“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, December 20, 2008

နိုင်ငံတော်ကသင်ပေးခဲ့တဲ့ ပညာတွေက အသက်ကယ်ဖို့ မဟုတ်ဘူးနဲ့တူတယ်

ဒေါက်တာပေါက်တူးတို့ ဒေါက်တာ အလောင်းစီသူတို့ ဆိုတာ ဒါမျိုးပေါ့


တောင်ဥက္ကလာမှ အောင်ရတနာဆေးခန်း၏ တာဝန်မဲ့မှုနှင့် လူ့အသက်တစ်ချောင်းဆုံးရှုံးခဲ့


Dec 18 08
မြန်မာနိုင်ငံမှ ပြည်သူပြည်သားများ ဆေးရုံ၊ဆေးခန်းများတက်ရာတွင် ထိုကဲ့သို့သော ဆေးခန်းမျိုးကို ရှောင်ရှားနိုင်ရန် ဖော်ပြလိုက်ပါသည်။
ရန်ကုန်မြို့တောင်ဥက္ကလာမှ အောင်ရတနာ အထူးကု ဆေခန်းသည် ဆက်ဆံရေး အလွန်ညံ့ဖျင်းပြီး လူနာများအပေါ် ဂရုစိုက်ရာတွင် လူနာ၏အသက်အား ပေါ့ပေါ့တန်တန် ပြုမူဆက်ဆံတတ်၏။ ကွယ်လွန်သူ မဆုမြတ်နှင်း(အသက်၁၇နှစ်) အုပ်ထိန်းသူများပြောပြချက်အရ ငါးရိုးဆူးရာ အောင်ရတနာဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး ထိုဆေးခန်းရှိတာဝန်ကျ

ဆရာဝန်(အမည်မဖော်မပြလိုပါ) မှ ပေါ့ပေါ့တန်တန်ပင် ကိစ္စမရှိပါဘူး၊ကောင်းသွားမှာပါဟု ပြောကြားပြီး ကုသမှုမပေးပဲ လူနာအား ဟန်ဆောင်နေသည်ဟုပင် ပြောကြားလိုက်ပြီး နေအိမ်သို့ပြန်လွှတ်လိုက်သည်။ သို့သော် လူနာမှာ သက်သာမှုမရှိပဲ ဝေဒနာပိုမိုပြင်းထန်လာပြီး သွေးအန်သည်အထိဖြစ်လာခဲ့သည်။ အောင်ရတနာဆေးခန်းသို့ နှစ်ပတ်မျှ သွားရောက်ပြန်လည်ကုသသောအခါ ယင်းဆေးခန်းတွင် ပင် အပြင်လူနာ အဖြစ်တက်ရောက်ကုသမှုခံယူခိုင်းပြီး မည်သည့်ထိရောက်သော ကုသမှုမျိုးမှမပေးခဲ့ပေ။ ၅ရက်ခန့် အပြင်လူနာအဖြစ် ငွေကုန်ကြေးကျခံပြီး ကုသသော်လည်း အရိုးဆူးသော ဝေဒနာမှာ ပိုမိုဆိုးရွားလာခဲ့ရာ အုပ်ထိန်းသူများက ဆရာဝန်အား ထိရောက်စွာ ကုသမှုပေးရန် တောင်းခံခဲ့သည်။ သို့သော် ယင်းဆရာဝန်မှာ လူနာအနိစ္စရောက်နိုင်ရာ အောင်ရတနာဆေးခန်းနာမည်ပျက်မည်ဆိုးသောကြောင့် ဆက်လက်တက်ရောက်ခွင့်မပေးပဲ ရန်ကုန်ဆေးရုံကြီးသို့သွားရောက်ရန် နှင်လွှတ်ခဲ့သည်။
ရန်ကုန်ဆေးရုံကြီးသို့ရောက်သောအခါ ဝေဒနာရှင် မဆုမြတ်နှင်းမှာ ဇီဝိန် ချုပ်ငြိမ်းသွားခဲ့ရသည်။ ထို့ကြောင့် ယင်းကဲ့သို့သော အသပြာအဓိကသာထားပြီး လူနာကို ဂရုမစိုက်ဆေးခန်းမျိုးတွင် နောင်လာနောင်သားများ အမှားမတွေ့စေလိုသဖြင့် ကာယကံရှင်၏အုပ်ထိန်းသူများမှ ပြောကြားသွားကြောင်း သတင်းရရှိပါသည်။

1 comments:

Than Htaik Win said...

The son of the MD of this clinic recently married to the daughter of Construction Minister, Saw Tun. This guy is a refugee in US.

 
----------------------------------------- */ /* EOT ----------------------------------------- */