အပစ်ရပ် SSA ဥက္ကဋ္ဌ နှစ်ပတ်အတွင်း စည်းရုံးရေးခရီးထွက်ရန် တိုင်းမှူးညွန်ကြား
Thursday, 05 August 2010 11:31 သျှမ်းသံတော်ဆင့်
နအဖ၏ ပြည်သူ့စစ်ဖွဲ့စည်းရေး လက်ခံထားသည့် အပစ်ရပ် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဦးလွယ်မောင်း အား အသွင်ပြောင်းရေးလက်မခံသော တပ်မဟာ ၁ ဋ္ဌာနချုပ်သို့ရက်သတ္တနှစ်ပတ် အတွင်းသွားရောက် စည်းရုံးသိမ်းသွင်းရန် ရမခတိုင်းမှူးက ဂျူလိုင် ၂၇ ရက်နေ့၌ ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။
ပြည်သူ့စစ်ဖွဲ့စည်းရေး ငြင်းဆန်နေသော တပ်မဟာ ၁ မှူး ဗိုလ်ချုပ်ပန်ဖအား လက်ခံလာသည်အထိ မရမနေစည်းရုံးရန် ဦးလွယ်မောင်းအား တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က လားရှိုးမြို့ (ရမခ) စစ်တိုင်းရုံးသို့ ခေါ်ယူပြောကြားခြင်း ဖြစ်ကြောင်း ၄င်းအဖွဲ့ နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ထိုသို့ ညွန်ကြားထားသည့် တိုင်အောင် ဦးလွယ်မောင်း အနေဖြင့် တပ်မဟာ ၁ ဋ္ဌာနချုပ်ရှိရာ ၀မ့်ဟိုင်း စခန်းသို့ ယနေ့အထိ ထွက်ခွာခြင်း မရှိသေးကြောင်း သိရသည်။
“တပ်မဟာ ၁ ကို ဦးလွယ်မောင်း နှစ်ပတ်အတွင်းသွားရမယ် ဦးပန်ဖကို မရမချင်း စည်းရုံးရမယ်ဆိုပြီးညွန်ကြားထား တယ်။ ဒီနေ့အထိ တော့မသွားသေးဘူး၊ သူ့အနေနဲ့သွားစည်းရုံးလဲ မရနိုင်မှန်းသိလို့ မသွားတာဖြစ်မယ်၊ ဦးပန်ဖကလည်း သေရင်သေပါစေတော့ နအဖခိုင်းတဲ့ ပြည်သူ့စစ်တော့မလုပ်နိုင်ဘူးလို့ ပြောထားပြီးပြီပဲ” - ဟု နီးစပ်သူကဆိုသည်။
ယခင်ကလည်း ဦးပန်ဖအား လားရိုးမြို့သို့ ခေါ်ယူရန်ကိစ္စ ဦးလွယ်မောင်းအား တိုင်းမှူး အကြိမ်ကြိမ် ပြောကြားခဲ့ သော်လည်း ယနေ့အထိ မဆောင်ရွက်နိုင်သည့် အပေါ်ယခုကဲ့သို့ ရက်သတ်မှတ် ညွှန်ကြားခြင်း ဖြစ်ဖွယ်ရှိကြောင်း သူကဆက်ပြောသည်။
ယခုနှစ်ဧပြီလကုန်ပိုင်းက ပြည်သူ့စစ်အသွင်ပြောင်းဖွဲ့စည်းရေး အဆိုကို သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဦး လွယ်မောင်း အပါအ၀င် လက်အောက်ခံ တပ်မဟာ ၇ နှင့် ၃ တို့က လက်ခံခဲ့ပြီး အင်အားအတောင့်တင်းဆုံး တပ်မဟာ ၁ က ငြင်းဆန်ခဲ့သည်။
ယင်းအဆိုကို ငြင်းဆန်နေသည့် ကျေးသီးမြို့နယ် ၀မ့်ဟိုင်းစခန်း အခြေစိုက် တပ်မဟာ ၁ တပ်ဖွဲ့တွင် လက်နက်ကိုင် အင်အား ၄ ထောင် ခန့်ရှိကြောင်း သိရသည်။
တပ်မဟာ ၁ အပေါ်ဖိအားပေးသည့် အနေဖြင့် တပ်မဟာ ၁ လှုပ်ရှားရာ သျှမ်းပြည် (တောင်ပိုင်း) မိုင်းရှုးမြို့နယ်နှင့် ကျေးသီးမြို့နယ် ၀မ့်ဟိုင်းဒေသတစ်ဝိုက်သို့ နအဖစစ်တပ်များ အစောပိုင်းကတည်းက ပို့ဆောင်ခဲ့ရာမိုင်းရှုး ကျောက်တွင်းလုံခြုံရေး ယူထားသော တပ်မဟာ ၁ တပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရကြောင်းသိရသည်။Rest of your post
Thursday, August 05, 2010
No ပါ ဆိုနေမှ.....
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment