“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, August 03, 2010

ဇွတ် ကျော်သူ



ဓာတ်ပုံသတင်း
သြဂုတ် ၃၊ ၂၀၁၀ တနင်္ဂနွေနေ့က နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ သြဂုတ်လ လပတ် အစည်းအဝေး ကျင်းပနေပုံ။ အစည်းအဝေးတွင် ဦးကျော်သူက မိမိတို့ ဆန္ဒနှင့် “ဇွတ်” ၀င်ရောက်ပြီး လုပ်အားပေးကြသူများသည် အသင်း၏ စည်းကမ်း၊ တာဝန်ယူ ပေးဆပ်ရမည့် လုပ်ငန်းစဉ်များကို တိကျစွာ ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အသင်းက တာဝန် “ဇွတ်” ပေးရမည် ဖြစ်ကြောင်း၊ အကယ်၍ တာဝန်ပျက်ကွက်ပါက “ဇွတ်” ထုတ်ပစ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
အသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ တွဲဖက် အတွင်းရေးမှူး ဦးဇင်ထွန်းအောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့က အသင်း၏ ရှေ့ဆက်လုပ် ဆောင်ပေးဆပ်ရမည့် လုပ်ငန်းစဉ်များ၊ အသင်းသူ/သားများ လိုက်နာရမည့် စည်းကမ်းများနှင့် သီလလုံရန် ကိစ္စရပ်များကို ပြောကြားခဲ့သည်။ အသင်းသူ/သားများက တွေ့ကြုံ ရင်ဆိုင်ရသည့် အခက်အခဲများကို တင်ပြခဲ့သည်။ ဦးကျော်သူက မိမိတို့ အသင်းတွင် အသင်းသူ/သား အင်အား (၃၀၀) ကျော်ရှိကြောင်း၊ သို့သော် လူများပြီး ပွဲမစည်သော အသင်းအဖွဲ့ကို ညွှန်ပြပါဟု ဆိုပါက မိမိတို့ အသင်းပင် ဖြစ်ကြောင်း၊ အချို့သော သူတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းဝင် တစ်ယောက် ဖြစ်ခြင်းကို မိမိတို့ နေထိုင်ရာ ရပ်ကွက်၊ မြို့နယ်များတွင် ဂုဏ်ယူ ၀င့်ကြွားနေကြကြောင်း၊ မိမိတို့ တာဝန် ကျသည့် လုပ်အားပေး ရမည့် နေ့ရက်၊ အစည်းအဝေး တက်ရောက်ရမည့် နေ့ရက်များတွင် လာရောက်ကြောင်း လက်မှတ် ရေးထိုးပြီး ပြန်လည်၍ ထွက်ခွာသွားကြောင်း၊ မိမိတို့အသင်းသည် မည်သူ တစ်ဦး တစ်ယောက်ကိုမှ အသင်းဝင် အသင်းသား ဖြစ်ရန် စည်းရုံးခြင်း၊ တိုက်တွန်းခြင်း၊ မဲဆွယ်ခြင်း မပြုလုပ်ကြောင်း၊ မိမိတို့ စိတ်ဆန္ဒအရ လာရောက်၍ လူမှုရေး လုပ်အားပေးကြကြောင်း၊ ထို့ကြောင့် အသင်းသား အသင်းဝင် လူမှုရေး သမား ဖြစ်သွားပါက အသင်းက ချမှတ်ထားသော လူမှုရေး စည်းကမ်းချက်များကို လိုက်နာ ရမည် ဖြစ်ကြောင်း၊ မိမိတို့ လုပ်အားပေးနိုင်မည့် နေ့ရက်များကို မိမိတို့ ဆန္ဒ အလျှောက် ရွေးချယ် ထားသည့် အလျောက် ထို့နေ့ရက်များတွင် မှန်မှန်ကန်ကန် လာရောက် လုပ်အားပေးမှုများကို ပြုလုပ် ရမည် ဖြစ်ကြောင်း၊ စည်းမျဉ်း စည်းကမ်းများ ပေါ်ပေါက်လာရခြင်းသည် လူသားတို့၏ အကျင့် စာရိတ္တနှင့် သီလများ ချိုးဖောက်မှုကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။ လူမှုရေးအသင်းဟု ဆိုရာ၌ … အသင်းသည် မိမိအတွက် မဖြစ်စေရ မိမိကသာလျှင် အသင်းအတွက် ဖြစ်စေရမည်။ လူမှုရေးအသင်းအဖွဲ့၌ လူမှုရေးဖောက်ပြန်မှုဟာ အယုတ်ညံ့ဆုံး အဆိုးဝါးဆုံး ပေးဆပ်မှုပဲဟု ကျော်သူက ဆိုသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */