ကမ္ဘာ့ စီးပွားရေး ပြဿနာများ မြန်မာ ပညာရှင်များ ၀ိုင်းဖွဲ့ ဆွေးနွေးမည်
20/Dec/2008
ကမ္ဘာ့နှင့်အ၀န်းဖြစ်ပေါ်နေသော စီးပွားရေးဆိုင်ရာပြဿနာများအပေါ် မြန်မာနိုင်ငံမှ စီးပွားရေးဆိုင်ရာ
ကျွမ်းကျင်သူပညာရှင်များဝိုင်းဖွဲ့ဆွေးနွေးမည့်အစီအစဉ်(Panel Discussion)တစ်ခုကိုလာမည့်၂၀၀၉ခုနှစ်ဇန်န၀ါရီ
လ ၁၀ရက်နေ့တွင် မြန်မာနိုင်ငံငါလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းရန်စီစဉ်လျက်ရှိကြောင်းယင်းအဖွဲ့ချုပ်၏ပညာရပ်ဆိုင်ရာ
ဟောပြောပွဲများကို တာဝန်ယူစီစဉ်ပေးနေသည့် ဒုတိယဥက္ကဋ္ဌဦးလှမောင်ရွှေကပြောကြားသည်။ အဆိုပါ အလုပ်ရုံ
ဆွေးနွေးပွဲကို မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏(၁၀)နှစ်ပြည့်နှစ်ပတ်လည်နှင့်အဖွဲ့ချုပ်တွင်ကျင်းပခဲ့သည့်ပညာရပ်
ဆိုင်ရာဟောပြောပွဲများ၏ သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ်ယခင်ဟောပြောခဲ့သော (Speaker) များက စုစည်း၍
ဝိုင်းဖွဲ့ဆွေးနွေးပွဲကျင်းပရန် စီစဉ်ခြင်းဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့စီးပွားရေးဆိုင်ရာ ပြဿနာများနှင့်ပတ်
သက်၍(Panel Discussion) ပုံစံဝိုင်းဖွဲ့ဆွေးနွေးကြမည် ဟုလည်း ၄င်းကဆက်လက်ပြောကြားသည်။ အဆိုပါဝိုင်း
ဖွဲ့ဆွေးနွေးပွဲတွင် ဆွေးနွေးပွဲအကြောင်းအရာကို ထိန်းညှိပေးမည့် ဦးဆောင်ဆွေးနွေးသူ(Keynote Speaker) အ
ဖြစ် Living Colour Mediaမှအမှုဆောင်အရာရှိချုပ်ဒေါက်တာနေ၀င်းမောင်ကလည်းကောင်း၊ Panelist၀ိုင်းဖွဲ့ဆွေး
နွေးသူများအဖြစ် စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်းဒေါက်တာဦးမြင့်၊ကမ္ဘာ့စီးပွားရေးဂျာနယ်အယ်ဒီတာချုပ်
ခင်မောင်ညို(ဘောဂဗေဒ)၊ ဒေါက်တာစိန်မောင်၊ ဦးတင်မောင်သန်းနှင့် သုတေသီကိုကိုလှိုင်တို့ ပါဝင်ရန်ရှိကြောင်း
ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းများရရှိသည်။ နိုင်ငံတကာတွင် ယခုကဲ့သို့ပညာရှင်များ အုပ်စုအဖွဲ့ ဆွေးနွေးခြင်း မှာ
လွန်စွာရေပန်းစားလျက်ရှိပြီး အကြောင်းအရာ တစ်ခုသည် ငြင်းခုံဖွယ်ရာဖြစ်ပါက ပိုမို စိတ်ဝင်စားဖွယ်ရာ ကောင်း
ကြောင်း နိုင်ငံတကာအုပ်စုဖွဲ့ ဆွေးနွေးပွဲများတွင် ဆွေးနွေးပွဲအပြီး တက်ရောက် သူများထဲမှ မေးမြန်းသူများဖြင့်
ပြည့်နှက်လျက်ရှိကြောင်းလည်း မြန်မာ့စီးပွားရေး ပညာရှင် တစ်ဦးကပြောကြားသည်။ ယခု ကျင်းပမည့် Panel
Discussion သည် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တွင်တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး စိတ်ပါဝင်စား
သူမည်သူမဆို တက်ရောက်နိုင်ကြောင်း၂၀၀၈ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြ
ထားပါသည်။
Sunday, December 21, 2008
ကိုယ့်စီးပွားရေးသာ အရင် တိုးတက်အောင် လုပ်ကြပါအုံးလို့ဘဲပြောခြင်ပါတယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment