“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, August 11, 2010

ပါတီဝင်များ ကိုယ်ရေးအချက်အလက်နအဖ ကောက်ယူ

စိုးမိုး / ၁၁ သြဂုတ် ၂၀၁၀
ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသည့် နိုင်ငံရေးပါတီတို့မှ ပါတီဝင်များကို စစ်အစိုးရ ထောက်လှမ်းရေးတပ်ဖွဲ့က တအိမ်တက်ဆင်း ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းများ ဆောင်ရွက်နေကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ သိရသည်။

“ရွေးကောက်ပွဲကော်မရှင်ကို ပါတီဝင် (၁,၀၀၀) ပို့ထားရတယ်လေ။ အဲဒီ ပါတီဝင်အဖြစ် ပို့ထားတဲ့ လူစာရင်းကို အခု ရွေးကောက်ပွဲ ကော်မရှင်ကနေ ထောက်လှမ်းရေးတွေကို ပေးလိုက်တယ်။ အဲတော့ ထောက်လှမ်းရေးတွေက ဘာလုပ်လဲ ဆိုတော့ ကျနော်တို့ ပါတီဝင်တွေကို သူတို့က တအိမ်တက်ဆင်း လိုက်ပြီးတော့ ကိုယ်ရေးရာဇ၀င်တွေ တောင်းတယ်၊ ဓာတ်ပုံတွေ ရိုက်တယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ယခုကဲ့သို့ စစ်အစိုးရက ကိုယ်ရေးအချက်အလက်များ ကောက်ယူနေမှုကြောင့် ပါတီဝင်အချို့ စိတ်အနှောင့်အယှက် ဖြစ်နေပြီး နောက်ထပ်အခြားပါတီများသို့ ၀င်ရောက်မည့်သူများလည်း ကြောက်လန့်နေကြောင်း စုံစမ်းသိရသည်။

“အလိုလိုကမှ ထောက်လှမ်းရေးတွေနဲ့ ဆက်ဆံရမှာ မကြိုက်ကြဘူး၊ ကြောက်နေတာပေါ့နော်။ အခုလို ၀င်ပြီးတော့ ပါတီဝင် တယောက် တယောက်ဆီကို ဒီလို သွားတွေ့တယ်ဆိုတော့ လူတွေက တခါတည်း လန့်နေတာပေါ့။ အဲဒါတွေက ခြိမ်းခြောက်မှုတခုလို့ပဲ ကျနော်တို့ ယူဆတယ်” ဟု ဦးသုဝေက ပြောကြားသည်။

နိုင်ငံရေးပါတီများသည် မှတ်ပုံတင်ခွင့်ရပြီး ရက်ပေါင်း (၉၀) အတွင်း နိုင်ငံတ၀န်း ယှဉ်ပြိုင်မည့်ပါတီက ပါတီဝင်အင်အား (၁,၀၀၀) နှင့် ပြည်နယ် တိုင်းဒေသကြီး ကိုယ်စားပြုပါတီက ပါတီဝင်အင်အား (၅၀၀) ကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြကြရခြင်းဖြစ်သည်။

ယင်းသို့ ပါတီဝင်အင်အား တင်ပြချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီဝင်များ အစစ်အမှန် ဟုတ်မဟုတ် လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်။

စစ်အစိုးရ စစ်တပ်၊ ရဲတပ်ဖွဲ့တို့နှင့် မပတ်သက်လိုသည့် မြန်မာလူထုကို ယခုကဲ့သို့ ထောက်လှမ်းရေးအဖွဲ့များက လိုက်လံစုံစမ်းနေခြင်းကြောင့် နိုင်ငံရေးပါတီများသည် ပါတီဝင်စုဆောင်းရာတွင် အခက်အခဲ ထပ်မံကြုံတွေ့နေကြသည်ဟု သိရသည်။

“ကျနော်တို့ အမြင်ကတော့ ဒီလို လိုက်မေးခြင်းအားဖြင့် ပါတီဝင်တွေက ကြောက်သွားတဲ့အခါ ကျနော်တို့ နိုင်ငံရေးပါတီထဲ မပါတော့ဘူး၊ ဘာဘူး ဖြစ်ပြီးတော့ ပါတီဝင် အင်အားတွေ ယုတ်သွား။ အဲလို ပါတီဝင်အင်အားတွေ လျှော့သွားတော့ သူတို့ဆီ တင်ထားတဲ့ ပါတီဝင် (၁,၀၀၀) မပြည့်ဘူး။ (၁,၀၀၀) မပြည့်ရင် ဒီဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိတယ်၊ ပါတီအဖြစ်က ဖျက်သိမ်းမယ်၊ အဲဒီလောက် ဖြစ်ချင်လည်း ဖြစ်မှာပေါ့ ” ဟု ဦးသုဝေက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေး ပါတီပေါင်း (၄၆) ခုမှ ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည်။ ယနေ့အထိ မှတ်ပုံတင်ခွင့်ရပါတီ (၄၀) မှ (၁၃) ပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားများ တင်ပြထားပြီးဖြစ်သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */