိုင်အောင် လွှတ်တော်ကို ၀ိုင်းထားခဲ့ခြင်း ဖြစ်သည်။

အစိုးရဆန့်ကျင်သည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများကိစ္စကို မစိုးရိမ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝပ်က ပြောသော်လည်း လိုအပ်လျှင် ဆန္ဒပြသူများအား လူစုခွဲရန်အတွက် ရဲနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမှတ် (၁) စစ်တိုင်း တပ်မှူး ဒု-ဗိုလ်ချုပ်ကြီး ကာနစ်က ပြောသည်။

ဝန်ကြီးချုပ် အာဘီဆစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးနာလန်ထူအောင်လုပ်မည့် အစိုးရဖြစ်စေရမည်ဟု ကတိပေးသော်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ၂၀၀၉ ခုတွင် (၀) ရာခိုင်နှုန်းနှင့် (၂) ရာခိုင်နှုန်းကြားသာရှိမည်ဟု ဘဏ္ဍာရေးဝန်ကြီး ကွန်း ချတ်တီကာဗန်းနစ်က မှန်းထားသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */