နစက သတင်းပေး တဦး မောင်တောတွင် သတ်ဖြတ်ခံရ
12/6/2008
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် နစက သတင်းပေး တဦးအား ထမင်းစားဖိတ်င်္ပြီး သစ်မှောင်ခို လုပ်သူများမှ အင်္ဂါနေ့က ခေါင်းဖြတ် သတ်လိုက်ကြောင်း သတင်းရရှိသည်။
သတ်ဖြတ်ခံရသူမှာ မောင်တောမြို့နယ် ဘဂုဏကျေးရွာမှ ဦးမာမတ် တူးဆောင်း၏သား ကာဒီဖြစ်ပြီး နစက သတင်းပေး တဦး ဖြစ်ကြောင်း သိရသည်။
သူ့အား သစ်မှောင်ခိုလုပ်သူ လူ ၇ ဦးက ဘဂုဏကျေးရွာ အနီးတွင် တည်ရှိသော တောင်ရွာသို့ ထမင်းစားဖိတ်ပြီး အဆိုပါနေ့
ညနေ ၉ နာရီတွင် ခေါင်းဖြတ် သတ်လိုက်ခြင်း ဖြစ်သည်။
မောင်တောမြို့ မြို့မ ရဲစခန်းမှ အဆိုပါ သတ်ဖြတ်ခံရမှုကို အတည်ပြုပြောကြားသော်လည်း သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီး တစုံတရာ ကောက်ချက်ချ ပြောဆိုခြင်း မရှိပေ။
ကာဒီမှာ နစက ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ကြီး၏ အတွင်း လူယုံဖြစ်ပြီး နစက စခန်းတွင် နေထိုင်သူ တဦးလည်း ဖြစ်သည်ဟု သိရသည်။
သူ့အနေဖြင့် ဒေသအတွင်း သတင်းများကို ရယူပြီး နစကသို့ သတင်းပေးပို့နေသဖြင့် မူဆလင်ဘာသာဝင်များ အကြား သူ့ကို မုန်းတီးနေသူများ ရှိကြောင်း သတင်းတရပ်က ဖေါ်ပြသည်။
ယခု သူ့အား သတ်ဖြတ်သူ သစ်မှောင်ခိုသမားများ အနေဖြင့်လည်း ကာဒီ၏ နစကနှင့်ပေါင်းပြီး အနိုင်ကျင့်နေမှုကို နာကျည်းနေသူများ ဖြစ်သည်ဟု သိရသည်။
ကာဒီအား သတ်ဖြတ်သူများမှာ သူ့အား သတ်ဖြတ်ပြီး ရှောင်ပုန်းသွားသဖြင့် တစုံတဦးကိုမှ ယခုအချိန်ထိ ဖမ်းဆီး ရရှိမိခြင်း မရှိသေးကြောင်း မောင်တောရဲကပြောသည်။
Tuesday, December 09, 2008
ကောင်းလိုက်တာ နဲတောင်နဲသေးတယ်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment