“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, August 06, 2010

စစ်သားက အိုင်အယ်လ်အိုကို တိုင်ကြား

စိုးမိုး / ၀၅ သြဂုတ် ၂၀၁၀
ခရီးသွားရင်း စစ်တပ်က အဓမ္မအနိုင်ကျင့် ရိုက်နှက်ကာ စစ်သားအဖြစ် စုဆောင်းခံရကြောင်း အမှတ် (၈) ရွှေဘိုလေ့ကျင့်ရေးတပ်မှ တပ်သားတဦးက အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ (အိုင်အယ်လ်အို) သို့ ယနေ့ တိုင်ကြားလိုက်သည်။

အသက် (၃၄) နှစ်ရှိ တပ်သား ကိုဝင်းသန်းက ၎င်းခရီးသွားနေစဉ် စစ်တပ်က ရိုက်နှက်ဖမ်းဆီးပြီး စစ်သားလေ့ကျင့်ရေး တပ်တွင်း ပို့ဆောင်ခံရသည့်အတွက် အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် အိုင်အယ်လ်အိုသို့ ၎င်း၏မိသားစုမှတဆင့် တိုင်ကြားခြင်း ဖြစ်သည်။

“သူက ကလေးစစ်သားတော့ မဟုတ်ဘူးပေါ့။ အသက် (၃၄) နှစ်ဆိုတော့။ ဒါပေမယ့် အဓမ္မ စစ်သားစုဆောင်း ခံရတာဆိုတော့ အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ တိုင်လို့ရတယ်။ အခုပဲ အိုင်အယ်လ်အိုကို တိုင်စာ ပို့လိုက်ပါပြီ” ဟု ကလေးစစ်သားနှင့် အဓမ္မလုပ်အားပေးကိစ္စ ဆောင်ရွက်နေသည့် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေဦးအေးမြင့်က ပြောကြားသည်။

မကွေးတိုင်း ဒိုက်ဦးမြို့နယ်မှ ကလေး (၂) ယောက်အဖေ ကိုဝင်းသန်းက မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ အစ်မဖြစ်သူထံ အသွား ကျောက်ဆည် ဘူတာတွင် တပ်မ (၄၄) စစ်သား စုဆောင်းရေးတပ်မှ စစ်သားများက ၀ိုင်းဝန်းရိုက်နှက်ပြီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ကိုဝင်းသန်း မိသားစုက ပြောသည်။

“အဆက်အသွယ် ပြတ်သွားတာ (၂) လောက်ကြာတာပေါ့။ နောက်မှ တပ်က ထွက်လာတဲ့ တယောက်နဲ့ သူက မှာလိုက်တာ။ သူ အမှတ် (၈) ရွှေဘို စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရောက်နေတယ် ဆိုတော့မှ သူ့ကို သွားတွေ့ရတာ” ဟု ကိုဝင်းသန်း၏ မိခင်က ဆိုသည်။

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များနှင့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ မအောင်မြင်သည့်အပြင် လက်ရှိ ကေအန်ယူနှင့် တိုက်ပွဲများဖြစ်နေသည့် စစ်အစိုးရစစ်တပ်က အသက်မပြည့်သေးသည့် ကလေးစစ်သား စုဆောင်းမှုများအပြင် ယခုအခါ အသက်ပြည့်ပြီး လူလတ်ပိုင်း ခရီးသွားများကိုပါ အဓမ္မ ရိုက်နှက်ခေါ်ဆောင်ကာ စစ်သားစုဆောင်းလာခြင်းဖြစ်သည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */